[Zawgyi]

Samsung Galaxy Note9 က အခုအခ်ိန္ထိ ေရာင္းအားရွိေနေသးတဲ့ စမတ္ဖုန္းစာရင္းထဲမွာ ပါေနတုန္းပါ။ Note9 ကို စတင္ေရာင္းခ်ခ်ိန္က ေဒၚလာတစ္ေထာင္နီးပါးေလာက္ ရွိပါတယ္။ ဒါေၾကာင့္ ဝယ္ခ်င္ေပမယ့္လည္း မဝယ္ႏိုင္ခဲ့သူေတြလည္း အမ်ားႀကီးပါ။ အခုလိုမ်ိဳး ေလွ်ာ့ေဈးနဲ႔ ေရာင္းခ်ခ်ိန္ကို ေစာင့္ေနတဲ့သူေတြအတြက္ေတာ့ ဝမ္းသာစရာ သတင္းေကာင္းတစ္ခု ျဖစ္လာပါၿပီ။

ကမာၻ႔ထိပ္တန္း E-Commerce တစ္ခုျဖစ္တဲ့ eBay က Samsung Galaxy Note9 ကို ေလွ်ာ့ေဈးနဲ႔ေရာင္းခ်ရာမွာ ၉၈.၉% အထိ ေကာင္းမြန္တဲ့ တုံ႔ျပန္မႈေတြရခဲ့ပါတယ္။ အခုအခ်ိန္မွာေတာ့ eBay က $674.99 နဲ႔ေရာင္းခ်တာေၾကာင့္ ၁၀သိန္း၇ေသာင္းဝန္းက်င္ေလာက္ပဲ က်သင့္ေတာ့မွာ ျဖစ္ပါတယ္။ ဒီေဈးႏႈန္းကေတာ့ Note9 ကိုဝယ္ယူဖို႔ အေကာင္းဆုံး ေဈးႏႈန္းလို႔ ေျပာရမွာပါ။

eBay က အခုလို ေဈးေလွ်ာ့ေရာင္းခ်လိုက္ေပမယ့္ ကန႔္သတ္ထားတဲ့ အခ်ိန္အတြင္းပဲ ေရာင္းခ်မွာ ျဖစ္ပါတယ္။ ဘယ္အခ်ိန္ထိေရာင္းခ်ေပးမွာလဲဆိုတာကို ေဖာ္ျပထားျခင္းမရွိတာေၾကာင့္ အျမန္ဝယ္ထားမွ စိတ္ခ်ရမယ့္ ပုံစံေတာ့ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္အထိေတာ့ ေရာင္းခ်ၿပီး ဖုန္းအလုံးေရက ၃၀၀ ေက်ာ္ပဲ ရွိေသးတာကို ေတြ႕ရပါတယ္။ ပ်မ္းမွ်ေရာင္းခ်ႏႈန္းက ၂၄ နာရီကို အလုံး ၅၀ ေက်ာ္ ျဖစ္ပါတယ္။

Samsung Galaxy Note9 ကို အေရာင္ ၅ ေရာင္နဲ႔ ထုတ္ထားေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ eBay ကို ဝင္ၾကည့္လိုက္ရင္ Black နဲ႔ Purple ႏွစ္ေယာက္ကိုပဲ ေ႐ြးဝယ္လို႔ ရေတာ့မွာပါ။ က်န္တဲ့အေရာင္ေတြက ေရာင္းလို႔ ကုန္သြားပါၿပီ။ အခုေရာင္းခ်ေနတဲ့ Note9 ေတြဟာ International Variation ေတြျဖစ္ပါတယ္။ ဒါေၾကာင့္ Sprint, Verizon, သူတို႔ရဲ႕ prepaid brands ဒါမွမဟုတ္ သူတို႔ရဲ႕ networks သုံး carrier ေတြနဲ႔ေတာ့ အလုပ္လုပ္မွာ မဟုတ္ပါဘူး။

Ref: GSMarena

 

[Unicode]

Samsung Galaxy Note9 က အခုအချိန်ထိ ရောင်းအားရှိနေသေးတဲ့ စမတ်ဖုန်းစာရင်းထဲမှာ ပါနေတုန်းပါ။ Note9 ကို စတင်ရောင်းချချိန်က ဒေါ်လာတစ်ထောင်နီးပါးလောက် ရှိပါတယ်။ ဒါကြောင့် ဝယ်ချင်ပေမယ့်လည်း မဝယ်နိုင်ခဲ့သူတွေလည်း အများကြီးပါ။ အခုလိုမျိုး လျှော့ဈေးနဲ့ ရောင်းချချိန်ကို စောင့်နေတဲ့သူတွေအတွက်တော့ ဝမ်းသာစရာ သတင်းကောင်းတစ်ခု ဖြစ်လာပါပြီ။

ကမ္ဘာ့ထိပ်တန်း E-Commerce တစ်ခုဖြစ်တဲ့ eBay က Samsung Galaxy Note9 ကို လျှော့ဈေးနဲ့ရောင်းချရာမှာ ၉၈.၉% အထိ ကောင်းမွန်တဲ့ တုံ့ပြန်မှုတွေရခဲ့ပါတယ်။ အခုအချိန်မှာတော့ eBay က $674.99 နဲ့ရောင်းချတာကြောင့် ၁၀သိန်း၇သောင်းဝန်းကျင်လောက်ပဲ ကျသင့်တော့မှာ ဖြစ်ပါတယ်။ ဒီဈေးနှုန်းကတော့ Note9 ကိုဝယ်ယူဖို့ အကောင်းဆုံး ဈေးနှုန်းလို့ ပြောရမှာပါ။

eBay က အခုလို ဈေးလျှော့ရောင်းချလိုက်ပေမယ့် ကန့်သတ်ထားတဲ့ အချိန်အတွင်းပဲ ရောင်းချမှာ ဖြစ်ပါတယ်။ ဘယ်အချိန်ထိရောင်းချပေးမှာလဲဆိုတာကို ဖော်ပြထားခြင်းမရှိတာကြောင့် အမြန်ဝယ်ထားမှ စိတ်ချရမယ့် ပုံစံတော့ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိတော့ ရောင်းချပြီး ဖုန်းအလုံးရေက ၃၀၀ ကျော်ပဲ ရှိသေးတာကို တွေ့ရပါတယ်။ ပျမ်းမျှရောင်းချနှုန်းက ၂၄ နာရီကို အလုံး ၅၀ ကျော် ဖြစ်ပါတယ်။

Samsung Galaxy Note9 ကို အရောင် ၅ ရောင်နဲ့ ထုတ်ထားပေမယ့် လက်ရှိအချိန်မှာတော့ eBay ကို ဝင်ကြည့်လိုက်ရင် Black နဲ့ Purple နှစ်ယောက်ကိုပဲ ရွေးဝယ်လို့ ရတော့မှာပါ။ ကျန်တဲ့အရောင်တွေက ရောင်းလို့ ကုန်သွားပါပြီ။ အခုရောင်းချနေတဲ့ Note9 တွေဟာ International Variation တွေဖြစ်ပါတယ်။ ဒါကြောင့် Sprint, Verizon, သူတို့ရဲ့ prepaid brands ဒါမှမဟုတ် သူတို့ရဲ့ networks သုံး carrier တွေနဲ့တော့ အလုပ်လုပ်မှာ မဟုတ်ပါဘူး။

Ref: GSMarena