[Zawgyi]

Samsung အေနနဲ႔ ၁၀ႏွစ္ျပည့္ အထိမ္းမွတ္ စမတ္ဖုန္းေတြျဖစ္တဲ့ Galaxy S10 စီးရီးကို လာမယ့္ ေဖေဖာ္ဝါရီလ ၂၀ရက္ေန႔မွာ မိတ္ဆက္သြားမယ္ဆိုတာ အတည္ျပဳၿပီး ျဖစ္ပါတယ္။ မိတ္ဆက္ပြဲကိုေတာ့ အေမရိကန္ႏိုင္ငံ ဆန္ ဖရန္စစၥကိုၿမိဳ႕မွာ က်င္းပျပဳလုပ္သြားမွာျဖစ္ၿပီး၊ ကမာၻအႏွံ႔အျပားက ပရိတ္သတ္မ်ားအတြက္ Samsung ရဲ႕ တရားဝင္ ဝက္ဆိုက္ကေန တစ္ဆင့္ တိုက္႐ိုက္ထုတ္လႊင့္ေပးသြားမယ္လို႔ သိရပါတယ္။

Galaxy S10 စီးရီးထဲမွာ Galaxy S10, Galaxy S10 Plus နဲ႔ Galaxy S10 Lite ဆိုၿပီး ေမာ္ဒယ္ ၃မ်ိဴးရွိတဲ့အနက္ S10 စီးရီးရဲ႕ ေစ်းအသက္သာဆုံး စမတ္ဖုန္းျဖစ္လာမယ့္ သူကေတာ့ Galaxy S10 Lite ပဲျဖစ္ပါတယ္။ အဆိုပါ စမတ္ဖုန္းကို Samsung က Galaxy S10 E (Edge) လို႔ ေခၚဆိုႏိုင္ေၾကာင္း သတင္းမ်ား ထြက္ေပၚထားပါေသးတယ္။ ဘာပဲျဖစ္ျဖစ္ ဒီေန႔မွာေတာ့ Galaxy S10 E ရဲ႕ Geekbench ရမွတ္ေတြဟာ အင္တာနက္ေပၚမွာ ထပ္မံထြက္ေပၚလာျပန္ပါၿပီ။

Galaxy S10 E လို႔ ယူဆရတဲ့ ေမာ္ဒယ္နံပါတ္ SM-G970U အမည္ရွိ စမတ္ဖုန္းဟာ Single-Core Score မွာ ၁၉၈၆ နဲ႔ Multi-Core Score မွာ ၆၂၆၆ ရရွိထားတာ ေတြ႕ရပါတယ္။ Snapdragon 855 ကို အသုံးျပဳထားတဲ့ ဖုန္းတစ္လုံးအေနနဲ႔ အခုလိုမ်ိဴးရမွတ္ေတြကို ပိုင္ဆိုင္ထားတာဟာ လုံးဝ မျဖစ္သင့္ပါဘူး။ ဒါ့ေၾကာင့္ ဒီတစ္ေခါက္ Geekbench ကို အလည္ေရာက္လာတဲ့ Galaxy S10 E ဟာ စမ္းသပ္ဆဲ အလုံး ျဖစ္တယ္လို႔ ယူဆရပါတယ္။

RAM အေနနဲ႔ 6GB ပါဝင္တာေတြ႕ရၿပီး Android 9 Pie OS ကို ထည့္သြင္းေမာင္းႏွင္ထားပါတယ္။ Memory Storage ကိုေတာ့ 128GB ထည့္သြင္းထားႏိုင္ပါတယ္။ ဘက္ထရီ သိုေလွာင္မႈ ပမာဏ အနည္းဆုံး 3100mAh ပါဝင္ႏိုင္ၿပီး Fingerprint Sensor ကို ေဘးဘက္ Power-key ထဲမွာ ေပါင္းထည့္ထားတယ္လို႔ သိရပါတယ္။

Ref : Sammobile

[Unicode]

မိတ်မဆက်ခင်မှာ Geekbench ပေါ်ကို တဖန်ပြန်ရောက်လာတဲ့ Samsung Galaxy S10 E

Samsung အနေနဲ့ ၁၀နှစ်ပြည့် အထိမ်းမှတ် စမတ်ဖုန်းတွေဖြစ်တဲ့ Galaxy S10 စီးရီးကို လာမယ့် ဖေဖော်ဝါရီလ ၂၀ရက်နေ့မှာ မိတ်ဆက်သွားမယ်ဆိုတာ အတည်ပြုပြီး ဖြစ်ပါတယ်။ မိတ်ဆက်ပွဲကိုတော့ အမေရိကန်နိုင်ငံ ဆန် ဖရန်စစ္စကိုမြို့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး၊ ကမ္ဘာအနှံ့အပြားက ပရိတ်သတ်များအတွက် Samsung ရဲ့ တရားဝင် ဝက်ဆိုက်ကနေ တစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပေးသွားမယ်လို့ သိရပါတယ်။

Galaxy S10 စီးရီးထဲမှာ Galaxy S10, Galaxy S10 Plus နဲ့ Galaxy S10 Lite ဆိုပြီး မော်ဒယ် ၃မျိူးရှိတဲ့အနက် S10 စီးရီးရဲ့ စျေးအသက်သာဆုံး စမတ်ဖုန်းဖြစ်လာမယ့် သူကတော့ Galaxy S10 Lite ပဲဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းကို Samsung က Galaxy S10 E (Edge) လို့ ခေါ်ဆိုနိုင်ကြောင်း သတင်းများ ထွက်ပေါ်ထားပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ဒီနေ့မှာတော့ Galaxy S10 E ရဲ့ Geekbench ရမှတ်တွေဟာ အင်တာနက်ပေါ်မှာ ထပ်မံထွက်ပေါ်လာပြန်ပါြပီ။

Galaxy S10 E လို့ ယူဆရတဲ့ မော်ဒယ်နံပါတ် SM-G970U အမည်ရှိ စမတ်ဖုန်းဟာ Single-Core Score မှာ ၁၉၈၆ နဲ့ Multi-Core Score မှာ ၆၂၆၆ ရရှိထားတာ တွေ့ရပါတယ်။ Snapdragon 855 ကို အသုံးပြုထားတဲ့ ဖုန်းတစ်လုံးအနေနဲ့ အခုလိုမျိူးရမှတ်တွေကို ပိုင်ဆိုင်ထားတာဟာ လုံးဝ မဖြစ်သင့်ပါဘူး။ ဒါ့ကြောင့် ဒီတစ်ခေါက် Geekbench ကို အလည်ရောက်လာတဲ့ Galaxy S10 E ဟာ စမ်းသပ်ဆဲ အလုံး ဖြစ်တယ်လို့ ယူဆရပါတယ်။

RAM အနေနဲ့ 6GB ပါဝင်တာတွေ့ရပြီး Android 9 Pie OS ကို ထည့်သွင်းမောင်းနှင်ထားပါတယ်။ Memory Storage ကိုတော့ 128GB ထည့်သွင်းထားနိုင်ပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏ အနည်းဆုံး 3100mAh ပါဝင်နိုင်ပြီး Fingerprint Sensor ကို ဘေးဘက် Power-key ထဲမှာ ပေါင်းထည့်ထားတယ်လို့ သိရပါတယ်။

Ref : Sammobile