Samsung က Galaxy Note 9 စမတ်ဖုန်းကို လာမယ့် သြဂုတ်လမှာ မိတ်ဆက်သွားမယ်ဆိုတာက သေချာသလောက်ဖြစ်နေပါပြီ။ ဒါပေမယ့် Samsung က အခု Galaxy Note 9 အပြင် နောက်ထပ် Product တစ်ခုကိုပါ မိတ်ဆက်သွားတော့မယ့်ပုံပါပဲ။

အခု Product အသစ်ကတော့ Samsung ရဲ့ Smartwatch အသစ်ဖြစ်လာမယ့် Gear S4 Smartwatch ပဲဖြစ်ပါတယ်။ Samsung ဟာ Gear Smartwatch တွေကို ထုတ်လုပ်လာတာကြာပြီဲဖြစ်ပေမယ့် အခု Gear S4 Smartwatch မှာတော့ နည်းပညာအသစ်ပါဝင်လာမှာဖြစ်ပါတယ်။

အခုနည်းပညာအသစ်ကတော့ Panel Level Packaging (PLP) ဖြစ်ပြီးတော့ အခုနည်းပညာကြောင့် Gear S4 ရဲ့ Chip တွေကို Board ပေါ်မှာ ပိုပြီး တည်ဆောက်လာမှာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Motherboard တစ်ခုထဲမှာ Hardware တွေအများအပြားကို ထည့်သွင်းနိုင်မှာဖြစ်ပြီးတော့ ထုတ်လုပ်တဲ့ကုန်ကျစရိတ်ကိုလည်း လျော့ချစေနိုင်မှာပါ။

အခုလိုမျိုး PLP နည်းပညာကို အသုံးပြုလာတဲ့အတွက် Samsung Gear S4 Smartwatch မှာ ပိုပြီး ကြီးမားတဲ့ Battery ကိုထည့်သွင်းလာမယ်ဆိုတာကိုပါ အတည်ပြုပြီးသားဖြစ်သွားပါတယ်။ လက်ရှိသိရတဲ့သတင်းတွေအရတော့ ယခု Gear S4 Smartwatch က Galaxy Note 9 စမတ်ဖုန်းနဲ့ အတူ လာမယ့် သြဂုတ်လမှာ ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။