Samsung ကနေ ဒီနှစ်မှာတော့ Mid Range Galaxy J Series စမတ်ဖုန်းအသစ်တစ်မျိုးကို မိတ်ဆက်လာနိုင်ဖွယ်ရှိနေပါတယ်။ အဲ့ဒါကတော့ Samsung Galaxy J6 စမတ်ဖုန်းပဲဖြစ်ပါတယ်။ အခု Galaxy J6 မှာ ထူးခြားချက်ကတော့ Mid Range ဖုန်းဖြစ်ပေမယ့်လည်း Galaxy S9 ဖုန်းတွေလိုပဲ Full Screen Display ကို အသုံးပြုလာမှာဖြစ်ပါတယ်။

Source : PhoneArena

လက်ရှိအချိန်မျာ Samsung Galaxy J6 စမတ်ဖုန်းက FCC Website မှာ သတင်းတွေပေါက်ကြားလာခဲ့ပြီးတော့ Display ကို 5.6″ 18:9 Ratio Full Screen Display ကို အသုံးပြုလာမယ်လို့ သိရတာဖြစ်ပါတယ်။ ဒါပေမယ့် Screen အမျိုးအစားနဲ့ Resolution ကိုတော့ မသိရသေးပါဘူး။

Samsung Galaxy J6 စမတ်ဖုန်းဟာ ယခင်က Samsung Galaxy J7 တုန်းက အသုံးပြုထားခဲ့တဲ့ Exynos 7870 Processor ကိုပဲအသုံးပြုမှာဖြစ်ပြီးတော့ RAM 3GB ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ Android Version အနေနဲ့ကတော့ Android Oreo 8.0 ကို အသုံးပြုထားမှာဖြစ်ပါတယ်။

Source : PhoneArena

Samsung Galaxy J6 စမတ်ဖုန်းကို ယခုအချိန်မှာတော့ ရောင်းချမယ့်အချိန်ကို အတိအကျ မကြေငြာထားပေမယ့် လာမယ့် မေလထဲမှာ မိတ်ဆက်လာနိုင်ပါတယ်။