[Zawgyi]

Samsung ရယ္မွေတာ့မဟုတ္ပါဘူး။ ခုေနာက္ပိုင္းဖုန္းေတာ္ေတာ္မ်ားမ်ားက Screen Size ကို ပိုပိုၾကီးေအာင္ ဖန္တီးလာၾကေတာ့ လက္တစ္ဖက္တည္းန႔ဲ ကုိင္သံုးလို႔ရတဲ့ဖုန္းဆိုတာ ရွားသေလာက္ပါပဲ။ Samsung ရဲ႕ S8, S9 တို႔ေတာင္မွ ကိုင္သံုးရတာ နည္းနည္းအဆင္ေျပေသးေပမယ့္ S8+ တို႔ S9+ တို႔လို Plus Size ေတြက်ေတာ့ Width က ေတာ္ေတာ္က်ယ္သြားပါတယ္။

လာမယ့္ S10 ေတြက်ရင္ ခုထက္ကို ပိုက်ယ္လာဦးမွာဆိုေတာ့ Samsung Fan ေတြအေနနဲ႔လည္း Screen Size ခပ္ေသးေသးမ်ိဳး လိုခ်င္တဲ့သူလည္း ရိွရင္ရိွမွာပါ။ အဲဒီအတြက္ Samsung ကေန Galaxy S10 Lite ေလး ထြက္လာေပးမွာျဖစ္ျပီး သူ႔မွာေတာ့ ေက်ာဘက္ကင္မရာ ၃လံုး ေရွ႕ဘက္ Selfie ကင္မရာ၂လံုးေတြေတာ့ ေမွ်ာ္လင့္လို႔ရမွာ မဟုတ္ပါဘူး။

Specification  ေတြ ျပည့္ျပည့္စံုစံုေတာ့ မသိရေပမယ့္ သိထားရတာတစ္ခုကေတာ့  S10 ေတြ S10 Plus ေတြမွာေတာင္ မပါတဲ့အေရာင္တစ္ေရာင္ကို S10 Lite ေတြမွာ ေတြ႔ရမယ္ဆိုတာပါ။

Galaxy S10 Series ေတြကေတာ့ အေရာင္ေတြအေနနဲ႔ အျဖဴ၊ အနက္၊ အစိမ္း၊ အျပာဆိုျပီး ထြက္လာမွာပါ။ အဲထဲမွာမွ 5G လည္းရ ကင္မရာကလည္း ေရွ႕ေရာေနာက္ေရာေပါင္းလိုက္ရင္ ကင္မရာ၆လံုးနဲ႔ လာမယ့္ ထိပ္ဆံုးေမာ္ဒယ္ေလးကေတာ့ Ceramic ကိုယ္ထည္နဲ႔ လာဖို႔ရိွပါေသးတယ္။

S10, S10 Plus မွာ ခုနကအေရာင္ေတြနဲ႔လာေပမယ့္  S10 Ceramic မွာ အျဖဴနဲ႔အနက္၊ အဲတာထက္ S10 Lite မွာ အဝါေရာင္ပါ ပါလာမယ္ဆိုတာကေတာ့ စိတ္ဝင္စားစရာပါပဲ။ အကုန္လံုး ခုေခတ္စားေနတဲ့ Gradient Color နဲ႔ ထြက္လာမလားဆိုတာေတာ့ မေျပာတတ္ေသးပါဘူး။

ဒါေတြကေတာ့ ထြက္လာတဲ့သတင္းအရသာ ေျပာရတာပါ။ တကယ္လည္း အ့ဲအေရာင္ေတြနဲ႔ ထြက္လာႏုိင္သလို အနည္းငယ္ေျပာင္းလဲတာေတြလည္း ျဖစ္ေကာင္းျဖစ္ႏုိင္ပါတယ္။ ေနာက္ႏွစ္ထဲမွာလည္း ထြက္လာေတာ့မွာဆိုေတာ့ ၾကားထဲမွာ ၾကားရသမွ်သတင္းအကုန္က Samsung ဆီက မဟုတ္ရင္ တစ္ထစ္ခ်ယံုလို႔မရတဲ့အေနအထားဆိုေတာ့ ေစာင့္ၾကည့္ဖို႔ပဲ ရိွပါေတာ့တယ္။

Source:  SamMobile

[Unicode]

Samsung ရယ်မှတော့မဟုတ်ပါဘူး။ ခုနောက်ပိုင်းဖုန်းတော်တော်များများက Screen Size ကို ပိုပိုကြီးအောင် ဖန်တီးလာကြတော့ လက်တစ်ဖက်တည်းနဲ့ ကိုင်သုံးလို့ရတဲ့ဖုန်းဆိုတာ ရှားသလောက်ပါပဲ။ Samsung ရဲ့ S8, S9 တို့တောင်မှ ကိုင်သုံးရတာ နည်းနည်းအဆင်ပြေသေးပေမယ့် S8+ တို့ S9+ တို့လို Plus Size တွေကျတော့ Width က တော်တော်ကျယ်သွားပါတယ်။

လာမယ့် S10 တွေကျရင် ခုထက်ကို ပိုကျယ်လာဦးမှာဆိုတော့ Samsung Fan တွေအနေနဲ့လည်း Screen Size ခပ်သေးသေးမျိုး လိုချင်တဲ့သူလည်း ရှိရင်ရှိမှာပါ။ အဲဒီအတွက် Samsung ကနေ Galaxy S10 Lite လေး ထွက်လာပေးမှာဖြစ်ပြီး သူ့မှာတော့ ကျောဘက်ကင်မရာ ၃လုံး ရှေ့ဘက် Selfie ကင်မရာ၂လုံးတွေတော့ မျှော်လင့်လို့ရမှာ မဟုတ်ပါဘူး။

Specification  တွေ ပြည့်ပြည့်စုံစုံတော့ မသိရပေမယ့် သိထားရတာတစ်ခုကတော့  S10 တွေ S10 Plus တွေမှာတောင် မပါတဲ့အရောင်တစ်ရောင်ကို S10 Lite တွေမှာ တွေ့ရမယ်ဆိုတာပါ။

Galaxy S10 Series တွေကတော့ အရောင်တွေအနေနဲ့ အဖြူ၊ အနက်၊ အစိမ်း၊ အပြာဆိုပြီး ထွက်လာမှာပါ။ အဲထဲမှာမှ 5G လည်းရ ကင်မရာကလည်း ရှေ့ရောနောက်ရောပေါင်းလိုက်ရင် ကင်မရာ၆လုံးနဲ့ လာမယ့် ထိပ်ဆုံးမော်ဒယ်လေးကတော့ Ceramic ကိုယ်ထည်နဲ့ လာဖို့ရှိပါသေးတယ်။

S10, S10 Plus မှာ ခုနကအရောင်တွေနဲ့လာပေမယ့်  S10 Ceramic မှာ အဖြူနဲ့အနက်၊ အဲတာထက် S10 Lite မှာ အဝါရောင်ပါ ပါလာမယ်ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ အကုန်လုံး ခုခေတ်စားနေတဲ့ Gradient Color နဲ့ ထွက်လာမလားဆိုတာတော့ မပြောတတ်သေးပါဘူး။

ဒါတွေကတော့ ထွက်လာတဲ့သတင်းအရသာ ပြောရတာပါ။ တကယ်လည်း အဲ့အရောင်တွေနဲ့ ထွက်လာနိုင်သလို အနည်းငယ်ပြောင်းလဲတာတွေလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ နောက်နှစ်ထဲမှာလည်း ထွက်လာတော့မှာဆိုတော့ ကြားထဲမှာ ကြားရသမျှသတင်းအကုန်က Samsung ဆီက မဟုတ်ရင် တစ်ထစ်ချယုံလို့မရတဲ့အနေအထားဆိုတော့ စောင့်ကြည့်ဖို့ပဲ ရှိပါတော့တယ်။

Source:  SamMobile