[Zawgyi]

Samsung Galaxy S10 သုံးမ်ိဳးဟာ လာမယ့္ ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔မွာ တရားဝင္မိတ္ဆက္မွာဆိုေတာ့ အားလုံးရဲ႕ စိတ္ဝင္စားမႈေတြက ပိုၿပီးေတာ့ အရွိန္ျပင္းထန္လာၿပီလို႔ ဆိုရမွာပါ။ အလားတူပဲ ဒီဖုန္းေတြနဲ႔ပတ္သက္ၿပီး အခ်က္အလက္ေပါက္ၾကားမႈေတြကလည္း အလ်ဥ္မျပတ္ ထြက္ေပၚလာေတာ့မွာ ျဖစ္ပါတယ္။

Galaxy S10 ေတြထဲမွာ S10 Plus ဟာ 5G version လည္း ျဖစ္လိမ့္မယ္လို႔ သတင္းေတြ ႀကိဳတင္ထြက္ေပၚေနခဲ့ၿပီးသားပါ။ (Verizon နဲ႔ ပူးေပါင္းလုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္) ဒါ့အျပင္ Flagship တစ္လုံးျဖစ္တာနဲ႔အညီ ေနာက္ဆုံးေပၚနည္းပညာတစ္ခုျဖစ္တဲ့ Ultrasonic In-Display Fingerprint Sensor ကိုလည္း ထည့္သြင္းထားႏိုင္တယ္တာလည္း ျဖစ္ပါတယ္။

အခု ေနာက္ဆုံးထြက္ သတင္းကေတာ့ Geekbench မွာ Snapdragon 855 chipset နဲ႔ Test drive ျပဳလုပ္ခဲ့တာပဲ ျဖစ္ပါတယ္။ ရမွတ္ကေတာ့ ယခင္ထြက္ေပၚထားတဲ့ Snapdragon 845 SoC နဲ႔ ႏႈိင္းယွဥ္ရင္ ပိုၿပီးေတာ့ ေကာင္းလာတာ ေတြ႕ရမွာပါ။ ဒါေပမယ့္လည္း လက္ရွိရမွတ္ေတြအရ Samsung ဟာ စမ္းသပ္ေနတုန္းပဲျဖစ္ၿပီး အၿပီးသတ္ ဆုံးျဖတ္ခ်က္ကိုေတာ့ မခ်မွတ္ရေသးဘူးလို႔ ယူဆရပါတယ္။

ပိုၿပီးစိတ္ဝင္စားစရာေကာင္းတဲ့အခ်က္က Geekbench မွာေတြ႕ရတဲ့ RAM ပမာဏက 6GB RAM ျဖစ္ေနတာပါပဲ။ အေစာပိုင္း ေကာလာဟလသတင္းထြက္ခဲ့တာက 10GB RAM သုံးထားမယ္ဆိုတာပါ။ ဒီေတာ့ အခုတစ္ေခါက္ ထြက္လာတဲ့ အခ်က္အလက္ကလည္း ေနာက္ဆုံးအၿပီးသတ္ စမ္းသပ္မႈ ျဖစ္ခ်င္မွ ျဖစ္လာႏိုင္ပါတယ္။ ဒါေပမယ့္ ေသခ်ာတဲ့ အခ်က္အလက္ကေတာ့ ဒီလထဲမွာ ေပါက္ၾကားထြက္ေပၚလာႏိုင္ေသးတာေၾကာင့္ ေစာင့္ၾကည့္ရဦးမွာပါ။

Ref: GSMArena

[Unicode]

Geekbench ပေါ် ရောက်လာပြန်တဲ့ Snapdragon 855 နဲ့ Samsung Galaxy S10 Plus

Samsung Galaxy S10 သုံးမျိုးဟာ လာမယ့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ တရားဝင်မိတ်ဆက်မှာဆိုတော့ အားလုံးရဲ့ စိတ်ဝင်စားမှုတွေက ပိုပြီးတော့ အရှိန်ပြင်းထန်လာပြီလို့ ဆိုရမှာပါ။ အလားတူပဲ ဒီဖုန်းတွေနဲ့ပတ်သက်ပြီး အချက်အလက်ပေါက်ကြားမှုတွေကလည်း အလျဉ်မပြတ် ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။

Galaxy S10 တွေထဲမှာ S10 Plus ဟာ 5G version လည်း ဖြစ်လိမ့်မယ်လို့ သတင်းတွေ ကြိုတင်ထွက်ပေါ်နေခဲ့ပြီးသားပါ။ (Verizon နဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ သိရပါတယ်) ဒါ့အပြင် Flagship တစ်လုံးဖြစ်တာနဲ့အညီ နောက်ဆုံးပေါ်နည်းပညာတစ်ခုဖြစ်တဲ့ Ultrasonic In-Display Fingerprint Sensor ကိုလည်း ထည့်သွင်းထားနိုင်တယ်တာလည်း ဖြစ်ပါတယ်။

အခု နောက်ဆုံးထွက် သတင်းကတော့ Geekbench မှာ Snapdragon 855 chipset နဲ့ Test drive ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ရမှတ်ကတော့ ယခင်ထွက်ပေါ်ထားတဲ့ Snapdragon 845 SoC နဲ့ နှိုင်းယှဉ်ရင် ပိုပြီးတော့ ကောင်းလာတာ တွေ့ရမှာပါ။ ဒါပေမယ့်လည်း လက်ရှိရမှတ်တွေအရ Samsung ဟာ စမ်းသပ်နေတုန်းပဲဖြစ်ပြီး အပြီးသတ် ဆုံးဖြတ်ချက်ကိုတော့ မချမှတ်ရသေးဘူးလို့ ယူဆရပါတယ်။

ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့အချက်က Geekbench မှာတွေ့ရတဲ့ RAM ပမာဏက 6GB RAM ဖြစ်နေတာပါပဲ။ အစောပိုင်း ကောလာဟလသတင်းထွက်ခဲ့တာက 10GB RAM သုံးထားမယ်ဆိုတာပါ။ ဒီတော့ အခုတစ်ခေါက် ထွက်လာတဲ့ အချက်အလက်ကလည်း နောက်ဆုံးအပြီးသတ် စမ်းသပ်မှု ဖြစ်ချင်မှ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် သေချာတဲ့ အချက်အလက်ကတော့ ဒီလထဲမှာ ပေါက်ကြားထွက်ပေါ်လာနိုင်သေးတာကြောင့် စောင့်ကြည့်ရဦးမှာပါ။

Ref: GSMArena