Samsung အနေနဲ့ Galaxy Note စီးရီးတွေရဲ့ မျိုးဆက်သစ် စမတ်ဖုန်း ဖြစ်တဲ့ Galaxy Note 9 ကို မနေ့ညက တရားဝင် မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Galaxy Note 9 ကို အရောင်တွေ အနေနဲ့ Metallic Copper, Midnight Black နဲ့ Ocean Blue ဆိုပြီး အရောင် ၃မျိုး ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပြီး ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရောင်းချသွားမယ့် ဈေးနှုန်းကတော့ ၁၃၉,၉၀၀၀ ကျပ် ဖြစ်ပါတယ်။

 

 

Samsung Galaxy Note 9 Specification

Galaxy Note 9 ရဲ့ Display အပိုင်းအတွက် ၆.၄လက်မ မျက်နှာပြင် အကျယ်ရှိ Super AMOLED Display ကိုအသုံးပြုထားပြီး Resolution ကတော့ 1440 x 2960 Pixels ရှိပါမယ်။ Processor အပိုင်းအတွက် Samsung ရဲ့ ကိုယ်ပိုင် Chipset ဖြစ်တဲ့ Exynos 9810 SoC ကိုအသုံးပြုထားပြီး Graphic အပိုင်းအတွက် Mali-G72 MP18 ပါဝင်မှာ ဖြစ်ပါတယ်။ အမေရိက၊ ဥရောပနဲ့ တရုတ်နိုင်ငံတွေမှာတော့ Snapdragon 845 SoC သုံးထားတဲ့ Note 9 တွေကို တင်ပို့ရောင်းချမှာ ဖြစ်ပါတယ်။ RAM 6GB/Storage 128GB မော်ဒယ်နဲ့ RAM 8GB/Storage 512GB မော်ဒယ် ဆိုပြီး ၂မျိုး ရွေးချယ်ဝယ်ယူနိုင်မှာပါ။ Storage မလောက်ဘူးဆိုရင်လည်း MicroSD 512GB အထိ ထပ်စိုက်နိုင်ပါတယ်။

နောက်ကျောဘက် ကင်မရာ အပိုင်းအတွက် 12MP (f/1.5-2.4,OIS) + 12MP (f/2.4,OIS,2X Optical Zoom) ကင်မရာတွေကို တွဲလျက်တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 8MP (f/1.7) ကင်မရာကို တပ်ဆင်ထားပါတယ်။ Security အပိုင်းအတွက် Fingerprint Sensor ပါဝင်ပြီး Iris Scanner လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် လုပ်ဆောင်ချက် များစွာပါဝင်လာတဲ့ Bluetooth S pen ကိုလည်း အသုံးပြုနိုင်မှာပါ။

ဘက်ထရီသိုလှောင်မှု ပမာဏ 4000mAh ထည့်သွင်းပေးထားပြီး Quick Charge 2.0 အမြန်အားသွင်းစနစ်လည်း အသုံးပြုနိုင်မှာပါ။ Galaxy Note 9 ရဲ့ အလေးချိန်က 201grams ရှိတဲ့အတွက် တခြားဖုန်းတွေနဲ့ ယှဉ်ရင် နည်းနည်းလေး ပိုလေးသလို ခံစားရပါတယ်။ ဒါ့အပြင် Water/Dust proof မှာ IP68 ရရှိထားတဲ့အတွက် ရေအောက် 1.5m အနက်မှာ မိနစ် ၃၀ကြာ ရေစိမ်နိုင်မှာ ဖြစ်ပါတယ်။