[Zawgyi]

Samsung က Galaxy S9 အတြက္ Android 9 Pie Update ကို လာမယ့္ ဇန္နဝါရီလထဲမွာ ထုတ္ေပးမယ္လို႔ ကတိေပးခဲ့ဖူးပါတယ္။ ဒါေပမယ့္ ဒီေန႔ ၾကားသိခဲ့ရတဲ့ သတင္းအရဆိုရင္ေတာ့ Samsung ဟာ သူရဲ႕ ကတိကို ေမွ်ာ္မွန္းထားတာထက္ ေစာၿပီး အတည္ျပဳေပးလိုက္ပါၿပီ။

Samsung Galaxy S9 နဲ႔ S9 Plus တို႔အတြက္ Android 9 Pie အေျချပဳ Stable One UI Update ကို ဒီေန႔မွာပဲ ဂ်ာမနီႏိုင္ငံမွာ ထုတ္လႊင့္ေပးလိုက္ပါၿပီ။ Stable One UI ကို Android 9 Pie Beta Program မွာ စာရင္းသြင္းမထားတဲ့ သူေတြေတာင္ Update လုပ္လို႔ရပါတယ္။ ဒါ့ေၾကာင့္ အခုထြက္ရွိလာတဲ့ One UI Update ဟာ Galaxy S9 နဲ႔ S9 Plus ပိုင္ရွင္ အားလုံးအတြက္လို႔ ေျပာရမွာပါ။ စိတ္မေကာင္းစရာ တစ္ခုက လက္ရွိ One UI Update က ဂ်ာမနီႏိုင္ငံမွာပဲ ရရွိေသးတာပါ။ ဒါေပမယ့္ မၾကာခင္မွာ ကမာၻအႏွံ႔အျပားကို ျဖန္႔ခ်ီသြားဖြယ္ရွိတာေၾကာင့္ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံကလူေတြလည္း အၾကာႀကီးေစာင့္စရာ လိုအပ္မွာ မဟုတ္ပါဘူး။

One UI Update ရဲ႕ File Size က 1744.24MB အထိရွိတဲ့အတြက္ 2GB နီးနီးလို႔ေတာင္ ေျပာလို႔ရမယ္ ထင္ပါတယ္။ ဒါေပမယ့္လည္း Update လုပ္ရတာ တန္တယ္လို႔ ေျပာရမွာပါ။ ဘာျဖစ္လို႔လဲဆိုေတာ့ User Interface (UI) ႀကီး တစ္ခုလုံး ေျပာင္းလဲသြားမယ့္အျပင္ Features အသစ္ေတြလည္း ပါဝင္လာမွာမို႔ပါ။

Changelog အျပည့္အစုံကို ေအာက္မွာ ၾကည့္ရွဴ႕ႏိုင္ပါတယ္။

Android Pie/One UI Screenshot မ်ား

Ref : androidauthority

[Unicode]

Samsung Galaxy S9/S9 Plus တို့အတွက် Stable One UI Update ထွက်ပြီ

Samsung က Galaxy S9 အတွက် Android 9 Pie Update ကို လာမယ့် ဇန်နဝါရီလထဲမှာ ထုတ်ပေးမယ်လို့ ကတိပေးခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီနေ့ ကြားသိခဲ့ရတဲ့ သတင်းအရဆိုရင်တော့ Samsung ဟာ သူရဲ့ ကတိကို မျှော်မှန်းထားတာထက် စောပြီး အတည်ပြုပေးလိုက်ပါပြီ။

Samsung Galaxy S9 နဲ့ S9 Plus တို့အတွက် Android 9 Pie အခြေပြု Stable One UI Update ကို ဒီနေ့မှာပဲ ဂျာမနီနိုင်ငံမှာ ထုတ်လွှင့်ပေးလိုက်ပါပြီ။ Stable One UI ကို Android 9 Pie Beta Program မှာ စာရင်းသွင်းမထားတဲ့ သူတွေတောင် Update လုပ်လို့ရပါတယ်။ ဒါ့ကြောင့် အခုထွက်ရှိလာတဲ့ One UI Update ဟာ Galaxy S9 နဲ့ S9 Plus ပိုင်ရှင် အားလုံးအတွက်လို့ ပြောရမှာပါ။ စိတ်မကောင်းစရာ တစ်ခုက လက်ရှိ One UI Update က ဂျာမနီနိုင်ငံမှာပဲ ရရှိသေးတာပါ။ ဒါပေမယ့် မကြာခင်မှာ ကမ္ဘာအနှံ့အပြားကို ဖြန့်ချီသွားဖွယ်ရှိတာကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံကလူတွေလည်း အကြာကြီးစောင့်စရာ လိုအပ်မှာ မဟုတ်ပါဘူး။

One UI Update ရဲ့ File Size က 1744.24MB အထိရှိတဲ့အတွက် 2GB နီးနီးလို့တောင် ပြောလို့ရမယ် ထင်ပါတယ်။ ဒါပေမယ့်လည်း Update လုပ်ရတာ တန်တယ်လို့ ပြောရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ User Interface (UI) ကြီး တစ်ခုလုံး ပြောင်းလဲသွားမယ့်အပြင် Features အသစ်တွေလည်း ပါဝင်လာမှာမို့ပါ။

Changelog အပြည့်အစုံကို အောက်မှာ ကြည့်ရှူ့နိုင်ပါတယ်။

Android Pie/One UI Screenshot များ

Ref : androidauthority