Samsung Galaxy Note 8 ကို သြဂုတ်လကုန်ပိုင်းလောက်မှာ စတင်မိတ်ဆက်တော့မယ်လို့ Samsung ကပြောကြားခဲ့ပါတယ်။

Samsung ကုမ္ပဏီရဲ့ အကြီးအကဲ Dongjin Koh နဲ့ တရုတ်သတင်းမီဒီယာ တစ်ခုဖြစ်တဲ့ ePrice နဲ့ တွေ့ဆုံ မေးမြန်းချိန်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

သြဂုတ်လအကုန်ပိုင်းလောက်လို့ ပြောကြားခဲ့ပေမယ့် ရက်အတိအကျကိုတော့ မပြောခဲ့ပါဘူး။

ဒါပေမယ့် သြဂုတ်လ ၂၃ ရက်နေ့မှာ Galaxy Note 8 ကို မိတ်ဆက်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Samsung ဖုန်းတွေရဲ့ ရောင်းအားအကောင်းဆုံးနိုင်ငံတေါကိုတော့ စက်တင်ဘာလမှာ စတင်ရောင်းချပြီး တစ်ကမ္ဘာလုံးကိုတော့ အောက်တိုဘာလမှာ ရောင်းချမယ်လို့ မစ္စတာ Dongjin Koh က ပြောခဲ့ပါတယ်။

Samsung ဖုန်းရဲ့ ရောင်းအားကောင်းတဲ့နိုင်ငံတွေက တောင်ကိုရီးယား၊ ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စုဖို့ ဖြစ်နိုင်ချေရှိပါတယ်။

ဒါကြောင့် မျက်နှာပြင် ၆.၃ ဒါမှမဟုတ် ၆.၄ လက်မရှိပြီး Dual-Lens ကင်မရာပါတဲ့ Note 8 က သင့်လက်ထဲရောက်လာဖို့ ၂လလောက်တောင် မလိုလောက်တော့ပါဘူး။

LG V20 လိုမျိုး ကင်မရာ Lens ၂ မျိုးဖြစ်တဲ့ Wide Lens နဲ့ Telephoto Lens ၂ မျိုးပါမယ်လို့လည်း သတင်းထွက်နေပါတယ်။

Exynos 8895 နဲ့ Qualcomm Snapdragon 835 Chipsets နဲ့ RAM 6 GB လည်းပါဝင်မှာဖြစ်ပါတယ်။

S PEN

Note 8 မှာ ပါတဲ့ စာရေးတဲ့ Pen လေးက စာရေးနိုင်တာထက်ပိုပြီး စွမ်းဆောင်နိုင်မှုတွေ ဥပမာအားဖြင့် Speaker ပါဝင်လာမျိုးတွေလည်းဖြစ်နိုင်ပါတယ်။ PEN ရဲ့ ထိပ်ပိုင်းမှာလည်း Audio ဖမ်းနိုင်တဲ့ စကားပြောနိုင်တဲ့ စနစ်ပါဝင်ပြီး Pen ကနေ တစ်ဆင့် စကားသံပြန်ကြားနိုင်တဲ့ စနစ်ပါဝင်မယ်လို့လည်း သတင်းထွက်နေပါတယ်။ ဒါကြောင့် Pen ကို ကိုင်ပြီး ဖုန်းပြောသလိုလည်းပြောနိုင်မှာပါ။

Samsung Galaxy Note 8 ကို အမေရိကန်ဒေါ်လာ ၉၀၀ ၀န်းကျင်နဲ့ ရောင်းချနိုင်

Bixby Al Assistant

Samsung ရဲ့ တခြားဖုန်းတွေမှာ ပါဝင်တဲ့ ကိုယ်ရေး အရာရှိလိုမျိုး ကူညီပေးနိုင်တဲ့ Bixby Al Assistant ကို Amazon ရဲ့ Alexa၊ Google Assistant နဲ့ Apple က ထုတ်လုပ်တဲ့ Siri တို့နဲ့ ယှဉ်ပြိုင်နိုင်အောင် ပိုပြီး အဆင့်မြှင့်တင်ထားတယ်လို့လည်း သတင်းထွက်နေပါတယ်။

(၎င်းသတင်းကို Techrader နည်းပညာ သတင်းဌာနက ရေးသားတဲ့ ဆောင်းပါးကို ဘာသာပြန်ထားတာဖြစ်ပါတယ်။ Samsung Galaxy Note 8ရဲ့ ဓာတ်ပုံတွေက Note 8 ဖြစ်လာနိုင်တဲ့ ဒီဇိုင်းတွေကို မှန်းဆပြီး နည်းပညာ သတင်းဌာနတွေက ပုံဖော်ထားတဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။)