[Zawgyi]

Samsung အေနနဲ႔ သူတို႔ရဲ႕ Galaxy M စီးရီးအသစ္ကို လာမယ့္ ဇန္နဝါရီလ ၂၈ရက္ေန႔မွာ မိတ္ဆက္ေပးသြားမယ္ဆိုတဲ့ အေၾကာင္းကို တရားဝင္ ေၾကညာထားၿပီး ျဖစ္ပါတယ္။ အဆိုပါ Galaxy M စီးရီးမွာ M10, M20 နဲ႔ M30 ဆိုၿပီး ေမာ္ဒယ္ ၃မ်ိဴး ထုတ္လုပ္ထားမွာျဖစ္ၿပီး ဒီေန႔ၾကားသိခဲ့ရတဲ့ သတင္းကေတာ့ Galaxy M20 ရဲ႕ အေၾကာင္းပဲ ျဖစ္ပါတယ္။

Galaxy M စီးရီးနဲ႔ ပတ္သတ္ၿပီး Samsung ကေန တရားဝင္ထုတ္ျပန္ထားတဲ့ ေၾကာ္ျငာပိုစတာေတြအရဆိုရင္ Galaxy M20 နဲ႔ M30 တို႔မွာ ဘက္ထရီပမာဏ 5000mAh အထိ ထည့္သြင္းထားႏိုင္ပါတယ္။ ဒါ့အျပင္ ပုံမွန္အားသြင္းစနစ္ထက္ ၃ဆပိုျမန္မယ့္ အျမန္အားသြင္းစနစ္ပါဝင္လာမွာျဖစ္ၿပီး USB Type-C Port ကို အသုံးျပဳထားႏိုင္ပါတယ္။

ပိုစတာေတြထဲမွာ ျမင္ေတြ႕ရတဲ့ ေက်ာဘက္ကင္မရာ ၂လုံးပါမယ့္ စမတ္ဖုန္းဟာ Galaxy M20 ျဖစ္ႏိုင္ၿပီး Main Camera နဲ႔ Ultra-wide Camera ကို တြဲဖက္ အသုံးျပဳထားတယ္လို႔ သိရပါတယ္။ Galaxy M20 ထက္ ေမာ္ဒယ္ျမင့္တဲ့ Galaxy M30 မွာ Triple-camera Setup ကို တပ္ဆင္ထားႏိုင္ၿပီး အနိမ့္ဆုံးေမာ္ဒယ္ Galaxy M10 မွာေတာ့ Camera တစ္လုံးတည္းပဲ တပ္ဆင္ထားႏိုင္ပါတယ္။ Display အပိုင္းမွာေတာ့ Waterdrop Notch လို႔ လူသိမ်ားတဲ့ Infinity-V Display ကို ေမာ္ဒယ္ ၃မ်ိဴးစလုံးမွာ အသုံးျပဳထားမွာ ျဖစ္ပါတယ္။

Galaxy M20 မွာ ၆.၃လက္မ မ်က္ႏွာျပင္ အက်ယ္ရွိ LCD Display ကို အသုံးျပဳထားမွာျဖစ္ၿပီး Resolution ကေတာ့ 1080 x 2340 pixels ရွိႏိုင္ပါတယ္။ 13MP (f/1.9) + 5MP (f/2.2) ကင္မရာေတြကို ေဒါင္လိုက္တပ္ဆင္ထားမွာျဖစ္ၿပီး 5MP Camera က Ultra-wide Sensor ျဖစ္တယ္လို႔ သိရပါတယ္။ လြန္ခဲ့တဲ့ ရက္ပိုင္းတုန္းက ေပါက္ၾကားထြက္ေပၚခဲ့တဲ့ Benchmarks ရမွတ္အရဆိုရင္ Galaxy M20 မွာ Exynos 7885 SoC ကို အသုံးျပဳထားတာျဖစ္ၿပီး RAM အေနနဲ႔ 3GB ပါဝင္တာ ေတြ႕ရပါတယ္။

အထက္ပါ အေၾကာင္းအရာေတြကေတာ့ Galaxy M20 နဲ႔ပတ္သတ္ၿပီး လက္ရွိၾကားသိထားရတဲ့ အခ်က္အလက္ေတြပဲ ျဖစ္ပါတယ္။ ေနာက္ထပ္ စိတ္ဝင္စားစရာေကာင္းတဲ့အရာကေတာ့ အဆိုပါ Galaxy M စီးရီးရဲ႕ အနိမ့္ဆုံး ေမာ္ဒယ္က အိႏၵိယေငြ ၁၀၀၀၀ ႐ူပီး (ျမန္မာေငြ ၂သိန္း ဝန္းက်င္) နဲ႔ အျမင့္ဆုံး ေမာ္ဒယ္က အိႏၵိယေငြ ၂၀၀၀၀ ႐ူပီး (ျမန္မာေငြ ၄သိန္း ဝန္းက်င္) ေလာက္သာ က်သင့္မယ္လို႔ သိရပါတယ္။

Ref : Sammobile

[Unicode]

ဘက်ထရီကြီးကြီး၊ ကင်မရာကြမ်းကြမ်းတွေနဲ့ ပွဲထွက်လာကြမယ့် Galaxy M စီးရီးများ

Samsung အနေနဲ့ သူတို့ရဲ့ Galaxy M စီးရီးအသစ်ကို လာမယ့် ဇန်နဝါရီလ ၂၈ရက်နေ့မှာ မိတ်ဆက်ပေးသွားမယ်ဆိုတဲ့ အကြောင်းကို တရားဝင် ကြေညာထားပြီး ဖြစ်ပါတယ်။ အဆိုပါ Galaxy M စီးရီးမှာ M10, M20 နဲ့ M30 ဆိုပြီး မော်ဒယ် ၃မျိူး ထုတ်လုပ်ထားမှာဖြစ်ပြီး ဒီနေ့ကြားသိခဲ့ရတဲ့ သတင်းကတော့ Galaxy M20 ရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

Galaxy M စီးရီးနဲ့ ပတ်သတ်ပြီး Samsung ကနေ တရားဝင်ထုတ်ပြန်ထားတဲ့ ကြော်ငြာပိုစတာတွေအရဆိုရင် Galaxy M20 နဲ့ M30 တို့မှာ ဘက်ထရီပမာဏ 5000mAh အထိ ထည့်သွင်းထားနိုင်ပါတယ်။ ဒါ့အပြင် ပုံမှန်အားသွင်းစနစ်ထက် ၃ဆပိုမြန်မယ့် အမြန်အားသွင်းစနစ်ပါဝင်လာမှာဖြစ်ပြီး USB Type-C Port ကို အသုံးပြုထားနိုင်ပါတယ်။

ပိုစတာတွေထဲမှာ မြင်တွေ့ရတဲ့ ကျောဘက်ကင်မရာ ၂လုံးပါမယ့် စမတ်ဖုန်းဟာ Galaxy M20 ဖြစ်နိုင်ပြီး Main Camera နဲ့ Ultra-wide Camera ကို တွဲဖက် အသုံးပြုထားတယ်လို့ သိရပါတယ်။ Galaxy M20 ထက် မော်ဒယ်မြင့်တဲ့ Galaxy M30 မှာ Triple-camera Setup ကို တပ်ဆင်ထားနိုင်ပြီး အနိမ့်ဆုံးမော်ဒယ် Galaxy M10 မှာတော့ Camera တစ်လုံးတည်းပဲ တပ်ဆင်ထားနိုင်ပါတယ်။ Display အပိုင်းမှာတော့ Waterdrop Notch လို့ လူသိများတဲ့ Infinity-V Display ကို မော်ဒယ် ၃မျိူးစလုံးမှာ အသုံးပြုထားမှာ ဖြစ်ပါတယ်။

Galaxy M20 မှာ ၆.၃လက်မ မျက်နှာပြင် အကျယ်ရှိ LCD Display ကို အသုံးပြုထားမှာဖြစ်ပြီး Resolution ကတော့ 1080 x 2340 pixels ရှိနိုင်ပါတယ်။ 13MP (f/1.9) + 5MP (f/2.2) ကင်မရာတွေကို ဒေါင်လိုက်တပ်ဆင်ထားမှာဖြစ်ပြီး 5MP Camera က Ultra-wide Sensor ဖြစ်တယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ Benchmarks ရမှတ်အရဆိုရင် Galaxy M20 မှာ Exynos 7885 SoC ကို အသုံးပြုထားတာဖြစ်ပြီး RAM အနေနဲ့ 3GB ပါဝင်တာ တွေ့ရပါတယ်။

အထက်ပါ အကြောင်းအရာတွေကတော့ Galaxy M20 နဲ့ပတ်သတ်ပြီး လက်ရှိကြားသိထားရတဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့အရာကတော့ အဆိုပါ Galaxy M စီးရီးရဲ့ အနိမ့်ဆုံး မော်ဒယ်က အိန္ဒိယငွေ ၁၀၀၀၀ ရူပီး (မြန်မာငွေ ၂သိန်း ဝန်းကျင်) နဲ့ အမြင့်ဆုံး မော်ဒယ်က အိန္ဒိယငွေ ၂၀၀၀၀ ရူပီး (မြန်မာငွေ ၄သိန်း ဝန်းကျင်) လောက်သာ ကျသင့်မယ်လို့ သိရပါတယ်။

Ref : Sammobile