[Zawgyi]

Samsung Galaxy M အ ေၾကာင္းသတင္းေတြကေတာ့ လႈပ္လႈပ္ရွားရွား ျဖစ္လာပါၿပီ။ အခုေလာေလာဆယ္မွာ မ်က္ႏွာျပင္အေၾကာင္း ေပါက္ၾကားလာတယ္ဆိုေပမယ့္ သိပ္မၾကာခင္ရက္ပိုင္းအတြင္း တျခားအစိတ္အပိုင္းေတြ အေၾကာင္းပါ ေပါက္ၾကားလာဦးမယ္ဆိုတာ ေသခ်ာပါတယ္။

ဒီေန႔သိရွိရတာကေတာ့ Galaxy M20 ရဲ႕ မ်က္ႏွာျပင္အေၾကာင္းပါပဲ။ Teardrop Notch နဲ႔ မ်က္ႏွာျပင္ျဖစ္ေၾကာင္း သိလိုက္ရပါၿပီ။ ဒါဟာ Samsung အတြက္ ပထမဦးဆုံးပါပဲ။ ကိုရီးယား စမတ္ဖုန္းထုတ္လုပ္မႈႀကီးရဲ႕ ေဈးကြက္အတြက္ ရည္႐ြယ္ထားတဲ့ Notch နဲ႔ ဖုန္းအနည္းငယ္ထဲက တစ္လုံးပဲ ျဖစ္ပါတယ္။

Galaxy M20 ရဲ႕ မ်က္ႏွာျပင္အတိုင္းအတာဟာ 5.6-inch ျဖစ္တယ္လို႔ သိရပါတယ္။ Galaxy M ကို LCD နဲ႔ပဲ ထြက္လာႏိုင္တယ္လို႔ ခန႔္မွန္းထားၾကတာေတြ ရွိေပမယ့္ အခုသတင္းေတြအရဆိုရင္ေတာ့ Super AMOLED Panel ျဖစ္ၿပီး 1080p + Resolution နဲ႔ ျဖစ္တယ္လို႔လည္း သိရပါတယ္။

ဘာပဲျဖစ္ျဖစ္ Samsung Galaxy M20 က Entry-Level စမတ္ဖုန္းတစ္လုံးလို႔ ဆိုရမွာပါ။ Benchmarks ေတြကေဖာ္ျပတဲ့ အခ်က္အလက္ေတြအရဆိုရင္ေတာ့ Exynos 7885 Chipset ကို အသုံးျပဳမယ္လို႔ သိရပါတယ္။ ေ႐ြးခ်ယ္စရာ ႏွစ္မ်ိဳးအျဖစ္ 3/32GB and 4/64GB လို႔ ဆိုပါတယ္။ ဘက္ထရီကေတာ့ 3,300mAh အသုံးျပဳထားဖြယ္ရွိတယ္လို႔ သိရပါတယ္။ ဘက္ထရီအေၾကာင္းကေတာ့ ေသခ်ာတဲ့အခ်က္အလက္ မေတြ႕ရေသးလို႔ ေကာလာဟလအျဖစ္ သတ္မွတ္ရမွာပါ။

ေနာက္ထပ္သိရတဲ့ အခ်က္အလက္တစ္ခုက ေက်ာဘက္ကင္မရာဟာ 16MP အဓိကကင္မရာ ျဖစ္ၿပီး 5MP Selfie ကင္မရာ တစ္လုံးပါဝင္မယ္ဆိုတာပဲ ျဖစ္ပါတယ္။ ဒါကလည္း တရားဝင္သိရတာမဟုတ္တဲ့အတြက္ ေစာင့္ၾကည့္ရဦးမွာပါ။ Dual ကင္မရာေတာ့ ျဖစ္မလာဘူးလို႔ ယူဆရပါတယ္။ Samsung အေနနဲ႔ M-series သစ္ေတြကို မိတ္ဆက္မယ့္ အရိပ္အေရာင္ေတာ့ မေတြ႕ရပါဘူး။ လာမယ့္ ၂၀၁၉ ႏွစ္ဦးပိုင္းေလာက္မွာေတာ့ ေဈးကြက္ထဲမွာ ေတြ႕ရမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref: GSMarena

[Unicode]

Samsung Galaxy M အ ကြောင်းသတင်းတွေကတော့ လှုပ်လှုပ်ရှားရှား ဖြစ်လာပါပြီ။ အခုလောလောဆယ်မှာ မျက်နှာပြင်အကြောင်း ပေါက်ကြားလာတယ်ဆိုပေမယ့် သိပ်မကြာခင်ရက်ပိုင်းအတွင်း တခြားအစိတ်အပိုင်းတွေ အကြောင်းပါ ပေါက်ကြားလာဦးမယ်ဆိုတာ သေချာပါတယ်။

ဒီနေ့သိရှိရတာကတော့ Galaxy M20 ရဲ့ မျက်နှာပြင်အကြောင်းပါပဲ။ Teardrop Notch နဲ့ မျက်နှာပြင်ဖြစ်ကြောင်း သိလိုက်ရပါပြီ။ ဒါဟာ Samsung အတွက် ပထမဦးဆုံးပါပဲ။ ကိုရီးယား စမတ်ဖုန်းထုတ်လုပ်မှုကြီးရဲ့ ဈေးကွက်အတွက် ရည်ရွယ်ထားတဲ့ Notch နဲ့ ဖုန်းအနည်းငယ်ထဲက တစ်လုံးပဲ ဖြစ်ပါတယ်။

Galaxy M20 ရဲ့ မျက်နှာပြင်အတိုင်းအတာဟာ 5.6-inch ဖြစ်တယ်လို့ သိရပါတယ်။ Galaxy M ကို LCD နဲ့ပဲ ထွက်လာနိုင်တယ်လို့ ခန့်မှန်းထားကြတာတွေ ရှိပေမယ့် အခုသတင်းတွေအရဆိုရင်တော့ Super AMOLED panel ဖြစ်ပြီး 1080p+ resolution နဲ့ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung Galaxy M20 က Entry-level စမတ်ဖုန်းတစ်လုံးလို့ ဆိုရမှာပါ။ Benchmarks တွေကဖော်ပြတဲ့ အချက်အလက်တွေအရဆိုရင်တော့ Exynos 7885 chipset ကို အသုံးပြုမယ်လို့ သိရပါတယ်။ ရွေးချယ်စရာ နှစ်မျိုးအဖြစ် 3/32GB and 4/64GB လို့ ဆိုပါတယ်။ ဘက်ထရီကတော့ 3,300mAh အသုံးပြုထားဖွယ်ရှိတယ်လို့ သိရပါတယ်။ ဘက်ထရီအကြောင်းကတော့ သေချာတဲ့အချက်အလက် မတွေ့ရသေးလို့ ကောလာဟလအဖြစ် သတ်မှတ်ရမှာပါ။

နောက်ထပ်သိရတဲ့ အချက်အလက်တစ်ခုက ကျောဘက်ကင်မရာဟာ 16MP အဓိကကင်မရာ ဖြစ်ပြီး 5MP Selfie ကင်မရာ တစ်လုံးပါဝင်မယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကလည်း တရားဝင်သိရတာမဟုတ်တဲ့အတွက် စောင့်ကြည့်ရဦးမှာပါ။ Dual ကင်မရာတော့ ဖြစ်မလာဘူးလို့ ယူဆရပါတယ်။ Samsung အနေနဲ့ M-series သစ်တွေကို မိတ်ဆက်မယ့် အရိပ်အရောင်တော့ မတွေ့ရပါဘူး။ လာမယ့် ၂၀၁၉ နှစ်ဦးပိုင်းလောက်မှာတော့ ဈေးကွက်ထဲမှာ တွေ့ရမယ်လို့ မျှော်လင့်ရပါတယ်။

 

Ref: GSMarena