လုပ်ငန်းခွင် နှင့် လူနေမှုဘဝတွင် ပိုမိုစွမ်းဆောင်နိုင်ရန် အဆုံးအစမဲ့မျက်နှာပြင်၊ အဆင့်မြှင့်တင်ထားသော S Pen နှင့် Optical Image Stabilization ပါဝင်သည့် Dual ကင်မရာဖြင့် ဒီဇိုင်းဖန်တီးပေးထား

ရန်ကုန်၊ မြန်မာ – စက်တင်ဘာလ ၁၈ ရက်၊ ၂၀၁၇ – Samsung Electonics Co., Ltd မှ ပိုမိုအဆင့်မြင့်၍ ကြီးကျယ်ခမ်းနားသော အရာများကို စွမ်းဆောင်လိုသူများအတွက် အသစ်ထပ်မံ တစ်ဆင့်မြှင့်တင်ထုတ်လုပ်လိုက်သော Galaxy Note 8 အား မြန်မာနိုင်ငံတွင် ယနေ့စတင်မိတ်ဆက်လိုက်သည်။ အဆိုပါ Galaxy Note 8 တွင် သုံးစွဲသူများအနေဖြင့် လက်တစ်ဖက်ထဲဖြင့် မြဲမြံစွာကိုင်တွယ်နိုင်သည့် ပိုမိုကြီးမားသော အဆုံးအစမဲ့မျက်နှာပြင်၊ သုံးစွဲသူများကြိုက်နှစ်သက်ရာ ပုံစံအတိုင်း အသုံးပြုနိုင်မည့် S Pen နှင့် အလှပဆုံးသော ဓာတ်ပုံများအား ရိုက်ယူနိုင်မည့် Samsung ၏ အကောင်းမွန်ဆုံးသော စမတ်ဖုန်းကင်မရာ ပါဝင်သည်။

“Note စီးရီးကို အစဉ်တစိုက် ချစ်ခင်အားပေးလာတဲ့ သုံးစွဲသူမိသားစုဝင်တွေရဲ့ စိတ်အားထက်သန်မှုတွေကို အခုလိုမြင်တွေ့ရတဲ့အတွက် အလွန်ဝမ်းသာမိပါတယ်။ ကျွန်တော်တို့ အစဉ်အမြဲတီထွင်ဆန်းသစ်မှုတွေကို ဖန်တီးနိုင်ဖို့ Note ချစ်သူမိသားစုဝင်တွေက ပံ့ပိုးပေးနေတာဖြစ်တဲ့အတွက် အခု Note စီးရီးသစ်ကိုလည်း Samsung Note ချစ်သူတွေအတွက် ဒီဇိုင်းပြုလုပ်ဖန်တီးပေးလိုက်တာဖြစ်ပါတယ်။” ဟု Samsung Myanmar ၏ Head of IT and Mobile ကိုဇာနည်ဝင်းထက်မှ ပြောကြားခဲ့သည်။

“အဆုံးအစမဲ့ မျက်နှာပြင်ကစပြီး အရည်အသွေးမြှင့်တင်ထားတဲ့ S Pen နဲ့အတူ စွမ်းဆောင်ရည်မြင့်ကင်မရာတွေ ပါဝင်တာကြောင့် Note 8 က သုံးစွဲသူတွေအနေနဲ့ မဖြစ်နိုင်ဘူးလို့ ထင်ထားတာတွေကို စွမ်းဆောင်ပေးသွားမှာဖြစ်ပါတယ်” ဟု ကိုဇာနည်ဝင်းထက်မှ ဖြည့်စွက်ပြောကြားခဲ့သည်။

Samsung သည် ပထမဆုံး Note series အား ၂၀၁၁ ခုနှစ်တွင်စတင်မိတ်ဆက်ခဲ့သည်။ အဆိုပါစတင်မိတ်ဆက်ခဲ့သည့် အချိန်မှစ၍ Note ၏ ထူးခြားသည့်အမှတ်အသားဖြစ်သော ကြီးမားသည့်မျက်နှာပြင် နှင့် S-Pen မှအစပြု၍ Note စီးရီး အား အစဉ်တစိုက် နှစ်ခြိုက်စွဲလမ်းသူများ ထွက်ပေါ်လာခဲ့သည်။ Samsung ၏ ဈေးကွက်ဆန်းစစ်ချက်များအရ Note အသုံးပြုသူ ၈၅ ရာခိုင်နှုန်းသည် ၎င်းတို့၏ Note ဖုန်းများပိုင်ဆိုင်မှုကို ဂုဏ်ယူလေ့ရှိကြပြီး မိတ်ဆွေသူငယ်ချင်းများကို လည်း အသုံးပြုရန် တိုက်တွန်းကြသည်။ ၇၅ ရာခိုင်နှုန်းသည် ၎င်းတို့အသုံးပြုခဲ့သမျှဖုန်းများတွင် အကောင်းဆုံးဖုန်းဖြစ်သည်ဟု ဆိုကြသည်။

Glaxy Note 8 ၏ ၆.၃ လက်မအရွယ်အစားရှိ Quad HD+ Super AMOLED Infinity မျက်နှာပြင်တွင် ကြိမ်ဖန်များစွာ အထက်အောက်ရွှေ့ရန်မလိုအပ်ဘဲ ကြီးမားကျယ်ပြန့်စွာကြည့်ရှုနိုင်မည်ဖြစ်သည်။ Galaxy Note8 အား ဗီဒီယိုများကြည့်ရှုရာတွင်ဖြစ်စေ၊ စာဖတ်ရာတွင်ဖြစ်စေ၊ ပုံဆွဲရာတွင်ဖြစ်စေ တွင်ကျယ်စွာအသုံးပြုစေနိုင်ရန် ဖန်တီးထားသောကြောင့် လုပ်ဆောင်ချက်များစွာကို တစ်ပြိုင်နက်တည်း စွမ်းဆောင်နိုင်မည့် ဖုန်းတစ်လုံးဖြစ်သည်။

Galaxy Note 8 တွင်ပါရှိသော အဆင့်မြှင့်တင်ထားသည့် S Pen သည် ဖုန်းအတွင်း ရေးသားရန်၊ ပုံဆွဲရန်၊ အသုံးပြုရန် နှင့် မိတ်ဆွေသူငယ်ချင်းများနှင့် ဆက်သွယ်ချိတ်ဆက်ရန် နည်းလမ်းသစ်များစွာအား သုံးစွဲသူများအတွက် ဖန်တီးပေးနိုင်မည်ဖြစ်သည်။ နိုင်ငံရပ်ခြားသို့ သွားရောက်လည်ပတ်သည်ဖြစ်စေ နိုင်ငံခြားဘာသာစကားဖြင့် ရေးသားထားသည့် ဝက်ဘ်ဆိုက်သို့ ဝင်ရောက်သည်ဖြစ်စေ အဆင့်မြှင့်တင်ထားသော S Pen Translate လုပ်ဆောင်ချက်ဖြင့် ဘာသာပြန်လိုသည့် စာသားအားရွေးချယ်ခြင်းဖြင့် စာလုံးတစ်လုံးချင်းသာမက စာကြောင်းတစ်ကြောင်းလုံးကို ဘာသာစကား ၇၁ မျိုးအထိ ဘာသာပြန်ပေးနိုင်မည်ဖြစ်ပြီး နိုင်ငံခြား စံနှုန်းထားများ နှင့် ငွေကြေးစနစ်များကိုလည်း အဆင့်သင်လျင်မြန်စွာ ပြောင်းလဲပေးနိုင်မည်ဖြစ်သည်။

Galaxy Note 8 သည် မြင်ကွင်းကျယ်ပုံ (wide-angle) နှင့် အဝေးမှနေ၍အနီးကပ်ပုံများ ရိုက်ကူးခြင်း (telephoto lenes) နှစ်မျိုးလုံးတွင် Optical Image Stabilization (OIS) နှင့်အတူ 12 MP အနောက်ကင်မရာ ၂ လုံးပါဝင်သည့် ပထမဆုံးစမတ်ဖုန်းဖြစ်သည်။ ပိုမိုအဆင့်မြင့်သော ဓာတ်ပုံရိုက်ကူးခြင်းများအတွက် Galaxy Note 8 ၏ Live Focus လုပ်ဆောင်ချက်သည် ဓာတ်ပုံရိုက်ကူးပြီးသောအခါ ပြန်လည်ကြည့်ရှုသည့် preview mode တွင် bokeh effect အား ချိန်ညှိနိုင်မည်ဖြစ်သောကြောင့် နောက်ခံအရောင်အား ထိန်းညှိစေနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင်ရှိသော Samsung ချစ်သူများအနေဖြင့် ၂၀၁၇၊ စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၇ ရက်အတွင်း (ပစ္စည်းလက်ကျန်ရှိသည့်အထိ) ကြိုတင်မှာယူနိုင်မည် ဖြစ်သည်။ ကြိုတင်မှာယူထားသူများအနေဖြင့် ၄င်းတို့မှာယူထားသောဖုန်းများအား ရန်ကုန်မြို့ City Mall၊ မန္တလေးမြို့ Skywalk နှင့် အခြားမြို့ကြီးများရှိ သတ်မှတ်ထားသောအရောင်းဆိုင်များတွင် ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ နှင့် အောက်တိုဘာ ၁ ရက်နေ့တွင် သွားရောက်ထုတ်ယူနိုင်မည်ဖြစ်သည်။

Galaxy Note 8 အား အောက်တိုဘာလ ၆ရက်၊ ၂၀၁၇ မှစတင်၍ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် စတင်ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး ဆန်းပြားလှပသော အရောင်များဖြစ်သည့် အနက်ရောင် (Midnight Black)၊ ရွှေရောင် (Maple Gold) နှင့် မီးခိုးရောင် (Orchid Gray) အစရှိသည်ဖြင့် ရွေးချယ်နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် Samsung Galaxy Note8 စမတ်ဖုန်းအား မြန်မာကျပ်ငွေ ၁,၂၇၀,၀၀၀ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ Galaxy Note8ကို ၀ယ်ယူသုံးစွဲသူများ အနေဖြင့် အထူးအာမခံအခွင့်အရေးများ ရရှိနိုင်သော Samsung Premium Care/No worry Crack ဝန်ဆောင်မှုအား ခံစားခွင့် ရရှိမည်ဖြစ်သည်။
Samsung Electronics Co., Ltd. အကြောင်း

Samsung Electronics Co., Ltd. သည် အနာဂတ်ကို ဖော်ဆောင်ပုံသွင်းနိုင်ရန် စိတ်ကူးဥာဏ်များ၊ နည်းပညာများဖြင့်ပုံဖော်နေပြီး တစ်ကမ္ဘာလုံးတွင် တီဗွီများ၊ အိမ်သုံး လျှပ်စစ်ထုတ်ကုန်များ၊ Smartphoneများ၊ Tablet များ၊ ဝတ်ဆင်နိုင်သည့် နည်းပညာထုတ်ကုန်များ၊ ကင်မရာများ၊ Digital အသုံးအဆောင်ပစ္စည်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ထုတ်ကုန်များ၊ ကွန်ယက်ဆက်သွယ်ရေး စနစ်များ၊ Semiconductor များနှင့် LED Solutions များကို ဖန်တီးထုတ်လုပ်လျက် ရှိပါသည်။ ပိုမိုပြည့်စုံစွာသိရှိနိုင်ရန် နှင့် နောက်ဆုံးထွက် သတင်းများ၊ လုပ်ဆောင်ချက်ဆိုင်ရာ ဆောင်းပါးများ နှင့် သတင်းထုတ်ပြန်ချက် များကို သိရှိနိုင်ရန် အတွက် http://news.samsung.com သို့မဟုတ် http://www.samsung.com/mm/ တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။