Galaxy S9 ဖုန္းေတြအတြက္ Android Pie Beta သစ္ကို ခ်ေပးၿပီး တစ္ပတ္ေလာက္အၾကာမွာေတာ့ Samsung က ေနာက္ဆုံး Update ကို စတင္ထုတ္လႊတ္ေပးေနၿပီျဖစ္ပါတယ္။ ကုမၸဏီအေနနဲ႔ ဒီ Final Update ကို ဥေရာပေဈးကြက္မွာ ဦးစားေပးၿပီး ထုတ္လႊတ္ေပးသြားတာ ျဖစ္ပါတယ္။ ဒါေပမယ့္ UAE နဲ႔ တူရကီတို႔မွာလည္း ေနာက္ဆုံး OS နဲ႔ UI ေတြကို ရရွိေနၿပီလို႔ သိရပါတယ္။

ဥေရာပႏိုင္ငံေတြမွာေတာ့ ဂ်ာမနီ၊ ဆြစ္ဇာလန္၊ အီတလီနဲ႔ နယ္သာလန္တို႔မွာ Samsung က Android Pie Final Update ကို တရားဝင္ ထုတ္လႊတ္ေပးခဲ့တာ ျဖစ္ပါတယ္။ ဒီခရစၥမတ္ပြဲေတာ္မွာပဲ တခ်ိဳ႕ Galaxy S9 နဲ႔ Galaxy S9+ ေတြဟာ ေနာက္ဆုံး Update အတြက္ Notifications ေတြကို လက္ခံရရွိေနၾကၿပီလို႔လည္း သိရပါတယ္။

သိပ္မၾကာခင္အခ်ိန္အေတာအတြင္းမွာ Galaxy S9 နဲ႔ Galaxy S9+ ပိုင္ရွင္ေတြအားလုံးက ေနာက္ဆုံး Update သစ္ေတြကို ရရွိေတာ့မွာျဖစ္ပါတယ္။ ဒီ ေနာက္ဆုံး Update သစ္မွာ အဓိက ေျပာင္းလဲသြားတာကေတာ့ Samsung Experience interface, Autofill API နဲ႔ Android ရဲ႕ Digital Wellbeing စတာေတြပဲ ျဖစ္ပါတယ္။ ေနာက္ဆုံးထြက္ Android 9 Pie Update သစ္ကို အေၾကာင္းၾကားလာတဲ့ Notification ကို ႏွိပ္ၿပီး အလြယ္တကူ ရယူႏိုင္ပါတယ္။ အကယ္၍ ပိတ္ထားတယ္ဆိုရင္လည္း Settings ကို သြားၿပီး ကိုယ္တိုင္ Software Update လုပ္လိုက္လို႔ ရပါတယ္။

SAMMobile ကေတာ့ သူတို႔ရဲ႕ Database ကိုသြားၿပီး ကြန္ပ်ဴတာကေနတစ္ဆင့္ Download ဆြဲႏိုင္ေအာင္လည္း ေထာက္ပံ့ေပးထားတာကို ေတြ႕ရပါတယ္။ ဒီထဲမွာေတာ့ အေရွ႕ေတာင္အာရွႏိုင္ငံေတြအျဖစ္ ထိုင္း၊ မေလးရွား၊ အင္ဒိုနီးရွား ႏိုင္ငံေတြကို ေတြ႕ျမင္ရေပမယ့္ ဒီႏိုင္ငံေတြအတြက္ ေနာက္ဆုံး Update မရရွိေသးဘဲ 8.0.0 ကိုပဲ ရရွိဦးမွာ ျဖစ္ပါတယ္။

Galaxy S9 နဲ႔ Galaxy S9+

ဆိုတဲ့ စာသားေတြကို ႏွိပ္ၿပီး Update ေတြကို သြားေရာက္ရွာေဖြႏိုင္ပါတယ္။

Ref: GSMarena

[Unicode]

Galaxy S9 ဖုန်းတွေအတွက် Android Pie beta သစ်ကို ချပေးပြီး တစ်ပတ်လောက်အကြာမှာတော့ Samsung က နောက်ဆုံး Update ကို စတင်ထုတ်လွှတ်ပေးနေပြီဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ ဒီ Final Update ကို ဥရောပဈေးကွက်မှာ ဦးစားပေးပြီး ထုတ်လွှတ်ပေးသွားတာ ဖြစ်ပါတယ်။ ဒါပေမယ့် UAE နဲ့ တူရကီတို့မှာလည်း နောက်ဆုံး OS နဲ့ UI တွေကို ရရှိနေပြီလို့ သိရပါတယ်။

ဥရောပနိုင်ငံတွေမှာတော့ ဂျာမနီ၊ ဆွစ်ဇာလန်၊ အီတလီနဲ့ နယ်သာလန်တို့မှာ Samsung က Android Pie Final Update ကို တရားဝင် ထုတ်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီခရစ္စမတ်ပွဲတော်မှာပဲ တချို့ Galaxy S9 နဲ့ Galaxy S9+ တွေဟာ နောက်ဆုံး Update အတွက် Notifications တွေကို လက်ခံရရှိနေကြပြီလို့လည်း သိရပါတယ်။

သိပ်မကြာခင်အချိန်အတောအတွင်းမှာ Galaxy S9 နဲ့ Galaxy S9+ ပိုင်ရှင်တွေအားလုံးက နောက်ဆုံး Update သစ်တွေကို ရရှိတော့မှာဖြစ်ပါတယ်။ ဒီ နောက်ဆုံး Update သစ်မှာ အဓိက ပြောင်းလဲသွားတာကတော့ Samsung Experience interface, Autofill API နဲ့ Android ရဲ့ Digital Wellbeing စတာတွေပဲ ဖြစ်ပါတယ်။ နောက်ဆုံးထွက် Android 9 Pie Update သစ်ကို အကြောင်းကြားလာတဲ့ Notification ကို နှိပ်ပြီး အလွယ်တကူ ရယူနိုင်ပါတယ်။ အကယ်၍ ပိတ်ထားတယ်ဆိုရင်လည်း Settings ကို သွားပြီး ကိုယ်တိုင် Software Update လုပ်လိုက်လို့ ရပါတယ်။

SAMMobile ကတော့ သူတို့ရဲ့ Database ကိုသွားပြီး ကွန်ပျူတာကနေတစ်ဆင့် Download ဆွဲနိုင်အောင်လည်း ထောက်ပံ့ပေးထားတာကို တွေ့ရပါတယ်။ ဒီထဲမှာတော့ အရှေ့တောင်အာရှနိုင်ငံတွေအဖြစ် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံတွေကို တွေ့မြင်ရပေမယ့် ဒီနိုင်ငံတွေအတွက် နောက်ဆုံး Update မရရှိသေးဘဲ 8.0.0 ကိုပဲ ရရှိဦးမှာ ဖြစ်ပါတယ်။ (Galaxy S9 နဲ့ Galaxy S9+ ဆိုတဲ့ စာသားတွေကို နှိပ်ပြီး Update တွေကို သွားရောက်ရှာဖွေနိုင်ပါတယ်။)

Ref: GSMarena