Samsung ကနေ မကြာခင် ရက်ပိုင်းအတွင်းမှာ Samsung Galaxy Note 9 စမတ်ဖုန်းအပြင် သြဂုတ်လအတွင်းမှာ အဆင့်မြင့် Tablet တစ်ခုဖြစ်တဲ့ Galaxy Tab S4 ကိုပါ ထုတ်လုပ်တော့မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Galaxy Watch ကိုပါ ထုတ်လုပ်သွားမယ့်အတွက် Samsung အနေနဲ့ ဒီနှစ်ဝက်နောက်ပိုင်းမှာ တော်တော်လေးကို ကြမ်းတော့မယ့်ပုံပါပဲ။

အဲ့ဒီ Products အသစ်တွေထဲကမှ Samsung ရဲ့ Galaxy Tab S4 ဟာ လက်ရှိ Android Tablet တွေထဲမှာ စွမ်းဆောင်ရည်အကောင်းဆုံးဖြစ်လာမှာဖြစ်သလို Keyboard Cover ၊ S Pen တွေလည်း ပါဝင်မှာဖြစ်တဲ့အတွက် Tablet အလန်းစားလိုချင်တဲ့သူတွေအတွက်ကတော့ စိတ်ဝင်စားစရာပါ။

အခုအချိန်မှာတော့ အဆိုပါ Galaxy Tab S4 အတွက် Specifications Leak တွေ၊ Hands-on Picture တွေတင်မဟုတ်ပဲ အခုနောက်ဆုံး Hands-on Video ပါ ထွက်ရှိလာပြီပဲဖြစ်ပါတယ်။ အခု Hands-on Video မှာ Samsung Galaxy Tab S4 ရဲ့ ဒီဇိုင်းကို အရင်တုန်းက Leaks တွေထက် ပိုပြီး ထင်ထင်ရှားရှားမြင်ရမှာပါ။

အခု Samsung Galaxy Tab S4 ကို Black နဲ့ Gray ဆိုပြီး မြင်ရမှာဖြစ်ပြီးတော့ အခုလက်ရှိ သတင်းတွေထွက်ထားသလိုမျိုး Qualcomm Snapdragon 835 Processor ၊ RAM 4GB ၊ 64GB Storage နဲ့ 10.5″ Super AMOLED Display ပါဝင်လာမှာဖြစ်ပါတယ်။ Battery အနေနဲ့တော့ 7300mAh Battery ပါဝင်မှာဖြစ်ပြီးတော့ Android 8.1 Oreo တပါတည်းအသုံးပြုလာမှာပါ။

Galaxy Tab S4 ဟာ Fingerprint Scanner ပါဝင်တော့မှာမဟုတ်ပဲ Intelligent Scanner တပ်ဆင်လာမှာဖြစ်ပါတယ်။ ကင်မရာပိုင်းအနေနဲ့တော့ 13MP Back Camera နဲ့အတူ 8MP Selfie Camera ပါဝင်လာမှာပါ။