Samsung ဟာ On Series ရဲ့ နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ Samsung Galaxy On6 ကို အိန္ဒိယမှာ တရားဝင် ကြေညာခဲ့ပါတယ်။ ဒီဖုန်းဟာ Galaxy J6 ရဲ့ အမြွှာလို့ပြောရင်လည်း မမှားပါဘူး။ 5.6 inch အကျယ်ရှိတဲ့ 1480 x 720px AMOLED Display ကိုသုံးထားပြီး အတွင်းမှာတော့ Exynos 7870 Chipset နဲ့ Run ထားပါတယ်။

Source: gadgets.ndtv.com

Storage အနေနဲ့ကတော့ Internal 64GB နဲ့ Micro Sd Card လည်းထပ်စိုက်ပြီး သုံးလို့ရတယ်လို့ ဆိုပါတယ်။ Camera ပိုင်းမှာဆိုရင်တော့ Main Camera ကို 13MP သုံးထားပြီး Selfie Camera ကိုတော့ 8MP ကိုသုံးထားပါတယ်။ Battery အနေနဲ့ကတော့ 3000 mAh Battery ကိုသုံးထားပါတယ်။

Source: bgr.in

Android 8.0 Oreo ကိုသုံးထားပြီး Fingerprint Scanner တစ်ခုလည်း ပါဝင်ပါတယ်။ Dual Sim သုံးလို့ရပြီး 3.5mm Audio Jack နဲ့ FM Radio လည်းအပါအဝင်ပါ။ အရောင်အနေနဲ့ကတော့ အပြာ နဲ့ အနက် ဆိုပြီး ရွေးချယ်စရာ ၂ မျိုးရှိမှာ ဖြစ်ပါတယ်။ အခု ဇူလိုင် ၅ ရက်နေ့မှာ စတင်ရောင်းချမှာ ဖြစ်ပြီး ဈေ၊းနှုန်းအနေနဲ့ကတော့ $200 ကျော်လောက်နဲ့ စတင်ရောင်းချနိုင်ပါတယ်။