[Zawgyi]

သိပ္မၾကာခင္မွာ ပြဲထြက္လာေတာ့မယ့္ Galaxy S10 စီးရီးဟာ Samsung ရဲ႕ ၁၀ႏွစ္ျပည့္ အထိမ္းအမွတ္ စမတ္ဖုန္းေတြ ျဖစ္တာေၾကာင့္ လူေတာ္ေတာ္မ်ားမ်ားရဲ႕ စိတ္ဝင္စားျခင္းကို ခံေနရပါတယ္။ ဒါ့ေၾကာင့္လည္း Galaxy S10 စီးရီးရဲ႕ သတင္းေတြဟာ လတ္တေလာ အင္တာနက္စာမ်က္ႏွာေတြေပၚမွာ ပြက္ေလာ႐ိုက္ေနတာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၈ခုႏွစ္ဟာ Samsung အတြက္ စီးပြားေရး ခြၽတ္ၿခဳံက်ခဲ့တဲ့ ႏွစ္ ၁ႏွစ္လို႔ေျပာရမွာပါ။ ဒါ့ေၾကာင့္ ဒီႏွစ္ ၂၀၁၉ခုႏွစ္မွာ ျပန္လည္ေခါင္းေထာင္ႏိုင္ဖို႔အတြက္ Galaxy S10 စီးရီးဟာ Samsung ရဲ႕ ေမွ်ာ္လင့္ခ်က္ မီးအိမ္ေလး တစ္ခု ျဖစ္ပါတယ္။

Galaxy S10 စီးရီးနဲ႔ ပတ္သတ္ၿပီး အရင္တုန္းက ၾကားသိခဲ့ရတဲ့ သတင္းေတြအရဆိုရင္ Galaxy S10, Galaxy S10 Plus နဲ႔ Galaxy S10 Lite ဆိုၿပီး ေမာ္ဒယ္ ၃မ်ိဴး ထုတ္လုပ္ထားတယ္လို႔ သိရပါတယ္။ ဒီေန႔မွာေတာ့ တန္ဖိုးနည္း Flagship ေမာ္ဒယ္လို႔ လူသိမ်ားတဲ့ Galaxy S10 Lite ကို Galaxy S10 E လို႔ ကင္ပြန္းတပ္ထားေၾကာင္း သတင္းမ်ား ထြက္ေပၚလာပါတယ္။ ဒါ့အျပင္ အဆိုပါ စမတ္ဖုန္းမွာ In-display Fingerprint လည္း ပါဝင္မွာ မဟုတ္ပါဘူး။

Galaxy S10 E အမည္ရွိ စမတ္ဖုန္းမွာ Flat Infinity-O Display အမ်ိဴးအစားကို အသုံးျပဳထားတယ္လို႔ သိရပါတယ္။ တျခားေမာ္ဒယ္ေတြျဖစ္တဲ Galaxy S10 နဲ႔ Galaxy S10 Plus တို႔မွာေတာ့ Curved Display ေတြကို အသုံးျပဳထားႏိုင္ပါတယ္။ Samsung ရဲ႕ Infinity-O Display ဒီဇိုင္းေတြအရဆိုရင္ Display အေပါက္က Camera Sensor အတြက္သာ ေနရာေပးထားတာ ျဖစ္ပါတယ္။ Iris Sensor အတြက္ေနရာေတြ မရွိေတာ့ပါဘူး။ ဒါ့ေၾကာင့္ Galaxy S10 စီးရီးမွာ Iris Scanner ကို ျဖဳတ္ခ်သြားႏိုင္ပါတယ္။

Galaxy S10 နဲ႔ S10+ တို႔က လုံၿခဳံေရးအပိုင္းအတြက္ In-display Fingerprint Sensor ကို အားကိုးရမွာျဖစ္ၿပီး Galaxy S10 E ကေတာ့ သာမန္ Fingerprint Sensor ကိုသာ အားကိုးရဖြယ္ ရွိပါတယ္။ Galaxy S10 E ရဲ႕ Fingerprint Sensor ကို ေက်ာဘက္မွာ တပ္ဆင္ထားတာလား ဒါမွမဟုတ္ ေဘးဘက္မွာ တပ္ဆင္ထားမွာလား ဆိုတာကိုေတာ့ အတိအက် မသိရေသးပါဘူး။

Ref : Sammobile

[Unicode]

Galaxy S10 E လို့ ကင်ပွန်းတပ်ထားတဲ့ စမတ်ဖုန်းမှာ In-display Fingerprint မပါနိုင်

သိပ်မကြာခင်မှာ ပွဲထွက်လာတော့မယ့် Galaxy S10 စီးရီးဟာ Samsung ရဲ့ ၁၀နှစ်ပြည့် အထိမ်းအမှတ် စမတ်ဖုန်းတွေ ဖြစ်တာကြောင့် လူတော်တော်များများရဲ့ စိတ်ဝင်စားခြင်းကို ခံနေရပါတယ်။ ဒါ့ကြောင့်လည်း Galaxy S10 စီးရီးရဲ့ သတင်းတွေဟာ လတ်တလော အင်တာနက်စာမျက်နှာတွေပေါ်မှာ ပွက်လောရိုက်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်ဟာ Samsung အတွက် စီးပွားရေး ချွတ်ခြုံကျခဲ့တဲ့ နှစ် ၁နှစ်လို့ပြောရမှာပါ။ ဒါ့ကြောင့် ဒီနှစ် ၂၀၁၉ခုနှစ်မှာ ပြန်လည်ခေါင်းထောင်နိုင်ဖို့အတွက် Galaxy S10 စီးရီးဟာ Samsung ရဲ့ မျှော်လင့်ချက် မီးအိမ်လေး တစ်ခု ဖြစ်ပါတယ်။

Galaxy S10 စီးရီးနဲ့ ပတ်သတ်ပြီး အရင်တုန်းက ကြားသိခဲ့ရတဲ့ သတင်းတွေအရဆိုရင် Galaxy S10, Galaxy S10 Plus နဲ့ Galaxy S10 Lite ဆိုပြီး မော်ဒယ် ၃မျိူး ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။ ဒီနေ့မှာတော့ တန်ဖိုးနည်း Flagship မော်ဒယ်လို့ လူသိများတဲ့ Galaxy S10 Lite ကို Galaxy S10 E လို့ ကင်ပွန်းတပ်ထားကြောင်း သတင်းများ ထွက်ပေါ်လာပါတယ်။ ဒါ့အပြင် အဆိုပါ စမတ်ဖုန်းမှာ In-display Fingerprint လည်း ပါဝင်မှာ မဟုတ်ပါဘူး။

Galaxy S10 E အမည်ရှိ စမတ်ဖုန်းမှာ Flat Infinity-O Display အမျိူးအစားကို အသုံးပြုထားတယ်လို့ သိရပါတယ်။ တခြားမော်ဒယ်တွေဖြစ်တဲ Galaxy S10 နဲ့ Galaxy S10 Plus တို့မှာတော့ Curved Display တွေကို အသုံးပြုထားနိုင်ပါတယ်။ Samsung ရဲ့ Infinity-O Display ဒီဇိုင်းတွေအရဆိုရင် Display အပေါက်က Camera Sensor အတွက်သာ နေရာပေးထားတာ ဖြစ်ပါတယ်။ Iris Sensor အတွက်နေရာတွေ မရှိတော့ပါဘူး။ ဒါ့ကြောင့် Galaxy S10 စီးရီးမှာ Iris Scanner ကို ဖြုတ်ချသွားနိုင်ပါတယ်။

Galaxy S10 နဲ့ S10+ တို့က လုံခြုံရေးအပိုင်းအတွက် In-display Fingerprint Sensor ကို အားကိုးရမှာဖြစ်ပြီး Galaxy S10 E ကတော့ သာမန် Fingerprint Sensor ကိုသာ အားကိုးရဖွယ် ရှိပါတယ်။ Galaxy S10 E ရဲ့ Fingerprint Sensor ကို ကျောဘက်မှာ တပ်ဆင်ထားတာလား ဒါမှမဟုတ် ဘေးဘက်မှာ တပ်ဆင်ထားမှာလား ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

Ref : Sammobile