[Zawgyi]

အသစ္ထြက္မယ့္ Samsung Galaxy S10 ထဲမွာ က်န္တဲ့ဟန္းဆက္ေတြထက္ ေစ်းခ်ဳိမယ့္ Galaxy S10 Lite ေမာ္ဒယ္လည္း ပါဝင္ကာ အျခားေမာ္ဒယ္ေတြထက္ ပိုရုိးရွင္းတဲ့ ကင္မရာ၊ ပိုေသးတဲ့ Flat Screen တုိ႔ သုံးစြဲလာေပမယ့္ အနည္းဆုံးေတာ့ တူညီတဲ့ ခ်စ္ပ္ဆက္တစ္မ်ဳိးတည္းကိုပဲ သုံးစြဲလာမွာပါ။ Geekbench ရဲ႕ ေဒတာမွာ S10 Lite ရဲ႕အေမရိကန္ႏုိင္ငံမွာ ျဖန္႔ခ်ိမယ့္ SM-G970U ေမာ္ဒယ္အတြက္ ရလဒ္ေတြ ေပၚထြက္လာခဲ့ပါၿပီ။

S10 Lite မွာ ကုဒ္နံမည္ “Nile” နဲ႔ Snapdragon 855 ခ်စ္ပ္ဆက္သုံးစြဲလာကာ မန္မုိရီက 6GB RAM ပါဝင္လာတယ္။ ဒီမန္မုိရီပမာဏဟာ AnTuTu မွာေပၚထြက္ခဲ့တဲ့ Galaxy S10+ (Exynos ဗားရွင္း) နဲ႔လည္း အတူတူပါပဲ။ ဒါေပမယ့္ ဟန္းဆက္တစ္ခုခ်င္းမွာ မတူညီတဲ့ မန္မုိရီေတြနဲ႔ ေမာ္ဒယ္ကြဲေတြေတာ့ လာဦးမွာပါ။

ဖုန္းအသစ္မွာ Android 9 Pie OS ကို စထြက္တည္းက အသုံးျပဳလာမွာျဖစ္ၿပီး စမ္းသပ္ရလဒ္မွာေတာ့ အၿပီးမသတ္ရေသးတဲ့ ေဆာ့ဖ္ဝဲနဲ႔ အစမ္းသပ္ခံခဲ့ပါတယ္။ Galaxy S10 ဖုန္းေတြဟာ အနည္းဆုံး သုံးမ်ဳိးသုံးစား ထြက္လာမွာ ျဖစ္ၿပီး 5G ေမာ္ဒယ္ကိုလည္း ျမင္ေတြ႕ရႏုိင္တယ္။ ေဖေဖာ္ဝါရီ ၂၀ ရက္ေန႔မွာ အထူးမိတ္ဆက္ပြဲနဲ႔ ပြဲထုတ္လာမွာျဖစ္ကာ မတ္လအေစာပုိင္းေလာက္မွာ စတင္အသုံးျပဳႏုိင္ေတာ့မွာပါ။

Ref – GSM Arena

[Unicode]

အသစ်ထွက်မယ့် Samsung Galaxy S10 ထဲမှာ ကျန်တဲ့ဟန်းဆက်တွေထက် ဈေးချိုမယ့် Galaxy S10 Lite မော်ဒယ်လည်း ပါဝင်ကာ အခြားမော်ဒယ်တွေထက် ပိုရိုးရှင်းတဲ့ ကင်မရာ၊ ပိုသေးတဲ့ Flat Screen တို့ သုံးစွဲလာပေမယ့် အနည်းဆုံးတော့ တူညီတဲ့ ချစ်ပ်ဆက်တစ်မျိုးတည်းကိုပဲ သုံးစွဲလာမှာပါ။ Geekbench ရဲ့ ဒေတာမှာ S10 Lite ရဲ့အမေရိကန်နိုင်ငံမှာ ဖြန့်ချိမယ့် SM-G970U မော်ဒယ်အတွက် ရလဒ်တွေ ပေါ်ထွက်လာခဲ့ပါပြီ။

S10 Lite မှာ ကုဒ်နံမည် “Nile” နဲ့ Snapdragon 855 ချစ်ပ်ဆက်သုံးစွဲလာကာ မန်မိုရီက 6GB RAM ပါဝင်လာတယ်။ ဒီမန်မိုရီပမာဏဟာ AnTuTu မှာပေါ်ထွက်ခဲ့တဲ့ Galaxy S10+ (Exynos ဗားရှင်း) နဲ့လည်း အတူတူပါပဲ။ ဒါပေမယ့် ဟန်းဆက်တစ်ခုချင်းမှာ မတူညီတဲ့ မန်မိုရီတွေနဲ့ မော်ဒယ်ကွဲတွေတော့ လာဦးမှာပါ။

ဖုန်းအသစ်မှာ Android 9 Pie OS ကို စထွက်တည်းက အသုံးပြုလာမှာဖြစ်ပြီး စမ်းသပ်ရလဒ်မှာတော့ အပြီးမသတ်ရသေးတဲ့ ဆော့ဖ်ဝဲနဲ့ အစမ်းသပ်ခံခဲ့ပါတယ်။ Galaxy S10 ဖုန်းတွေဟာ အနည်းဆုံး သုံးမျိုးသုံးစား ထွက်လာမှာ ဖြစ်ပြီး 5G မော်ဒယ်ကိုလည်း မြင်တွေ့ရနိုင်တယ်။ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ အထူးမိတ်ဆက်ပွဲနဲ့ ပွဲထုတ်လာမှာဖြစ်ကာ မတ်လအစောပိုင်းလောက်မှာ စတင်အသုံးပြုနိုင်တော့မှာပါ။

Ref – GSM Arena