[Zawgyi]

Galaxy S10 ေတြထြက္လာၿပီဆိုေပမယ့္ Samsung ကေတာ့ သူတို႔ေပးထားတဲ့ ကတိအတိုင္း အရင္ေမာ္ဒယ္ေဟာင္းေတြအတြက္ Update ေတြကို အခ်ိန္မွန္ ထုတ္ေပးေနပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၇ ဇန္နဝါရီက ထြက္ခဲ့တဲ့ Flagship ျဖစ္တဲ့ Galaxy S8 ဟာ အခုအခ်ိန္မွာေတာ့ One UI Stable Update ကို ရယူႏိုင္ၿပီျဖစ္ပါတယ္။

Samsung ဟာ ၿပီးခဲ့တဲ့ ၂၀၁၈ ဇန္နဝါရီတုန္းကလည္း Galaxy S8 အတြက္ Android 8.0 Oreo Update ကို ထုတ္ေပးခဲ့ပါတယ္။ အဲဒီတုန္းကေတာ့ S8 နဲ႔ S8+ ေတြမွာ အလိုအေလ်ာက္ Reset ျပန္က်သြားတဲ့ ျပႆနာ ျဖစ္ပြားခဲ့လို႔ Samsung က Android Oreo Update ကို ရပ္ဆိုင္းခဲ့ရဖူးပါတယ္။

အခုထုတ္ေပးတဲ့ Galaxy S8 အတြက္ One UI Stable Update ကေတာ့ ၿပီးခဲ့တဲ့ႏွစ္တုန္းကလို ျပႆနာမ်ိဳး ျဖစ္ေပၚလာဖြယ္ မရွိဘူးလို႔ ယုံၾကည္ရပါတယ္။ One UI ဟာ Full-Screen Gestures, Dark Theme စတဲ့ ဒီဇိုင္းသစ္ေတြအပါအဝင္ အျခားေကာင္းမြန္တဲ့ ေျပာင္းလဲမႈေတြ ေၾကာင့္ S8 အသုံးျပဳသူေတြက ေမွ်ာ္လင့္တႀကီးနဲ႔ ေစာင့္စားေနခဲ့ၾကတာ ျဖစ္ပါတယ္။

ဂ်ာမနီကလာတဲ့ သတင္းအရေတာ့ Galaxy S8 ဖုန္းေတြမွာ ၂၀၁၉ ေဖေဖာ္ဝါရီ ၁ ရက္ ေန႔စြဲနဲ႔ Security Patch ပါ Update ဖိုင္ကို ရရွိေနၿပီလို႔ သိရပါတယ္။ G950FXXU4DSBA/G950FOXM4DSBA Version နံပါတ္နဲ႔ ဒီဖိုင္ဟာ 1,610MB ရွိတဲ့ ဖိုင္ျဖစ္တယ္လို႔လည္း သိရပါတယ္။

Update ရမယ့္ Samsung Galaxy S8 ဖုန္းေတြမွာ Notification ေတြ လက္ခံရရွိမွာျဖစ္ေပမယ့္ Automatic Update ကို ပိတ္ထားမယ္ဆိုရင္ေတာ့ သိရမွာမဟုတ္ပါဘူး။ ဒါေၾကာင့္ Auto Update ကို ပိတ္ထားမိရင္ ျပန္ဖြင့္ထားမွပဲ အလန္းလြန္ၿပီးအလြန္လန္းတဲ့ Update ေလးကို ေစာေစာစီးစီး Download ဆြဲႏိုင္ၾကမွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Stable One UI Update ရနေပြီဖြစ်တဲ့ Samsung Galaxy S8

Galaxy S10 တွေထွက်လာပြီဆိုပေမယ့် Samsung ကတော့ သူတို့ပေးထားတဲ့ ကတိအတိုင်း အရင်မော်ဒယ်ဟောင်းတွေအတွက် Update တွေကို အချိန်မှန် ထုတ်ပေးနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ဇန်နဝါရီက ထွက်ခဲ့တဲ့ Flagship ဖြစ်တဲ့ Galaxy S8 ဟာ အခုအချိန်မှာတော့ One UI Stable Update ကို ရယူနိုင်ပြီဖြစ်ပါတယ်။

Samsung ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ဇန်နဝါရီတုန်းကလည်း Galaxy S8 အတွက် Android 8.0 Oreo Update ကို ထုတ်ပေးခဲ့ပါတယ်။ အဲဒီတုန်းကတော့ S8 နဲ့ S8+ တွေမှာ အလိုအလျောက် Reset ပြန်ကျသွားတဲ့ ပြဿနာ ဖြစ်ပွားခဲ့လို့ Samsung က Android Oreo Update ကို ရပ်ဆိုင်းခဲ့ရဖူးပါတယ်။

အခုထုတ်ပေးတဲ့ Galaxy S8 အတွက် One UI Stable Update ကတော့ ပြီးခဲ့တဲ့နှစ်တုန်းကလို ပြဿနာမျိုး ဖြစ်ပေါ်လာဖွယ် မရှိဘူးလို့ ယုံကြည်ရပါတယ်။ One UI ဟာ Full-screen Gestures, Dark Theme စတဲ့ ဒီဇိုင်းသစ်တွေအပါအဝင် အခြားကောင်းမွန်တဲ့ ပြောင်းလဲမှုတွေ ကြောင့် S8 အသုံးပြုသူတွေက မျှော်လင့်တကြီးနဲ့ စောင့်စားနေခဲ့ကြတာ ဖြစ်ပါတယ်။

ဂျာမနီကလာတဲ့ သတင်းအရတော့ Galaxy S8 ဖုန်းတွေမှာ ၂၀၁၉ ဖေဖော်ဝါရီ ၁ ရက် နေ့စွဲနဲ့ Security patch ပါ Update ဖိုင်ကို ရရှိနေပြီလို့ သိရပါတယ်။ G950FXXU4DSBA/G950FOXM4DSBA version နံပါတ်နဲ့ ဒီဖိုင်ဟာ 1,610MB ရှိတဲ့ ဖိုင်ဖြစ်တယ်လို့လည်း သိရပါတယ်။

Update ရမယ့် Samsung Galaxy S8 ဖုန်းတွေမှာ Notification တွေ လက်ခံရရှိမှာဖြစ်ပေမယ့် Automatic Update ကို ပိတ်ထားမယ်ဆိုရင်တော့ သိရမှာမဟုတ်ပါဘူး။ ဒါကြောင့် Auto Update ကို ပိတ်ထားမိရင် ပြန်ဖွင့်ထားမှပဲ အလန်းလွန်ပြီးအလွန်လန်းတဲ့ Update လေးကို စောစောစီးစီး Download ဆွဲနိုင်ကြမှာ ဖြစ်ပါတယ်။

Ref: GSMArena