Zawgyi



၆.၁လက်မ မျက်နှာပြင် အကျယ်ရှိ Galaxy S10 မှာ Curved Display ကို အသုံးပြုထားမှာ ဖြစ်ပြီး Memory Storage 128GB နဲ့ 256GB ဆိုပြီး ၂မျိုး ရွေးချယ်ဝယ်ယူ နိုင်မယ်လို့ သိရပါတယ်။ Storage 128GB ရဲ့ ဈေးနှုန်းက ကန်ဒေါ်လာ ၁၀၀၉ ဒေါ်လာ (မြန်မာငွေ ၁၆သိန်း ဝန်းကျင်) ဖြစ်နိုင်ပြီး Storage 256GB ရဲ့ ဈေးနှုန်းကတော့ ကန်ဒေါ်လာ ၁၂၆၂ ဒေါ်လာ (မြန်မာငွေ သိန်း၂၀ ဝန်းကျင်) ဖြစ်နိုင်ပါတယ်။

၆.၄လက်မ မျက်နှာပြင် အကျယ်ရှိ Galaxy S10 Plus မှာလည်း Curved Display ကို အသုံးပြုထားမှာ ဖြစ်ပြီး Memory Storage 128GB, 512GB နဲ့ 1TB ဆိုပြီး ၃မျိုး ရွေးချယ်ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။ Storage 128GB ရဲ့ ဈေးနှုန်းက ကန်ဒေါ်လာ ၁၁၃၆ ဒေါ်လာ (မြန်မာငွေ ၁၈သိန်း ဝန်းကျင်)၊ Storage 512GB ရဲ့ ဈေးနှုန်းက ကန်ဒေါ်လာ ၁၃၈၈ ဒေါ်လာ (မြန်မာငွေ ၂၂သိန်း ဝန်းကျင်) ဖြစ်နိုင်ပြီး Storage 1TB ရဲ့ဈေးနှုန်းကတော့ ကန်ဒေါ်လာ ၁၇၆၇ ဒေါ်လာ (မြန်မာငွေ ၂၈သိန်း ဝန်းကျင်) ဖြစ်နိုင်ပါတယ်။

၅.၈လက်မ မျက်နှာပြင် အကျယ်ရှိ Galaxy S10 Lite မှာတော့ သာမန် Flat Display ကိုသာ အသုံးပြုထားနိုင်ပြီး Memory Storage 128GB တစ်မျိုးတည်းသာ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။ ဈေးနှုန်းကတော့ ကန်ဒေါ်လာ ၈၄၅ ဒေါ်လာ (မြန်မာငွေ ၁၃သိန်း ဝန်းကျင်) ဖြစ်နိုင်တယ်လို့ သိရပါတယ်။

Ref : androidauthority

Unicode

Samsung Galaxy S10 စီးရီး ထွက်ရှိမယ့်နေ့နဲ့ စျေးနှုန်းများ ပေါက်ကြား

အင်္ဂလန်နိုင်ငံ အခြေစိုက် နည်းပညာဝက်ဆိုက်တစ်ခုဖြစ်တဲ့ Gizmodo ကြောင့် Galaxy S10 နဲ့ပတ်သတ်တဲ့ သတင်းတွေကတော့ အွန်လိုင်းပေါ်မှာ ပြန့်ကျဲနေပါပြီ။ Gizmodo ကနေ ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ အချက်အလက်တွေအရဆိုရင် Samsung Galaxy S10 ကို Mobile World Congress 2019 မတိုင်ခင်မှာ မိတ်ဆက်သွားနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။

Samsung အနေနဲ့ ပုံမှန်ဆိုရင် သူတို့ရဲ့ S စီးရီးတွေကို MWC မှာပဲ မိတ်ဆက်လေ့ ရှိပါတယ်။ ဒီနှစ် Galaxy S10 မိတ်ဆက်ပွဲကိုတော့ MWC 2019 မတိုင်ခင် ၅ရက်အလို ဖေဖော်ဝါရီ ၂၀ရက်နေ့မှာ ခါတိုင်းနဲ့မတူ တမူထူးခြားပြီး မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ ၂၀၁၉ခုနှစ် မတ်လ ၈ရက်နေ့ကို ရောက်တဲ့အခါမှာတော့ Samsung Galaxy S10 စီးရီးကို တရားဝင်ရောင်းချသွားလိမ့်မယ်ဆိုပြီး ဖော်ပြထားပါသေးတယ်။

၆.၁လက်မ မျက်နှာပြင် အကျယ်ရှိ Galaxy S10 မှာ Curved Display ကို အသုံးပြုထားမှာ ဖြစ်ပြီး Memory Storage 128GB နဲ့ 256GB ဆိုပြီး ၂မျိူး ရွေးချယ်ဝယ်ယူ နိုင်မယ်လို့ သိရပါတယ်။ Storage 128GB ရဲ့ စျေးနှုန်းက ကန်ဒေါ်လာ ၁၀၀၉ ဒေါ်လာ (မြန်မာငွေ ၁၆သိန်း ဝန်းကျင်) ဖြစ်နိုင်ပြီး Storage 256GB ရဲ့ စျေးနှုန်းကတော့ ကန်ဒေါ်လာ ၁၂၆၂ ဒေါ်လာ (မြန်မာငွေ သိန်း၂၀ ဝန်းကျင်) ဖြစ်နိုင်ပါတယ်။

၆.၄လက်မ မျက်နှာပြင် အကျယ်ရှိ Galaxy S10 Plus မှာလည်း Curved Display ကို အသုံးပြုထားမှာ ဖြစ်ပြီး Memory Storage 128GB, 512GB နဲ့ 1TB ဆိုပြီး ၃မျိူး ရွေးချယ်ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။ Storage 128GB ရဲ့ စျေးနှုန်းက ကန်ဒေါ်လာ ၁၁၃၆ ဒေါ်လာ (မြန်မာငွေ ၁၈သိန်း ဝန်းကျင်)၊ Storage 512GB ရဲ့ စျေးနှုန်းက ကန်ဒေါ်လာ ၁၃၈၈ ဒေါ်လာ (မြန်မာငွေ ၂၂သိန်း ဝန်းကျင်) ဖြစ်နိုင်ပြီး Storage 1TB ရဲ့စျေးနှုန်းကတော့ ကန်ဒေါ်လာ ၁၇၆၇ ဒေါ်လာ (မြန်မာငွေ ၂၈သိန်း ဝန်းကျင်) ဖြစ်နိုင်ပါတယ်။

၅.၈လက်မ မျက်နှာပြင် အကျယ်ရှိ Galaxy S10 Lite မှာတော့ သာမန် Flat Display ကိုသာ အသုံးပြုထားနိုင်ပြီး Memory Storage 128GB တစ်မျိူးတည်းသာ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။ စျေးနှုန်းကတော့ ကန်ဒေါ်လာ ၈၄၅ ဒေါ်လာ (မြန်မာငွေ ၁၃သိန်း ဝန်းကျင်) ဖြစ်နိုင်တယ်လို့ သိရပါတယ်။

Ref : androidauthority