[Zawgyi]

ဆမ္ေဆာင္းရဲ႕ Galaxy S10 Lite (နာမည္ေျပာင္းလဲႏုိင္ဖြယ္ရွိ) စမတ္ဖုန္းသစ္ဟာ သူ႕ရဲ႕ Line-up ထဲမွာ Flat Screen အသုံးျပဳလာတဲ့ တစ္ခုတည္းေသာ ဟန္းဆက္ျဖစ္တာေၾကာင့္ စိတ္ဝင္စားစရာ ေကာင္းပါတယ္။ အျခားေမာ္ဒယ္ေတြမွာ ေဘးဘက္ကို Curved သုံးထားတာေၾကာင့္ Bezel ေဘာင္ေတြကို ပိုျပီးနည္းပါးေစတယ္။ ဒါေပမယ့္ ခုေပၚထြက္လာတဲ့ Galaxy S10 Lite ရဲ႕ Render ဒီဇုိင္းပုံရိပ္အၾကမ္းမွာလည္း ေကာင္းမြန္ရွင္းလင္းတဲ့ Flat Screen ကိုျမင္ေတြ႕ရမွာပါ။

5.8” လက္မအရြယ္ရွိတဲ့ Display ရဲ႕ပတ္လည္မွာ Bezel လိုင္းဟာ ညီမွ်တဲ့ အထူပမာဏနဲ႔ ဝန္းရံထားတာကို ေတြ႕ရတယ္။ Notch ေတြ၊ Chin ေတြလည္း လုံးဝမပါဘူး။ Notch အစား ေရွ႕ဘက္ဆယ္လ္ဖီကို Screen ရဲ႕အေပၚညာဘက္ေထာင့္က အေပါက္ေလးထဲမွာ ထည့္သြင္းလာမွာ ျဖစ္တယ္။

Display Hole ပါဝင္တဲ့ ဖုန္းအမ်ားစုမွာေရာ၊ Notch ဒီဇုိင္းနဲ႔ ဟန္းဆက္ေတြမွာပါ ေအာက္ေျခမွာေတာ့ Chin တစ္ခု ပါဝင္ေလ့ရွိတာ မ်ားပါတယ္။ ဆမ္ေဆာင္းရဲ႕ ပထမဆုံး Camera Hole နဲ႔စမတ္ဖုန္း Galaxy A8s မွာေတာင္ ပါဝင္တယ္။ ဘာလို႔လဲဆုိ Screen ဟာသူ႕ရဲ႕ေအာက္က Motherboard နဲ႔ခ်ိတ္ဆက္ၿပီး လုပ္ကုိင္ရမွာ ျဖစ္တာေၾကာင့္ ေပးထားတဲ့ေနရာနည္းရင္ ထည့္သြင္းတည္ေဆာက္ရတာ ခက္ခဲျပီး ကုန္က်မႈ ပိုမ်ားလို႔ ျဖစ္ပါတယ္။ လက္ရွိမွာ Apple ကုမၸဏီကသာ ဒီလို ဒီဇုိင္းမ်ဳိးကို အလုပ္ျဖစ္ေအာင္ ဖန္တီးႏုိင္တာ ျဖစ္တယ္။

ဘာပဲျဖစ္ျဖစ္ Galaxy S10 Lite မွာေဘးဘက္ Fingerprint Reader တစ္ခုလည္း ပါဝင္တယ္ ဆုိတာ မၾကာေသးခင္က Leak ျဖစ္ခဲ့တဲ့ သူ႕ရဲ႕ Case ပုံရိပ္ေၾကာင့္ သိထားရပါျပီ။ ေက်ာဘက္မွာ Dual-camera ပါမွာ ျဖစ္သလို ေအာက္ဘက္မွာလည္း 3.5mm Headphone Jack ေပါက္ေလး ပါမွာပါ။

Ref – GSM Arena

[Unicode]

ဆမ်ဆောင်းရဲ့ Galaxy S10 Lite (နာမည်ပြောင်းလဲနိုင်ဖွယ်ရှိ) စမတ်ဖုန်းသစ်ဟာ သူ့ရဲ့ Line-up ထဲမှာ Flat Screen အသုံးပြုလာတဲ့ တစ်ခုတည်းသော ဟန်းဆက်ဖြစ်တာကြောင့် စိတ်ဝင်စားစရာ ကောင်းပါတယ်။ အခြားမော်ဒယ်တွေမှာ ဘေးဘက်ကို Curved သုံးထားတာကြောင့် Bezel ဘောင်တွေကို ပိုပြီးနည်းပါးစေတယ်။ ဒါပေမယ့် ခုပေါ်ထွက်လာတဲ့ Galaxy S10 Lite ရဲ့ Render ဒီဇိုင်းပုံရိပ်အကြမ်းမှာလည်း ကောင်းမွန်ရှင်းလင်းတဲ့ Flat Screen ကိုမြင်တွေ့ရမှာပါ။

5.8” လက်မအရွယ်ရှိတဲ့ Display ရဲ့ပတ်လည်မှာ Bezel လိုင်းဟာ ညီမျှတဲ့ အထူပမာဏနဲ့ ဝန်းရံထားတာကို တွေ့ရတယ်။ Notch တွေ၊ Chin တွေလည်း လုံးဝမပါဘူး။ Notch အစား ရှေ့ဘက်ဆယ်လ်ဖီကို Screen ရဲ့အပေါ်ညာဘက်ထောင့်က အပေါက်လေးထဲမှာ ထည့်သွင်းလာမှာ ဖြစ်တယ်။

Display Hole ပါဝင်တဲ့ ဖုန်းအများစုမှာရော၊ Notch ဒီဇိုင်းနဲ့ ဟန်းဆက်တွေမှာပါ အောက်ခြေမှာတော့ Chin တစ်ခု ပါဝင်လေ့ရှိတာ များပါတယ်။ ဆမ်ဆောင်းရဲ့ ပထမဆုံး Camera Hole နဲ့စမတ်ဖုန်း Galaxy A8s မှာတောင် ပါဝင်တယ်။ ဘာလို့လဲဆို Screen ဟာသူ့ရဲ့အောက်က Motherboard နဲ့ချိတ်ဆက်ပြီး လုပ်ကိုင်ရမှာ ဖြစ်တာကြောင့် ပေးထားတဲ့နေရာနည်းရင် ထည့်သွင်းတည်ဆောက်ရတာ ခက်ခဲပြီး ကုန်ကျမှု ပိုများလို့ ဖြစ်ပါတယ်။ လက်ရှိမှာ Apple ကုမ္ပဏီကသာ ဒီလို ဒီဇိုင်းမျိုးကို အလုပ်ဖြစ်အောင် ဖန်တီးနိုင်တာ ဖြစ်တယ်။

ဘာပဲဖြစ်ဖြစ် Galaxy S10 Lite မှာဘေးဘက် Fingerprint Reader တစ်ခုလည်း ပါဝင်တယ် ဆိုတာ မကြာသေးခင်က Leak ဖြစ်ခဲ့တဲ့ သူ့ရဲ့ Case ပုံရိပ်ကြောင့် သိထားရပါပြီ။ ကျောဘက်မှာ Dual-camera ပါမှာ ဖြစ်သလို အောက်ဘက်မှာလည်း 3.5mm Headphone Jack ပေါက်လေး ပါမှာပါ။

Ref – GSM Arena