[Zawgyi]

Samsung ဟာ လာမယ့္ ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔မွာ Galaxy S10 ေတြကို မိတ္ဆက္ေပးသြားမယ္ဆိုတဲ့ သတင္းထြက္ေပၚလာၿပီးေနာက္ ဒီ Flagship ေတြနဲ႔ ပတ္သက္တဲ့ သတင္းေတြဟာ ပိုၿပီးေတာ့ စိတ္ဝင္စားဖြယ္ရာ ျဖစ္ပါလာပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ Samsung ဟာ သူ႔ရဲ႕ ထုတ္ကုန္နဲ႔ ပတ္သက္ၿပီး ဖိတ္စာကလြဲရင္ တျခားဘာကိုမွ မေျပာထားလို႔ပါပဲ။

၂၀၁၈ ခုႏွစ္ရဲ႕ ဇူလိုင္လလယ္ေလာက္မွာ Samsung ဟာ ကမာၻ႔ပထမဆုံး LPDDR5 memory chip အေၾကာင္းကို ထုတ္ေဖာ္မိတ္ဆက္ခဲ့ဖူးပါတယ္။ ဒီ Memory chip ကို သူတို႔ရဲ႕ မ်ိဳးဆက္သစ္ စမတ္ဖုန္းေတြမွာ အသုံးျပဳမယ္လို႔လည္း ေျပာခဲ့ပါတယ္။ ဒီေတာ့ ၂၀၁၉ ရဲ႕ အေစာပိုင္းမွာ မိတ္ဆက္ေတာ့မယ့္ Galaxy S10 သုံးမ်ိဳးမွာ ဒီနည္းပညာသစ္ကို ေတြ႕ျမင္လာရဖြယ္ရွိေနတာလည္း ျဖစ္ပါတယ္။

ဒီအေၾကာင္းကေတာ့ ထုံးစံအတိုင္း ေကာလာဟလအေနနဲ႔ ထြက္ေပၚလာတာဆိုေပမယ့္ ရင္ခုန္စရာေကာင္းတဲ့ သတင္းလို႔ေတာ့ ဆိုရမွာပါ။ LPDDR5 memory chip ေတြဟာ LPDDR4X chip ေတြထက္ Data transfer speed ကို 1.5x ပိုျမန္ေအာင္ ေဆာင္႐ြက္ေပးႏိုင္ၿပီး စြမ္းေဆာင္ရည္ပိုင္း သက္ေရာက္မႈကလည္း အနည္းဆုံး ၃၀% ပိုမိုထြက္ေပၚမွာ ျဖစ္ပါတယ္။ (Transfer rates ဟာ Up to 6,400Mbps လို႔ Samsung က ေၾကညာခဲ့ဖူးပါတယ္)

Samsung ဟာ အဆိုပါ High-bandwidth chip ေတြဟာ AI စြမ္းအင္သုံး Application ေတြနဲ႔ 5G ဖုန္းေတြအတြက္ ပိုျမင့္မားတဲ့ စြမ္းေဆာင္ရည္ကို ယူေဆာင္ေပးမယ္လို႔ ယုံၾကည္ေနပါတယ္။ ဒီအခ်က္ကလည္း Galaxy S10 ေတြမွာ LPDDR5 memory chip ေတြ သုံးလာႏိုင္တယ္ဆိုတဲ့ ယူဆခ်က္ကို ပိုမိုခိုင္မာေအာင္ ျပဳလုပ္ေပးေနသလိုပဲ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Samsung Galaxy S10 သုံးမျိုးမှာ LPDDR5 RAM သုံးထားတယ်လို့ သတင်းထွက်ပေါ်

Samsung ဟာ လာမယ့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ Galaxy S10 တွေကို မိတ်ဆက်ပေးသွားမယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပြီးနောက် ဒီ Flagship တွေနဲ့ ပတ်သက်တဲ့ သတင်းတွေဟာ ပိုပြီးတော့ စိတ်ဝင်စားဖွယ်ရာ ဖြစ်ပါလာပါတယ်။ ဘာကြောင့်လဲဆိုတော့ Samsung ဟာ သူ့ရဲ့ ထုတ်ကုန်နဲ့ ပတ်သက်ပြီး ဖိတ်စာကလွဲရင် တခြားဘာကိုမှ မပြောထားလို့ပါပဲ။

၂၀၁၈ ခုနှစ်ရဲ့ ဇူလိုင်လလယ်လောက်မှာ Samsung ဟာ ကမ္ဘာ့ပထမဆုံး LPDDR5 memory chip အကြောင်းကို ထုတ်ဖော်မိတ်ဆက်ခဲ့ဖူးပါတယ်။ ဒီ Memory chip ကို သူတို့ရဲ့ မျိုးဆက်သစ် စမတ်ဖုန်းတွေမှာ အသုံးပြုမယ်လို့လည်း ပြောခဲ့ပါတယ်။ ဒီတော့ ၂၀၁၉ ရဲ့ အစောပိုင်းမှာ မိတ်ဆက်တော့မယ့် Galaxy S10 သုံးမျိုးမှာ ဒီနည်းပညာသစ်ကို တွေ့မြင်လာရဖွယ်ရှိနေတာလည်း ဖြစ်ပါတယ်။

ဒီအကြောင်းကတော့ ထုံးစံအတိုင်း ကောလာဟလအနေနဲ့ ထွက်ပေါ်လာတာဆိုပေမယ့် ရင်ခုန်စရာကောင်းတဲ့ သတင်းလို့တော့ ဆိုရမှာပါ။ LPDDR5 memory chip တွေဟာ LPDDR4X chip တွေထက် Data transfer speed ကို 1.5x ပိုမြန်အောင် ဆောင်ရွက်ပေးနိုင်ပြီး စွမ်းဆောင်ရည်ပိုင်း သက်ရောက်မှုကလည်း အနည်းဆုံး ၃၀% ပိုမိုထွက်ပေါ်မှာ ဖြစ်ပါတယ်။ (Transfer rates ဟာ Up to 6,400Mbps လို့ Samsung က ကြေညာခဲ့ဖူးပါတယ်)

Samsung ဟာ အဆိုပါ High-bandwidth chip တွေဟာ AI စွမ်းအင်သုံး Application တွေနဲ့ 5G ဖုန်းတွေအတွက် ပိုမြင့်မားတဲ့ စွမ်းဆောင်ရည်ကို ယူဆောင်ပေးမယ်လို့ ယုံကြည်နေပါတယ်။ ဒီအချက်ကလည်း Galaxy S10 တွေမှာ LPDDR5 memory chip တွေ သုံးလာနိုင်တယ်ဆိုတဲ့ ယူဆချက်ကို ပိုမိုခိုင်မာအောင် ပြုလုပ်ပေးနေသလိုပဲ ဖြစ်ပါတယ်။

Ref: GSMArena