Samsung ကနေ မကြာမီအချိန်အတွင်းမှာ Samsung Galaxy J Series စမတ်ဖုန်းအသစ်တွေကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုအချိန်မှာ Samsung Galaxy J Series စမတ်ဖုန်းအသစ်တွေထဲကမှ အကောင်းဆုံးဖြစ်လာမယ့် Samsung Galaxy J8 (2018) စမတ်ဖုန်းနဲ့ ပတ်သတ်ပြီးနောက်ထပ် သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

Samsung Galaxy J8 စမတ်ဖုန်းဟာ အစောပိုင်းတုန်းက Exynos 7870 Processor ကို အသုံးပြုထားပြီးတော့ RAM အနေနဲ့ 3GB ပါဝင်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် အခုအချိန်မှာ Qualcomm Snapdragon 625 Processor ကို အသုံးပြုထားတဲ့ Samsung Galaxy J8 Version ကိုပါ Benchmarking Website တစ်ခုဖြစ်တဲ့ Geekbench မှာတွေ့ခဲ့ရတာဖြစ်ပါတယ်။

အခု Qualcomm Snapdragon 625 Processor နဲ့ Samsung Galaxy J8 ဖုန်းဟာ Samsung Galaxy J8 Plus ဖြစ်လာနိုင်ပြီး Model Number ကလည်း ယခင်က ထွက်ရှိထားတဲ့ Samsung Galaxy J8 လိုမျိုး SM0J800FN မဟုတ်ပဲ ပိုပြီးမြင့်တဲ့ SM-J805G ဖြစ်တယ်လို့ သိရပါတယ်။ အခု Qualcomm Snapdragon 625 အသုံးပြုထားတဲ့ Samsung Galaxy J8 Plus မှာလည်း ပိုမိုများပြားတဲ့ RAM 4GB ပါဝင်လာမယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း Samsung Galaxy J8 Plus စမတ်ဖုန်းဟာ Android Version 8.0 ကို အသုံးပြုလာမယ်ဆိုတာကလွဲပြီးတော့ အခြားသောအချက်အလက်တွေကိုတော့ သိရှိရခြင်းမရှိသေးပါဘူး။