Samsung ကနေ ထုတ်လုပ်နေတဲ့ Galaxy Tab S Series ဟာ သူရဲ့ Galaxy S Series စမတ်ဖုန်းတွေလိုမျိုးပဲ စွမ်းဆောင်ရည်မြင့်မားပြီး Notes မှတ်ဖို့နဲ့ ပုံဆွဲဖို့အတွက် S Pen ပါ ပါဝင်တဲ့အတွက် Android Tablet တွေအတွက်မှာ အကောင်းစား Tablet Series တစ်ခုလို့ သတ်မှတ်နိုင်နေတာပဲဖြစ်ပါတယ်။

အခုအချိန်မှာလည်း Samsung ကနေ Galaxy Tab S4 ကို အသစ်ထုတ်လုပ်သွားတော့မှာဖြစ်ပြီး ဖြစ်နိုင်တာကတော့ လာမယ့် သြဂုတ်လနှောင်းပိုင်းမှာ ကျင်းပမယ့် IFA 2018 ပွဲမှာ မိတ်ဆက်လာနိုင်တယ်လို့ ယူဆရပါတယ်။ အဆိုပါ Samsung Galaxy Tab S4 Tablet ဟာ အခုအချိန်မှာ Leaks တွေ အများအပြားထွက်ရှိနေပြီဖြစ်ပြီးတော့ အခုအချိန်မှာလည်း နောက်ထပ် Galaxy Tab S4 မှာပါဝင်လာနိုင်တဲ့ Feature တစ်ခုက Leak သတင်းထွက်ပေါ်လာပါတယ်။

အခု Feature ကတော့ Samsung ကနေ Galaxy Tab S4 Tablet မှာ Fingerprint Scanner ပါဝင်လာတော့မှာမဟုတ်ပဲ အဲ့ဒီအစား Intelligent Scanner ကို ပြောင်းလဲတပ်ဆင်လာမယ်လို့ သိရပါတယ်။ အခု Intelligent Scan Feature ကတော့ Samsung ကနေ Galaxy S9 စမတ်ဖုန်းမှာ ထည့်သွင်းခဲ့တဲ့ Feature တစ်ခုဖြစ်ပြီးတော့ Face Recognition နဲ့ Iris Scanner ကို ပေါင်းစပ်ပြီး အသုံးပြုထားတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် ညအမှောင်ထဲမှာလည်း ကောင်းကောင်းအလုပ်လုပ်မှာပါ။

Samsung Galaxy Tab S4 စမတ်ဖုန်းဟာ Galaxy Note 9 စမတ်ဖုန်းထွက်ရှိပြီး နောက်ပိုင်းမှ ထွက်ရှိလာမှာဖြစ်ပြီးတော့ Processor နဲ့ Specification ပိုင်းအနေနဲ့ကတော့ Samsung Galaxy Note 9 နဲ့ တူညီမယ်လို့ ယူဆရပါတယ်။ Screen Display အနေနဲ့ 10.5″ ရှိမှာဖြစ်ပြီး ဘေးဘောင်တွေကလည်း ပုံမှန် Tablet တွေထက် ပိုပြီး ပါးလွှာမယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် စွမ်းဆောင်ရည်မြင့် Android Tablet တစ်ခုကို မျှော်လင့်နေတယ်ဆိုရင်တော့ Samsung ရဲ့ Galaxy Tab S4 Tablet က အရွေးချယ်သင့်ဆုံး Tablet တစ်ခုဖြစ်လာမှာပါ။