Samsung ကနေ မနှစ်တုန်းက Galaxy S8 ဖုန်းနဲ့ အတူ စမတ်ဖုန်းကို Dex အမည်ရှိတဲ့ Pad တစ်ခုပေါ်တင်လိုက်ရုံနဲ့ ဖုန်းကို ကွန်ပျူတာအဖြစ်ပြောင်းလဲပေးနိုင်တဲ့ နည်းပညာကို တီထွင်ခဲ့တာပဲဖြစ်ပါတယ်။

အခုအချိန်မှာတော့ Samsung ဟာ Galaxy S9 ကို ကြေငြာသွားမှာဖြစ်ပြီးတော့ အဆို Galaxy S9 စမတ်ဖုန်းကို ကွန်ပျူတာအဖြစ်ကူးပြောင်းပေမယ့် Dex Pad အသစ်ကိုလည်း Samsung က မိတ်ဆက်လာမှာဖြစ်တယ်လို့ သိရပါတယ်။

အခု Samsung က Galaxy S9 နဲ့အတူထုတ်လုပ်မယ့် Dex Pad ဟာ ယခင် Dex Station လိုမျိုးမဟုတ်တော့ပဲ Network ၊ USB နဲ့ HDMI အစရှိတဲ့ Ports တွေစုံလင်စွာပါဝင်လာမှာဖြစ်ပါတယ်။ နောက်ထပ်တစ်ခုကတော့ Samsung Galaxy S9 ကို ယခု Dex Pad ပေါ်မှာ မှောက်ပြီးတင်ထားရမှာဖြစ်ပြီး တပ်ထားတဲ့အချိန်မှာ S9 ဖုန်းကို TouchPad အနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Samsung အနေနဲ့ ယခု Dex Pad ကို ဈေးနှုန်း ဒေါ်လာ ၁၅၀ ဝန်းကျင်နဲ့ ရောင်းချသွားမှာဖြစ်ပြီးတော့ ဖုန်းဈေးနှုန်းကိုပါ ပေါင်းမယ်ဆိုရင် ဒေါ်လာ ၁၀၀၀ အထက်ဖြစ်သွားတော့မှာပါ။