လက်ရှိအချိန်မှာ Android Tablet လို့ဆိုလိုက်ရင် ရွေးချယ်စရာနည်းပါးနေသေးတယ်လို့ပြောလို့ရပါတယ်။ အဲ့ဒါကလည်း Google ကိုယ်တိုင်က Tablet OS တွေအတွက် Android OS ကို ကိုက်ညီအောင်မပြုလုပ်ပေးတော့သလို ထုတ်လုပ်တဲ့ကုမ္ပဏီတွေလည်း နည်းပါးသွားတာကြောင့်လို့ ပြောလို့ရပါတယ်။

ဒါပေမယ့်လည်း လက်ရှိအချိန်မှာ Huawei နဲ့ Samsung လိုမျိုး စမတ်ဖုန်းထုတ်လုပ်သူတွေကတော့ Android Tablet တွေကို ဆက်လက်ထုတ်လုပ်နေပြီးတော့ အခုအချိန်မှာလည်း Samsung ကနေ Galaxy Tab S4 Tablet ကို ထုတ်လုပ်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ Samsung ရဲ့ Galaxy Tab S Series တွေက တခြားသော Tablets တွေနဲ့ မတူပဲ ထိပ်တန်းအဆင့်ရှိတဲ့အတွက် Android Tablet တွေထဲမှာ အကောင်းဆုံးဖြစ်လာနိုင်ပါတယ်။

အခုထွက်ပေါ်လာတဲ့သတင်းတွေအရတော့ Samsung Galaxy Tab S ဟာ Screensize အနေနဲ့ 10.5″ Display ရှိမှာဖြစ်ပြီးတော့ ဘေးဘောင်တွေက သိသိသာသာကို ပါးလွှာသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် အခုထွက်လာမယ့် Galaxy Tab S4 ဟာ S3 ထက် သိသိသာသာကြီးလာမှာမဟုတ်ပါဘူး။

Samsung ကနေ အခု Galaxy Tab S4 မှာ ကြီးမားတဲ့ အပြောင်းအလဲတစ်ခုကိုလည်း ပြုလုပ်လာခဲ့ပြီးတော့ အဲ့ဒါက Samsung Galaxy Tab S4 မှာ Home Key ဒါမှမဟုတ် Fingerprint Scanner ပါဝင်မှာမဟုတ်တော့တာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် On-Screen Navigation စနစ်တွေကို အသုံးပြုရမှာဖြစ်သလို Fingerprint အစား Iris Scanner နဲ့ အစားထိုးသွားမယ်လို့ ယူဆရပါတယ်။

အခြားသော အချက်အလက်တွေအနေနဲ့ကတော့ Samsung Galaxy Tab S4 မှာ Qualcomm Snapdragon 835 Processor ၊ RAM 4GB ၊ 64GB Storage နဲ့ ကြီးမားတဲ့ 7300mAh Battery ပါဝင်လာမှာပဲဖြစ်ပါတယ်။ Speakers တွေကိုလည်း Tuned by AKG လို့ နာမည်ပေးထားတဲ့အတွက် အဆင့်မြှင့်တင်ထားတဲ့ပုံပါပဲ။

Samsung ဟာ အခု Galaxy Tab S4 Tablet ကို လာမယ့် သြဂုတ်လ ၃၁ ရက်နေ့ကနေ စက်တင်ဘာ ၅ ရက်နေ့မှာ ထုတ်လုပ်မယ့် IFA 2018 Event မှာ မိတ်ဆက်သွားမယ်လို့ ယူဆရပါတယ်။