[Zawgyi]

ခရစၥမတ္နီးလာေတာ့ Samsung ကလည္း ခရစၥမတ္လက္ေဆာင္တစ္ခုကို ျပင္ဆင္ထားပုံရပါတယ္။ အဲဒါကေတာ့ ဒီဇင္ဘာရဲ႕ ႏွင္းေတြနဲ႔ အေရာင္တူတဲ့ Samsung Galaxy Note9 Pure White ပဲ ျဖစ္ပါလိမ့္မယ္။ ၿပီးခဲ့တဲ့ ႏွစ္ပတ္ေက်ာ္ေလာက္တုန္းက ေပါက္ၾကားခဲ့တဲ့ အျဖဴေရာင္ကိုယ္ထည္နဲ႔ဖုန္းဟာ Note9 Pure White လို႔လည္း ယူဆစရာ ရွိပါတယ္။

ၿပီးခဲ့တဲ့ ႏွစ္ပတ္ေက်ာ္တုန္းက ထြက္ေပၚခဲ့တဲ့ ဒီဓါတ္ပုံကို Photoshop နဲ႔ ဖန္တီးထားဖြယ္ရွိတယ္လို႔ ေဝဖန္ေျပာဆိုခဲ့ၾကပါေသးတယ္။ ဒါေပမယ့္လည္း Samsung က အခုလိုမ်ိဳး အျဖဴေရာင္ကို PyeongChang 2018 Limmited Edition အျဖစ္ Galaxy Note8 မွာလည္း ထုတ္ခဲ့ဖူးပါတယ္။

ပထမတစ္ေခါက္ ဓါတ္ပုံထြက္လာတာက Evan Blass ရဲ႕ Twitter အေကာင့္မွာ ဆိုေပမယ့္ မူလအရင္းအျမစ္က တ႐ုတ္မီဒီယာ တစ္ခုကေန ျဖစ္ပါတယ္။ အခုေတာ့ ဒီပုံထဲက Note9 Pure White ကို ထိုင္ဝမ္မွာ ႏိုဝင္ဘာ ၂၃ ရက္ဆိုရင္ တကယ္ပဲ ေရာင္းခ်ေတာ့မွာ ျဖစ္တယ္လို႔ သိရပါတယ္။

Samsung Galaxy Note9 ဟာ ကိုယ္ထည္တစ္ခုလုံး အျဖဴဆြတ္ဆြတ္ျဖစ္ႏိုင္ဖြယ္ရွိပါတယ္။ အျဖဴေရာင္အလူမီနီယံ ကိုယ္ထည္အျပင္ S Pen ကလည္း အေရာင္မကြဲဘဲ အျဖဴပဲ ျဖစ္ဖြယ္ ရွိပါတယ္။ Metallic Copper, Lavender Purple, Ocean Blue, Midnight Black နဲ႔ အေမရိကန္မွာ ေရာင္းခ်ခဲ့တဲ့ Cloud Silver တို႔ ေၾကာင့္ Pure White အေနနဲ႔ Note9 အတြက္ ေျခာက္ေရာင္ေျမာက္ ျဖစ္လာပါလိမ့္မယ္။

Ref: GSMarena

 

[Unicode]

ခရစ္စမတ်နီးလာတော့ Samsung ကလည်း ခရစ္စမတ်လက်ဆောင်တစ်ခုကို ပြင်ဆင်ထားပုံရပါတယ်။ အဲဒါကတော့ ဒီဇင်ဘာရဲ့ နှင်းတွေနဲ့ အရောင်တူတဲ့ Samsung Galaxy Note9 Pure White ပဲ ဖြစ်ပါလိမ့်မယ်။ ပြီးခဲ့တဲ့ နှစ်ပတ်ကျော်လောက်တုန်းက ပေါက်ကြားခဲ့တဲ့ အဖြူရောင်ကိုယ်ထည်နဲ့ဖုန်းဟာ Note9 Pure White လို့လည်း ယူဆစရာ ရှိပါတယ်။

ပြီးခဲ့တဲ့ နှစ်ပတ်ကျော်တုန်းက ထွက်ပေါ်ခဲ့တဲ့ ဒီဓါတ်ပုံကို Photoshop နဲ့ ဖန်တီးထားဖွယ်ရှိတယ်လို့ ဝေဖန်ပြောဆိုခဲ့ကြပါသေးတယ်။ ဒါပေမယ့်လည်း Samsung က အခုလိုမျိုး အဖြူရောင်ကို PyeongChang 2018 Limmited Edition အဖြစ် Galaxy Note8 မှာလည်း ထုတ်ခဲ့ဖူးပါတယ်။

ပထမတစ်ခေါက် ဓါတ်ပုံထွက်လာတာက Evan Blass ရဲ့ Twitter အကောင့်မှာ ဆိုပေမယ့် မူလအရင်းအမြစ်က တရုတ်မီဒီယာ တစ်ခုကနေ ဖြစ်ပါတယ်။ အခုတော့ ဒီပုံထဲက Note9 Pure White ကို ထိုင်ဝမ်မှာ နိုဝင်ဘာ ၂၃ ရက်ဆိုရင် တကယ်ပဲ ရောင်းချတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

Samsung Galaxy Note9 ဟာ ကိုယ်ထည်တစ်ခုလုံး အဖြူဆွတ်ဆွတ်ဖြစ်နိုင်ဖွယ်ရှိပါတယ်။ အဖြူရောင်အလူမီနီယံ ကိုယ်ထည်အပြင် S Pen ကလည်း အရောင်မကွဲဘဲ အဖြူပဲ ဖြစ်ဖွယ် ရှိပါတယ်။ Metallic Copper, Lavender Purple, Ocean Blue, Midnight Black နဲ့ အမေရိကန်မှာ ရောင်းချခဲ့တဲ့ Cloud Silver တို့ ကြောင့် Pure White အနေနဲ့ Note9 အတွက် ခြောက်ရောင်မြောက် ဖြစ်လာပါလိမ့်မယ်။

Ref: GSMarena