Samsung ကနေ သူရဲ့ ခေါက်နိုင်တဲ့ စမတ်ဖုန်းဖြစ်တဲ့ Samsung Galaxy X ကို ယခုနှစ်အတွင်းမှာ ထုတ်ဖော်ပြသသွားဖို့ ကြိုးစားနေတာပဲဖြစ်ပါတယ်။ အခုအချိန်အထိတော့ ကျွန်တော်တို့ဟာ Samsung Galaxy X က ဘယ်လိုပုံစံမျိုးလဲဆိုတာကို မသိရသေးပေမယ့် Galaxy X စမတ်ဖုန်းမှာ ပါဝင်လာမယ့် နည်းပညာတွေကိုတော့ မူပိုင်ခွင့်အနေနဲ့ တွေ့ရှိနေရတာဖြစ်ပါတယ်။

အခုအချိန်မှာလည်း Samsung ကနေ သူရဲ့ Galaxy X စမတ်ဖုန်းအတွက်လို့ ယူဆရတဲ့ ခေါက်ကွေးနိုင်တဲ့ Display မှာ လက်ရဲ့ Pressure ဖိအားကို သိနိုင်တဲ့ Touch Sensor တစ်ခုကို ထည့်သွင်းသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Samsung ကနေ အခုလိုမျိုး Screen အပေါ်ဖိအားကနေ သိနိုင်တဲ့ Apple 3D Touch ဒါမှမဟုတ် Huawei ရဲ့ Force Touch လိုမျိုး Functions တွေကို ဘာကြောင့်အသုံးပြုချင်သလဲဆိုတာကတော့ မသိရသေးပေမယ့် အခုလိုမျိုး ပြင်ညီ Display မျက်နှာပြင်မှာ မဟုတ်ပဲ ကွေးညွတ်နေတဲ့ Display မှာ 3D Touch တပ်ဆင်ထားဖို့က တော်တော်လေးကို လက်ဝင်မှာပါ။

ဘာပဲဖြစ်ဖြစ် Samsung ရဲ့ နောက်ထပ် Galaxy X ဖုန်းအပေါ်ကြိုးစားနေဖြင်းတစ်ခုဖြစ်ပြီးတော့ ဒီနှစ်အတွင်းမှာ ထုတ်ပြနိုင်ပါစေလို့ပဲ မျှော်လင့်မိပါတယ်။