[Zawgyi]

ကုိရီးယားအေျခစုိက္ကုမၸဏီ Samsung ဟာ လာမယ့္ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔မွာ Galaxy S10 ဖုန္းေတြကို ထုတ္ျပသြားဖို႔ တရားဝင္ေၾကျငာခဲ့ၿပီးသားပါ။ အခုထပ္မံၿပီး သူတုိ႔ရဲ႕ Foldable ဖုန္းအသစ္ Galaxy F ကိုလည္း အဆုိပါမိတ္ဆက္ပြဲမွာ ျပသသြားမွာျဖစ္ေၾကာင္း တရားဝင္ အတည္ျပဳလုိက္ပါၿပီ။

ပဲရစ္ၿမိဳ႕ရဲ႕ Place de la Concorde ရင္ျပင္အနီးတဝုိက္မွာ ခ်ိတ္ဆြဲထားတဲ့ ေဘဘုတ္ေတြကေန ဒီသတင္းကို ရရွိခဲ့တာျဖစ္ၿပီး ကုိရီးယားလို ခ်ိတ္ဆြဲထားခဲ့တာပါ။ သူတုိ႔ရဲ႕ အဓိပၸါယ္ကေတာ့ “အနာဂါတ္ကို ေျဖဖြင့္ျပျခင္း / The Future Unfolds” နဲ႔ “ေဖေဖာ္ဝါရီ ၂၀” လို႔ ဆုိပါတယ္။ ဒါကိုလည္း တျခားက ဘာသာျပန္တာ မဟုတ္ပါဘူး။ Samsung ရဲ႕ မီဒီယာထုတ္ျပန္ခ်က္ထဲမွာပဲ ပါဝင္လာခဲ့တာပါ။

ေခါက္ခ်ဳိးႏုိင္တဲ့ Foldable ဖုန္းေတြကို ၂၀၁၈ ထဲမွာ အၿပိဳင္အဆုိင္ ထုတ္လုပ္ခဲ့ၾကေပမယ့္ တကယ္တမ္း ေစ်းကြက္ထဲကိုေတာ့ ေမဂ်ာဖုန္းထုတ္လုပ္သူႀကီးေတြက မတင္ပို႔လာႏုိင္ခဲ့ပါဘူး။ ဒီအစား ႏွစ္ကုန္ခါနီးမွာ Samsung က သူတုိ႔ရဲ႕ Foldable (Galaxy F လို႔အမည္ေပးလာႏုိင္) စမတ္ဖုန္းကို စင္ေပၚမွာ မီးအေမွာင္ခ်ထားၿပီး အနည္းငယ္သာ ျပသခဲ့ပါတယ္။

CES ပြဲမွာလည္း ေရြးခ်ယ္ဖိတ္ၾကားထားသူေတြကိုသီးသန္႔ျပသခဲ့တယ္လို႔သိရေပမယ့္ အခ်က္အလက္ေတြ ေသခ်ာထြက္ေပၚမလာေသးပါဘူး။ Galaxy S10 Flagship လိုင္းအသစ္ကို ေဖာ္ထုတ္ျပသမယ့္ေန႔မွာပဲ Foldable ဖုန္းကို လုံးေစ့ပတ္ေစ့ ခ်ျပမယ့္အစီအစဥ္ကေတာ့ ေစာင့္ၾကည့္ေနသူေတြကို Flagship ဆီကေန အာရုံလႊဲသလို ျဖစ္လာမလား ၾကည့္ရဦးမွာပါ။ ဒီ Foldable ဖုန္းနဲ႔ပတ္သက္ၿပီး Galaxy F ဆုိတဲ့ အမည္ေတာင္ တရားဝင္ ဟုတ္မဟုတ္ မသိရေသးတာေၾကာင့္ ထုတ္ျပလာတဲ့ေန႔မွာ သိခ်င္စရာေတြ အမ်ားႀကီးျဖစ္ေနမွာပါ။

Ref – GSM Arena

[Unicode]

ကိုရီးယားအခြေစိုက်ကုမ္ပဏီ Samsung ဟာ လာမယ့်ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ Galaxy S10 ဖုန်းတွေကို ထုတ်ပြသွားဖို့ တရားဝင်ကြေငြာခဲ့ပြီးသားပါ။ အခုထပ်မံပြီး သူတို့ရဲ့ Foldable ဖုန်းအသစ် Galaxy F ကိုလည်း အဆိုပါမိတ်ဆက်ပွဲမှာ ပြသသွားမှာဖြစ်ကြောင်း တရားဝင် အတည်ပြုလိုက်ပါပြီ။

ပဲရစ်မြို့ရဲ့ Place de la Concorde ရင်ပြင်အနီးတဝိုက်မှာ ချိတ်ဆွဲထားတဲ့ ဘေဘုတ်တွေကနေ ဒီသတင်းကို ရရှိခဲ့တာဖြစ်ပြီး ကိုရီးယားလို ချိတ်ဆွဲထားခဲ့တာပါ။ သူတို့ရဲ့ အဓိပ္ပါယ်ကတော့ “အနာဂါတ်ကို ဖြေဖွင့်ပြခြင်း / The Future Unfolds” နဲ့ “ဖေဖော်ဝါရီ ၂၀” လို့ ဆိုပါတယ်။ ဒါကိုလည်း တခြားက ဘာသာပြန်တာ မဟုတ်ပါဘူး။ Samsung ရဲ့ မီဒီယာထုတ်ပြန်ချက်ထဲမှာပဲ ပါဝင်လာခဲ့တာပါ။

ခေါက်ချိုးနိုင်တဲ့ Foldable ဖုန်းတွေကို ၂၀၁၈ ထဲမှာ အပြိုင်အဆိုင် ထုတ်လုပ်ခဲ့ကြပေမယ့် တကယ်တမ်း ဈေးကွက်ထဲကိုတော့ မေဂျာဖုန်းထုတ်လုပ်သူကြီးတွေက မတင်ပို့လာနိုင်ခဲ့ပါဘူး။ ဒီအစား နှစ်ကုန်ခါနီးမှာ Samsung က သူတို့ရဲ့ Foldable (Galaxy F လို့အမည်ပေးလာနိုင်) စမတ်ဖုန်းကို စင်ပေါ်မှာ မီးအမှောင်ချထားပြီး အနည်းငယ်သာ ပြသခဲ့ပါတယ်။

CES ပွဲမှာလည်း ရွေးချယ်ဖိတ်ကြားထားသူတွေကိုသီးသန့်ပြသခဲ့တယ်လို့သိရပေမယ့် အချက်အလက်တွေ သေချာထွက်ပေါ်မလာသေးပါဘူး။ Galaxy S10 Flagship လိုင်းအသစ်ကို ဖော်ထုတ်ပြသမယ့်နေ့မှာပဲ Foldable ဖုန်းကို လုံးစေ့ပတ်စေ့ ချပြမယ့်အစီအစဉ်ကတော့ စောင့်ကြည့်နေသူတွေကို Flagship ဆီကနေ အာရုံလွှဲသလို ဖြစ်လာမလား ကြည့်ရဦးမှာပါ။ ဒီ Foldable ဖုန်းနဲ့ပတ်သက်ပြီး Galaxy F ဆိုတဲ့ အမည်တောင် တရားဝင် ဟုတ်မဟုတ် မသိရသေးတာကြောင့် ထုတ်ပြလာတဲ့နေ့မှာ သိချင်စရာတွေ အများကြီးဖြစ်နေမှာပါ။

Ref – GSM Arena