[Zawgyi]

Galaxy Note 9 ေတြအတြက္ Android 9.0 Beta version ကိုထုတ္ေပးေနတာ ဒီဇင္ဘာ လဆန္းကတည္းက ျဖစ္ပါတယ္။ အေမရိကန္၊ အိႏၵိယနဲ႔ ဂ်ာမနီတို႔လို ေဈးကြက္ေတြမွာ Beta Version ကို ဦးဆုံး ျဖန႔္ေဝခဲ့တာပါ။ ဒီဇင္ဘာလ ဒုတိယပတ္ေလာက္မွာေတာ့ ဒုတိယအႀကိမ္ Android 9.0 Pie Beta Update ကို ထပ္ေပးခဲ့ျပန္ပါတယ္။

Samsung Turkey site ကေတာ့ ဇန္နဝါရီလ ၁၅ ရက္ေန႔မွာ Android 9 Pie Final Update ကိုေပးမယ္လို႔ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ Galaxy Note 9 ေတြကို Beta version နဲ႔ စမ္းသပ္ေနတုန္းျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ခရစၥမတ္ပြဲေတာ္တုန္းက ႏိုင္ငံအခ်ိဳ႕မွာ Galaxy S9 နဲ႔ S9+ ေတြအတြက္ Final Update ကို ထုတ္ေပးခဲ့တာေၾကာင့္ Note9 လည္း မၾကာခင္မွာ Final Update ရေတာ့မယ္လို႔ ယူဆရပါတယ္။

Samsung ကေတာ့ Galaxy Note 9 ေတြအတြက္ Stable Update ကို ၂၀၁၉ ဇန္နဝါရီလမွာ ရရွိေအာင္ ႀကိဳးစားေနတယ္လို႔ ယခင္ကတည္းက ထုတ္ျပန္ေၾကညာခဲ့ဖူးပါတယ္။ ဒါေၾကာင့္ Turkey site မွာ တင္ထားတာကို အမွန္ျဖစ္ ယူဆႏိုင္ပါတယ္။ ဒါ့အျပင္ Galaxy S8, S8+ နဲ႔ Galaxy Note 8 တို႔အတြက္ Final Update ကို ေဖေဖာ္ဝါရီ ၁၅ ရက္ေန႔မွာ ထုတ္ေပးမယ္လို႔လည္း Samsung Turkey က ေဖာ္ျပထားပါေသးတယ္။

ဇန္နဝါရီ ၁၅ ရက္အတြက္ သတ္မွတ္ခ်က္ဟာ ကမာၻတစ္ဝန္းလုံးအတြက္ ျဖစ္ခ်င္မွ ျဖစ္ပါလိမ့္မယ္။ ဒါေၾကာင့္ ျမန္မာႏိုင္ငံက Note 9 အသုံးျပဳသူေတြအေနနဲ႔ ဇန္နဝါရီလ ၁၅ ရက္ထက္ အနည္းငယ္ ေနာက္က်ၿပီးမွ Final Update ကို ရတာလည္း ျဖစ္ႏိုင္ပါတယ္။ Android 9 ဟာ ၂၀၁၈ ၾသဂုတ္လကတည္းက ျဖန႔္ခ်ိခဲ့တာျဖစ္ပါတယ္။ OnePlus 6 ကေတာ့ စက္တင္ဘာလကတည္းက Stable version ကို အသုံးျပဳႏိုင္ခဲ့တာပါ။ သူ႔ေနာက္မွာေတာ့ Sony Xperia XZ2 က ေအာက္တိုဘာလအတြင္းမွာ အသုံးျပဳႏိုင္ခဲ့ပါတယ္။

Ref: SAMmobile

[Unicode]

Galaxy Note 9 တွေအတွက် Android 9.0 Beta version ကိုထုတ်ပေးနေတာ ဒီဇင်ဘာ လဆန်းကတည်းက ဖြစ်ပါတယ်။ အမေရိကန်၊ အိန္ဒိယနဲ့ ဂျာမနီတို့လို ဈေးကွက်တွေမှာ Beta version ကို ဦးဆုံး ဖြန့်ဝေခဲ့တာပါ။ ဒီဇင်ဘာလ ဒုတိယပတ်လောက်မှာတော့ ဒုတိယအကြိမ် Android 9.0 Pie Beta Update ကို ထပ်ပေးခဲ့ပြန်ပါတယ်။

Samsung Turkey site ကတော့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ Android 9 Pie Final Update ကိုပေးမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ လက်ရှိအချိန်မှာ Galaxy Note 9 တွေကို Beta version နဲ့ စမ်းသပ်နေတုန်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ခရစ္စမတ်ပွဲတော်တုန်းက နိုင်ငံအချို့မှာ Galaxy S9 နဲ့ S9+ တွေအတွက် Final Update ကို ထုတ်ပေးခဲ့တာကြောင့် Note 9 လည်း မကြာခင်မှာ Final Update ရတော့မယ်လို့ ယူဆရပါတယ်။

Samsung ကတော့ Galaxy Note 9 တွေအတွက် Stable Update ကို ၂၀၁၉ ဇန်နဝါရီလမှာ ရရှိအောင် ကြိုးစားနေတယ်လို့ ယခင်ကတည်းက ထုတ်ပြန်ကြေညာခဲ့ဖူးပါတယ်။ ဒါကြောင့် Turkey site မှာ တင်ထားတာကို အမှန်ဖြစ် ယူဆနိုင်ပါတယ်။ ဒါ့အပြင် Galaxy S8, S8+ နဲ့ Galaxy Note 8 တို့အတွက် Final Update ကို ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ထုတ်ပေးမယ်လို့လည်း Samsung Turkey က ဖော်ပြထားပါသေးတယ်။

ဇန်နဝါရီ ၁၅ ရက်အတွက် သတ်မှတ်ချက်ဟာ ကမ္ဘာတစ်ဝန်းလုံးအတွက် ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် မြန်မာနိုင်ငံက Note 9 အသုံးပြုသူတွေအနေနဲ့ ဇန်နဝါရီလ ၁၅ ရက်ထက် အနည်းငယ် နောက်ကျပြီးမှ Final Update ကို ရတာလည်း ဖြစ်နိုင်ပါတယ်။ Android 9 ဟာ ၂၀၁၈ သြဂုတ်လကတည်းက ဖြန့်ချိခဲ့တာဖြစ်ပါတယ်။ OnePlus 6 ကတော့ စက်တင်ဘာလကတည်းက Stable version ကို အသုံးပြုနိုင်ခဲ့တာပါ။ သူ့နောက်မှာတော့ Sony Xperia XZ2 က အောက်တိုဘာလအတွင်းမှာ အသုံးပြုနိုင်ခဲ့ပါတယ်။

Ref: SAMmobile