Samsung Galaxy Tab S3 ဟာ Andriod Tablet တွေထဲမှာဆိုရင် အကောင်းဆုံး Tablet တွေထဲမှာ တစ်ခုအပါဝင်ဖြစ်ပြီး သူ့မှာ HDR-Ready Screen နဲ့ ကြည်လင်ပြတ်သားတဲ့ သီချင်းသံတွေထက်ပေါ်စေမယ့် စပီကာ ၄ လုံးပါဝင်ပါတယ်။ အဲ့ဒီအပြင် တခြား Pen တွေထက် ပိုပြီး နည်းပညာမြင့်မားတဲ့ S Pen လည်းပါဝင်တဲ့ အပြင် Keyboard နဲ့ချိတ်ပြီး နေရာမရွေးမှာလည်း အလုပ်လုပ်နိုင်တဲ့ စွမ်းဆောင်ရည်မြင့်မားတဲ့ Tablet အမျိုးအစားဖြစ်ပါတယ်။ ဒါပေမယ့် Galaxy Tab S3 နဲ့ တွဲသုံးလို့ရတဲ့ Keyboard ကိုတော့ သပ်သပ်ထပ်ပေးဝယ်ရမှာဖြစ်ပါတယ်။

အဲ့လို ဆွဲဆောင်မှုရှိတဲ့ လုပ်ဆောင်ချက်တွေရှိပေမယ့်လည်း သူ့ရဲ့ ဈေးနှုန်းက Laptop တစ်လုံးရဲ့ ဈေးနှုန်းနီးပါး ရှိနေတာကတော့ စဉ်းစားစရာ တချက်ပါဘဲ။

ကောင်းတဲ့အချက်

Galaxy Tab S3 က ပေါ့ပါးပြီး ဒီဇိုင်းလည်းလှတာကြောင့် နေရာတကာသယ်ယူ ရတာ အဆင်ပြေပါတယ်။ 4K Quality ဗီဒီယိုတွေ ကြည့်နိုင်မယ့် HDR-Ready Screen ပါဝင်ပြီး S-Pen ကလည်း ပါဝင်မှာဖြစ်ပါတယ်။

မကောင်းတဲ့အချက်

Keyboard က သပ်သပ်ထပ်ဝယ်ရတဲ့အပြင် ဈေးနှုန်းလည်းမြင့်မားပါတယ်။ Galaxy Tab S2 ရဲ့ ဈေးနှုန်းကလည်း Laptop တစ်လုံးစာရှိပေမယ့် Laptop တစ်လုံးနီးပါးလောက်တော့ လုပ်ဆောင်မှုမမြင့်မားသေးပါဘူး။

မျက်နှာပြင်အကျယ် ၉.၇ လက်မရှိတဲ့ Wifi နဲ့ Samsung Galaxy Tab S3 ကို မတ်လ၂၄ရက်နေ့မှ အမေရိကန်ပြည်ထောင်စုမှာ အမေရိကန်ဒေါ်လာ ၅၉၉ ဒေါ်လာ ဖြင့် စတင်ရောင်းချနေပါတယ်။ ၉.၇ လက်မရှိတဲ့ iPad Pro နဲ့တော့ ဈေးနှုန်းခြင်း သိပ်မကွာလှပါဘူး။

ဒီဇိုင်း

Samsung Galaxy Tab S3 ရဲ့ ဒီဇိုင်းက လွန်ခဲ့တဲ့ ၁ နှစ်ခွဲကျော်ကထုတ်လုပ်ခဲ့တဲ့ Galaxy Tab S2 နဲ့ သိပ်မကွာပါဘူး။ ဒါပေမယ့် Tab S2 က 5.6 mm ထူပြီး 389 g ဘဲလေးပါတယ်။ Tab S3 ကတော့ 6mm ထူပြီး 429g လေးပါတယ်။ ဒါပေမယ့် ဒါတွေကတော့ သုံးတဲ့သူအနေနဲ့ အရမ်းကြီးသိသာနေမှာမဟုတ်ပါဘူး။ သူ့ရဲ့ Dimension က 237.3 x 169 x 6mm ရှိပါတယ်။

Finger Print ဆင်ဆာ က Home Button မှာ ပါဝင်ပါတယ်။

Galaxy Tab S3 ရဲ့ စခရင်မှာ High Dynamic Range (HDR) ပါဝင်တာကြောင့် တခြား စခရင်များထက် ပိုကြည်လင်ပြတ်သားတာကြောင့် မှောင်တဲ့ ရုပ်ရှင်အခန်းတွေ ကြည့်ရတဲ့နေရာမှာ ပိုပြီး အဆင်ပြေမှာဖြစ်ပါတယ်။

S Pen

Samsung Galaxy Tab S3 က S Pen ရော Keyboard ရောပါ ချိတ်ပြီး အသုံးပြုလို့ရပါတယ်။ S-Pen က တခြား Samsung ထုတ်ခဲ့တဲ့ S Pen တွေ ထက်ပိုကြီးပါတယ်။ လက်ရေးနဲ့ ရေးတာတွေ ပုံဆွဲတဲ့နေရာတွေမှာ တခြား S Pen တွေထက် ပိုကောင်းပြီး အပြင်မှာ ခဲတံတဲ့ ဆွဲတဲ့ခံစားမှုနဲ့ သိပ်မကွာတာကို တွေ့ရမှာပါ။

Keyboard

ခင်ဗျားက ပလပ်စတစ် Keyboard ကို အသုံးပြုနိုင်ပြီး keyboard ပေါ်က Fn ခလုတ်တွေကို မသုံးတတ်တဲ့သူမျိုးဆိုရင် တော့ အဆင်ပြေပါလိမ့်မယ်။ ခရီးခဏခဏထွက်လေ့ရှိပြီး Laptop သယ်သွားလို့မရတဲ့ အနေအထားမျိုးဆိုရင်တော့ ဒီ Galaxy Tab S3 ကို Keyboard နဲ့တွဲသုံးပြီး တချို့ Laptop လုပ်ငန်းတွေကို လုပ်ဆောင်လို့ရပါတယ်။

ဒီ Keyboardမှာ Bluetooth နဲ့ ချိတ်စရာမလိုဘဲ Tablet နဲ့ Keyboard ကြားမှာ သံလိုက်စနစ်ကို အခြေခံတဲ့ ချိတ်ဆက်စနစ်တည်ဆောက်ထားပြီး ချိတ်ဆက်ရတာဖြစ်ပါတယ်။

Platform

Galaxy Tab S3 မှာ Android 7 ကို အသုံးပြုထားပြီး Chipset က Qualcomm MSM8996 Snapdragon 820 အသုံးပြုထားတဲ့အပြင် CPU က Quad-Core (2 x 2.15 GHz Kryo & 2×1.6 GHz Kryo)ကို သုံးထားတာပါ။ ဒီလို CPU မျိုးနဲ့ Chipset ကစမတ် ဖုန်းတွေမှာအသုံးပြုတာများပေမယ့် Tablet မှာတော့ Galaxy Tab S3 က ပထမဆုံးပါဘဲ။ ဒီလို CPU မျိုးနဲ့ Chipset မျိုး အသုံးပြုထားတာကြောင့် 3D Game တွေတောင် ကောင်းကောင်းဆော့လို့ရပါတယ်။

Internal Storage ကတော့ 32 GB ရှိပြီး Micro SD နဲ့ဆိုရင် 256 GB အထိ မှတ်ထားလို့ရပါတယ်။ RAM ကတော့ 4 GB ဖြစ်ပါတယ်။

ကင်မရာ

အနောက်ကင်မရာက 13MP ရှိပြီး အလင်းဝင်ပေါက် (Aperture)က f/1.9 ရှိပါတယ်။ သူ့မှာ Auto Focus နဲ့ LED Flash မီးလည်းပါပါတယ်။ Geo-Tagging, Touch Focus, Face Detection, HDR, Panorama စတဲ့ Function တွေလည်းပါပြန်ပါတယ်။ ဗီဒီယိုရိုက်ကူးရင် 2160 p နဲ့ 30 Frame per Second ထွက်ပါတယ်။

အရှေ့ကင်မရာက 5 MP ရှိပြီး အလင်းဝင်ပေါက် (Aperture)က f/2.2 ရှိပါတယ်။

ဘက်ထရီ

Samsung Galaxy Tab S3 ရဲ့ ဘက်ထရီကိုတော့ ဖြုတ်လို့မရတဲ့ 6000 mAh ဘက်ထရီ အသုံးပြုထားပါတယ်။