[Zawgyi]

၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလကုန္ပိုင္းေလာက္က Samsung Galaxy M10 နဲ႔ ပတ္သက္တဲ့ အခ်က္အလက္အခ်ိဳ႕ကို Geekbench ေပၚမွာ ေတြ႕ခဲ့ရပါတယ္။ Geekbench ကလည္း အေတာ္ေလးကို စုံလင္တဲ့ အခ်က္အလက္ေတြကို ေဖာ္ျပသြားခဲ့ပါတယ္။ ဒီေတာ့ Galaxy M10 နဲ႔ ပတ္သက္ၿပီး ေတာ္ေတာ္မ်ားမ်ား သိထားၾကမယ္လို႔ ထင္ပါတယ္။

Geekbench အရသိရတဲ့ အခ်က္ေတြက Samsung Galaxy M10 ဟာ Exynos 7870 chipset ကို အသုံးျပဳထားပါတယ္။ RAM ကေတာ့ 3GB ျဖစ္ၿပီး Storage ကေတာ့ 16GB ဒါမွမဟုတ္ 32GB ျဖစ္ပါလိမ့္မယ္။ ဒီပမာဏေတြက ျပေနတာကေတာ့ Galaxy M10 ဟာ Entry-level ဖုန္းဆိုတာပါပဲ။

မေန႔တုန္းက FCC certification ကတစ္ဆင့္ သိရတဲ့အခ်က္အလက္ေတြကေတာ့ Galaxy M10 ရဲ႕ မ်က္ႏွာျပင္အ႐ြယ္အစားဟာ 6-inch ဆိုတာပါ။ ၿပီးေတာ့ 3,400 mAh ဘက္ထရီကို အသုံးျပဳထားတယ္ဆိုတဲ့ အခ်က္ပါ။ ဟန္းဆက္ရဲ႕ အလ်ားနဲ႔ အနံကေတာ့ 155.7mm နဲ႔ 75.8mm တို႔ပဲ ျဖစ္ပါတယ္။ မ်က္ႏွာျပင္အခ်ိဳးအစားနဲ႔ အမ်ိဳးအစားကိုေတာ့ မသိရေသးပါဘူး။

Galaxy M10 ရဲ႕ OS ကေတာ့ Android 8.1 Oreo ပဲ ျဖစ္ႏိုင္တယ္လို႔ ခန႔္မွန္းရပါတယ္။ အခုအခ်ိန္ထိ အတည္ျပဳလို႔မရေသးတာေၾကာင့္ ေကာလာဟလအဆင့္မွာပဲ ရွိေနေသးတာကေတာ့ ေက်ာဘက္ကင္မရာေတြထဲက အဓိကကင္မရာဟာ 13MP ျဖစ္တယ္ဆိုတာနဲ႔ Selfie အတြက္က 5MP ဆိုတာေတြပဲ ျဖစ္ပါတယ္။ Fingerprint Sensor ကိုလည္း ေက်ာဘက္မွာ ထည့္သြင္းေပးထားမယ္လို႔ သတင္းရထားပါတယ္။ အေရာင္ေတြကေတာ့ Blue နဲ႔ Dark Grey ဆိုၿပီး သိထားပါတယ္။ Galaxy M10 ကို အေရွ႕အလယ္ပိုင္းနဲ႔ အာရွေဈးကြက္ေတြမွာပဲ သီးသန႔္ေရာင္းခ်မယ္လို႔လည္း သိရပါတယ္။

Ref: GSMarena

[Unicode]

၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းလောက်က Samsung Galaxy M10 နဲ့ ပတ်သက်တဲ့ အချက်အလက်အချို့ကို Geekbench ပေါ်မှာ တွေ့ခဲ့ရပါတယ်။ Geekbench ကလည်း အတော်လေးကို စုံလင်တဲ့ အချက်အလက်တွေကို ဖော်ပြသွားခဲ့ပါတယ်။ ဒီတော့ Galaxy M10 နဲ့ ပတ်သက်ပြီး တော်တော်များများ သိထားကြမယ်လို့ ထင်ပါတယ်။

Geekbench အရသိရတဲ့ အချက်တွေက Samsung Galaxy M10 ဟာ Exynos 7870 chipset ကို အသုံးပြုထားပါတယ်။ RAM ကတော့ 3GB ဖြစ်ပြီး Storage ကတော့ 16GB ဒါမှမဟုတ် 32GB ဖြစ်ပါလိမ့်မယ်။ ဒီပမာဏတွေက ပြနေတာကတော့ Galaxy M10 ဟာ Entry-level ဖုန်းဆိုတာပါပဲ။

မနေ့တုန်းက FCC certification ကတစ်ဆင့် သိရတဲ့အချက်အလက်တွေကတော့ Galaxy M10 ရဲ့ မျက်နှာပြင်အရွယ်အစားဟာ 6-inch ဆိုတာပါ။ ပြီးတော့ 3,400 mAh ဘက်ထရီကို အသုံးပြုထားတယ်ဆိုတဲ့ အချက်ပါ။ ဟန်းဆက်ရဲ့ အလျားနဲ့ အနံကတော့ 155.7mm နဲ့ 75.8mm တို့ပဲ ဖြစ်ပါတယ်။ မျက်နှာပြင်အချိုးအစားနဲ့ အမျိုးအစားကိုတော့ မသိရသေးပါဘူး။

Galaxy M10 ရဲ့ OS ကတော့ Android 8.1 Oreo ပဲ ဖြစ်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။ အခုအချိန်ထိ အတည်ပြုလို့မရသေးတာကြောင့် ကောလာဟလအဆင့်မှာပဲ ရှိနေသေးတာကတော့ ကျောဘက်ကင်မရာတွေထဲက အဓိကကင်မရာဟာ 13MP ဖြစ်တယ်ဆိုတာနဲ့ Selfie အတွက်က 5MP ဆိုတာတွေပဲ ဖြစ်ပါတယ်။ Fingerprint Sensor ကိုလည်း ကျောဘက်မှာ ထည့်သွင်းပေးထားမယ်လို့ သတင်းရထားပါတယ်။ အရောင်တွေကတော့ Blue နဲ့ Dark Grey ဆိုပြီး သိထားပါတယ်။ Galaxy M10 ကို အရှေ့အလယ်ပိုင်းနဲ့ အာရှဈေးကွက်တွေမှာပဲ သီးသန့်ရောင်းချမယ်လို့လည်း သိရပါတယ်။

Ref: GSMarena