Samsung ကနေ လက်ရှိရောင်းအားကောင်းတဲ့ စမတ်ဖုန်းတစ်ခုဖြစ်တဲ့ Samsung Galaxy J7 Prime စမတ်ဖုန်းအစား Samsung Galaxy J7 Prime 2 စမတ်ဖုန်းကို ထုတ်ပေးလိုက်ပြီပဲဖြစ်ပါတယ်။ အခု Samsung Galaxy J7 Prime 2 စမတ်ဖုန်းဟာ သိသာတဲ့ပြောင်းလဲမှုတွေအပြင်ပိုင်းအရမရှိပေမယ့် အတွင်းပိုင်းမှာတော့ အဆင့်မြှင့်တင်ထားတာပဲဖြစ်ပါတယ်။

Samsung Galaxy J7 Prime 2 စမတ်ဖုန်း Samsung ရဲ့ Exynos 7 Series Octa Core Processor ကိုအသုံးပြုထားတာဖြစ်ပြီးတော့ RAM 3GB နဲ့ ROM 32GB ပါဝင်မှာဖြစ်ပါတယ်။

Camera ပိုင်းမှာတော့ 13MP Selfie Camera Sensor ကိုအဆင့်မြှင့်တင်ထားခဲ့ပြီးတော့ Back Camera အနေနဲ့ 13MP f1.9 Camera ပါဝင်မှာဖြစ်ပါတယ်။ Battery အနေနဲ့ကတော့ 3300mAh Battery ကို တပ်ဆင်ထားမှာဖြစ်ပါတယ်။

Samsung က အခုအနည်းငယ်ပြောင်းလဲထားတဲ့ Samsung Galaxy J7 Prime 2 စမတ်ဖုန်းကို ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၂၁၅ နဲ့ပဲ ရောင်းချသွားမှာဖြစ်ပါတယ်။