[Zawgyi]

Galaxy S10 သုံးမ်ိဳးကေတာ့ လာမယ့္ ၂၀၁၉ ဘာစီလိုနာ MWC မွာ ျမင္ေတြ႕ရဖြယ္ ရွိတာေၾကာင့္ တရားဝင္ ေၾကညာခ်ိန္က သုံးလေလာက္ပဲ လိုေတာ့တယ္လို႔ ဆိုရမွာပါ။ ဒါေၾကာင့္ ေကာလာဟလေတြကလည္း ပိုၿပီး မ်ားသထက္ မ်ားလာေနပါၿပီ။ အခုေနာက္ဆုံး ေကာလာဟလကေတာ့ Benchmarks ေပၚေပါက္လာတာပါ။

ဒီတစ္ခါေပၚေပါက္လာတဲ့ Benchmarks ေတြအရ တန္ဖိုးႀကီးတဲ့ ဖုန္းမ်ိဳး ျဖစ္တဲ့ Galaxy S10 Plus နဲ႔ ေဈးခ်ိဳတဲ့ အမ်ိဳးအစားျဖစ္တဲ့ Galaxy S10 Lite တို႔ရဲ႕အခ်က္အလက္ အခ်ိဳ႕ကို သိခြင့္ရခဲ့ပါတယ္။ ဒီဖုန္းႏွစ္ခုလုံးရဲ႕ ေမာ္ဒယ္နံပါတ္ေတြကေတာ့ SM ေတြနဲ႔ အစျပဳၾကပါတယ္။ Lite Version က SM-G970 ျဖစ္ၿပီး Plus ရဲ႕နံပါတ္ကေတာ့ SM-G975 ျဖစ္ပါတယ္။

စမ္းသပ္ထားတဲ့ ရလဒ္ေတြက ေဖာ္ျပတာေတာ့ S10 Lite ရဲ႕ Screen resolution ဟာ 360 x 760 ျဖစ္ၿပီး 1080 x 2280 pixels resolution နဲ႔ 19:9 အခ်ိဳးအစား ျဖစ္ပါတယ္။ Plus model ကေတာ့ 412 x 869 ျဖစ္တာေၾကာင့္ 1440 x 3040 pixels resolution ျဖစ္တယ္လို႔ သိရပါတယ္။ QHD+ resolution ပါ။

HTML5 Test ကေဖာ္ျပေနတဲ့ ရမွတ္ေတြကို ၾကည့္ရင္ေတာ့ Galaxy S10 Lite က အေတာ္ေလးကို အမွတ္ေကာင္းတာ ေတြ႕ရပါတယ္။ ဒါေပမယ့္ အခု စမ္းသပ္မႈမွာ ဒီဖုန္းႏွစ္မ်ိဳးစလုံးက တည္ေဆာက္ေနဆဲျဖစ္ၿပီး အၿပီးသတ္မဟုတ္ေသးတာေၾကာင့္ Final Score ေတြရဖို႔ ဆက္ၿပီးေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

 

Ref: GSMarena

 

[Unicode]

Galaxy S10 သုံးမျိုးကတော့ လာမယ့် ၂၀၁၉ ဘာစီလိုနာ MWC မှာ မြင်တွေ့ရဖွယ် ရှိတာကြောင့် တရားဝင် ကြေညာချိန်က သုံးလလောက်ပဲ လိုတော့တယ်လို့ ဆိုရမှာပါ။ ဒါကြောင့် ကောလာဟလတွေကလည်း ပိုပြီး များသထက် များလာနေပါပြီ။ အခုနောက်ဆုံး ကောလာဟလကတော့ Benchmarks ပေါ်ပေါက်လာတာပါ။

ဒီတစ်ခါပေါ်ပေါက်လာတဲ့ Benchmarks တွေအရ တန်ဖိုးကြီးတဲ့ ဖုန်းမျိုး ဖြစ်တဲ့ Galaxy S10 Plus နဲ့ ဈေးချိုတဲ့ အမျိုးအစားဖြစ်တဲ့ Galaxy S10 Lite တို့ရဲ့အချက်အလက် အချို့ကို သိခွင့်ရခဲ့ပါတယ်။ ဒီဖုန်းနှစ်ခုလုံးရဲ့ မော်ဒယ်နံပါတ်တွေကတော့ SM တွေနဲ့ အစပြုကြပါတယ်။ Lite Version က SM-G970 ဖြစ်ပြီး Plus ရဲ့နံပါတ်ကတော့ SM-G975 ဖြစ်ပါတယ်။

စမ်းသပ်ထားတဲ့ ရလဒ်တွေက ဖော်ပြတာတော့ S10 Lite ရဲ့ Screen resolution ဟာ 360 x 760 ဖြစ်ပြီး 1080 x 2280 pixels resolution နဲ့ 19:9 အချိုးအစား ဖြစ်ပါတယ်။ Plus model ကတော့ 412 x 869 ဖြစ်တာကြောင့် 1440 x 3040 pixels resolution ဖြစ်တယ်လို့ သိရပါတယ်။ QHD+ resolution ပါ။

HTML5 Test ကဖော်ပြနေတဲ့ ရမှတ်တွေကို ကြည့်ရင်တော့ Galaxy S10 Lite က အတော်လေးကို အမှတ်ကောင်းတာ တွေ့ရပါတယ်။ ဒါပေမယ့် အခု စမ်းသပ်မှုမှာ ဒီဖုန်းနှစ်မျိုးစလုံးက တည်ဆောက်နေဆဲဖြစ်ပြီး အပြီးသတ်မဟုတ်သေးတာကြောင့် Final Score တွေရဖို့ ဆက်ပြီးစောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

 

Ref: GSMarena