Samsung ကနေ လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက Build Number “QJH” နဲ့ ဆုံးတဲ့ System Update တစ်ခုကို Samsung Galaxy S8 နဲ့ S8 Plus ဖုန်းတွေအတွက် ထုတ်ပေးခဲ့ပေမယ့် အခုပြဿနာတစ်ခုတက်နေပြီပဲဖြစ်ပါတယ်။

ဘာပြဿနာတက်တာလဲဆိုရင်တော့ အချို့သော Samsung Galaxy S8 နဲ့ S8 Plus အသုံးပြုသူတွေက အဆိုပါ Update တင်ပြီးတဲ့အချိန်မှာ Fast Charging အလုပ်မလုပ်တော့ကြောင်း ပြန်လည် Complain တက်နေလို့ပဲဖြစ်ပါတယ်။

ဒီအတွက်ကိုလည်း Samsung ဘက်ကနေ တစ်စုံတစ်ရာ အတည်ပြုပြောကြားထားခြင်းမရှိသေးပဲ ပြန်လည်ဖြေရှင်းပေးမလား၊ မဖြေရှင်းပေးဘူးလားကလည်း မသိရသေးပါဘူး။

တချို့ကလည်း ဒါက အသစ်ပါဝင်လာတဲ့ October Security Patch ကြောင့်လို့ ပြောဆိုနေကြပြီး အချို့သောအသုံးပြုသူတွေဆိုရင် Fast Charging မရတော့တဲ့အပြင် Wireless Charging နဲ့ အားသွင်းတဲ့အချိန်မှာလည်း Screen က ပိတ်လိုက်ဖွင့်လိုက်ဖြစ်နေတယ်လို့ သိရပါတယ်။

ဒါတင်မကသေးပဲ Samsung S8 အသုံးပြုသူတွေက Battery သက်တမ်းလျော့နည်းသွားတာနဲ့ အားပြန်သွင်းဖို့ကို အချိန်အစအဆုံး ၆ နာရီနီးပါး ကြာမြင့်အောင် အားသွင်းရတယ်ဆိုပြီးလည်း Complain တက်ထားကြတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Samsung က ဘယ်လိုပြန်လည်ဖြေရှင်းမလဲဆိုတာက စိတ်ဝင်စားစရာပါ။