ယခုခေတ်မှာ စမတ်ဖုန်းလို့ ဆိုလိုက်တာနဲ့ သာမန် ဖုန်းပြောဖို့ Message ပို့နိုင်တာတွေအပြင် အင်တာနက်ကိုလည်း အသုံးပြုနိုင်တဲ့ ဖုန်းတစ်ခုလို့ ပြေးမြင်မိကြမှာပါ။ ဒါပေမယ့် Android OS ကိုလည်း အသုံးပြုထားပြီး ၂၀၁၈ ခုနှစ်ထုတ် စမတ်ဖုန်းတစ်ခုက အင်တာနက် သုံးလို့မရဘူးဆိုတာကတော့ အနည်းငယ်ထူးဆန်းဖို့ကောင်းနေပါတယ်။

မှန်ပါတယ်။ Samsung က Budget စမတ်ဖုန်းဈေးကွက်ထဲကို အသစ်ထုတ်လုပ်လိုက်တဲ့ Samsung Galaxy J2 Pro စမတ်ဖုန်းဟာ အင်တာနက်အသုံးပြုနိုင်တဲ့ Function ကို ထည့်သွင်းပေးထားခြင်းမရှိဘူးပဲဖြစ်ပါတယ်။

Source : Samsung

Samsung ကတော့ အခု Galaxy J2 Pro စမတ်ဖုန်းဟာ သားသမီးတွေကို အင်တာနက်ပေးမသုံးစေချင်တဲ့ မိဘတွေအတွက် ဝယ်ပေးနိုင်အောင် ထုတ်ပေးထားခြင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဘာပဲပြောပြောဖုန်းဝယ်ပေးထားပြီး အင်တာနက်ပဲ သုံးနေတယ်ဆိုရင် ဒီ Samsung J2 Pro ဖုန်းက အံကိုက်ဖြစ်နေမှာပါ။

Samsung Galaxy J2 Pro ဖုန်းက 5″ qHD Resolution Screen ကို အသုံးပြုထားပြီးတော့ Quad Core CPU ၊ 1.5GB RAM နဲ့ Storage 16GB ပါဝင်မှာဖြစ်ပါတယ်။ ကင်မရာပိုင်းအနေနဲ့ကတော့ 8MP Back Camera နဲ့အတူ 5MP Fronte Selfie Camera ပါဝင်မှာဖြစ်ပါတယ်။ Fingerprint Scanner လည်း ပါဝင်တယ်လို့ သိရပါတယ်။

Source : Samsung

Samsung ကနေ အခု အင်တာနက်သုံးလို့မရတဲ့ Galaxy J2 Pro စမတ်ဖုန်းကို လောလောဆယ်မှာ တောင်ကိုးရီးယားနိုင်ငံမှာပဲရောင်းချသွားဦးဖြစ်ပြီး အခြားသောဈေးကွက်တွေမှာတော ဝယ်ယူလို့ရဦးမှာမဟုတ်ပါဘူး။ ဈေးနှုန်းအနေနဲ့တော့ ဒေါ်လာ ၁၉၀ ဝန်းကျင်နဲ့ ညီမျှတဲ့ ကိုရီးယား ဝမ်ငွေနဲ့ ရောင်းချနေတာပဲဖြစ်ပါတယ်။

ကဲ… အင်တာနက် သုံးလို့မရတဲ့ စမတ်ဖုန်းကို လိုချင်ကြတဲ့သူတွေရှိကြပါသလား