[Zawgyi]

Huawei ကုမၸဏီက သူတုိ႔ရဲ႕ပထမဆုံး Display ထဲမွာ ဆယ္လ္ဖီကင္မရာပါဝင္တဲ့ Nova 4 စမတ္ဖုန္းကို ဒီဇင္ဘာ ၁၇ ရက္ေန႔မွာ မိတ္ဆက္သြားဖို႔ ေၾကျငာျပီးေနာက္ နာရီအနည္းငယ္ အၾကာမွာပဲ ျပိဳင္ဘက္ Samsung ကုမၸဏီကလည္း သူတုိ႔ရဲ႕ အလားတူထုတ္ကုန္ Galaxy A8s စမတ္ဖုန္းကို တစ္ပတ္လုံးလုံး ေစာျပီး ဒီဇင္ဘာ ၁၀ ရက္ေန႔မွာ မိတ္ဆက္သြားမယ္လို႔ ေဖာ္ထုတ္ေၾကျငာလုိက္ျပန္ပါတယ္။

ဒီျဖစ္ရပ္ဟာ တုိက္ဆုိင္မႈေတာ့ လုံးဝမျဖစ္ႏုိင္ပါဘူး။ Notch ေတြ၊ Chin ေတြအစား Screen Hole ထဲမွာ ဆယ္ဖီကင္မရာထည့္သြင္းလာတဲ့ Display စနစ္ကို အသုံးျပဳထားတဲ့ ပထမဆုံးဖုန္းအား ေစ်းကြက္ထဲ အေရာက္ပုိ႔ႏုိင္ဖို႔ တုိက္ပြဲဟာ ႏုိဝင္ဘာလထဲက စတင္ခဲ့တာပါ။ အခုပုံစံမွာေတာ့ ဆမ္ေဆာင္းဟာ Huawei ကုိ ႏွာတစ္ဖ်ားအသာနဲ႔ ပထမဆုိတဲ့ ေနရာကို ယူသြားေတာ့မယ္လို႔ ယူဆရပါတယ္။ ဒါေပမယ့္ ၾကားထဲမွာ အေျပာင္းအလဲ ဆုိတာလည္း ရွိႏုိင္ပါေသးတယ္။Nova 4 နဲ႔ Galaxy A8s တုိ႔မွာ အသုံးျပဳလာမယ့္ Screen ႏွစ္ခုလုံးဟာ BOE မွထုတ္လုပ္ထားတဲ့ LCD ေတြခ်ည္း ျဖစ္ပါတယ္။ ဒါေပမယ့္ ႏွစ္ခုယွဥ္ရင္ေတာ့ Samsung ရဲ႕ဖုန္းက အနည္းငယ္ပိုျမင့္တယ္လို႔ ဆုိပါတယ္။

Spec နဲ႔ေျပာမယ္ဆုိရင္ေတာ့ Galaxy A8s ဟာ 6.3” လက္မအရြယ္ 2340x1080p Resolution နဲ႔ 19.5:9 အခ်ဳိးရွိတဲ့ Display မ်က္ႏွာျပင္ကို အသုံးျပဳလာမွာပါ။ Snapdragon 710 ခ်စ္ပ္ကို အသုံးျပဳလာျပီး RAM မန္မုိရီက 6GB နဲ႔ ေရွ႕ဘက္ Camera Hole ထဲမွာ 24 MP ကင္မရာငယ္တစ္ခု၊ ေက်ာဘက္မွာ Triple-Camera သုံးလုံးတြဲတုိ႔ ပါဝင္လာမွာ ျဖစ္ပါတယ္။

Ref – GSM Arena

[Unicode]

Huawei ကုမ္ပဏီက သူတို့ရဲ့ပထမဆုံး Display ထဲမှာ ဆယ်လ်ဖီကင်မရာပါဝင်တဲ့ Nova 4 စမတ်ဖုန်းကို ဒီဇင်ဘာ ၁၇ ရက်နေ့မှာ မိတ်ဆက်သွားဖို့ ကြေငြာပြီးနောက် နာရီအနည်းငယ် အကြာမှာပဲ ပြိုင်ဘက် Samsung ကုမ္ပဏီကလည်း သူတို့ရဲ့ အလားတူထုတ်ကုန် Galaxy A8s စမတ်ဖုန်းကို တစ်ပတ်လုံးလုံး စောပြီး ဒီဇင်ဘာ ၁၀ ရက်နေ့မှာ မိတ်ဆက်သွားမယ်လို့ ဖော်ထုတ်ကြေငြာလိုက်ပြန်ပါတယ်။

ဒီဖြစ်ရပ်ဟာ တိုက်ဆိုင်မှုတော့ လုံးဝမဖြစ်နိုင်ပါဘူး။ Notch တွေ၊ Chin တွေအစား Screen Hole ထဲမှာ ဆယ်ဖီကင်မရာထည့်သွင်းလာတဲ့ Display စနစ်ကို အသုံးပြုထားတဲ့ ပထမဆုံးဖုန်းအား ဈေးကွက်ထဲ အရောက်ပို့နိုင်ဖို့ တိုက်ပွဲဟာ နိုဝင်ဘာလထဲက စတင်ခဲ့တာပါ။ အခုပုံစံမှာတော့ ဆမ်ဆောင်းဟာ Huawei ကို နှာတစ်ဖျားအသာနဲ့ ပထမဆိုတဲ့ နေရာကို ယူသွားတော့မယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် ကြားထဲမှာ အပြောင်းအလဲ ဆိုတာလည်း ရှိနိုင်ပါသေးတယ်။Nova 4 နဲ့ Galaxy A8s တို့မှာ အသုံးပြုလာမယ့် Screen နှစ်ခုလုံးဟာ BOE မှထုတ်လုပ်ထားတဲ့ LCD တွေချည်း ဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ခုယှဉ်ရင်တော့ Samsung ရဲ့ဖုန်းက အနည်းငယ်ပိုမြင့်တယ်လို့ ဆိုပါတယ်။

Spec နဲ့ပြောမယ်ဆိုရင်တော့ Galaxy A8s ဟာ 6.3” လက်မအရွယ် 2340x1080p Resolution နဲ့ 19.5:9 အချိုးရှိတဲ့ Display မျက်နှာပြင်ကို အသုံးပြုလာမှာပါ။ Snapdragon 710 ချစ်ပ်ကို အသုံးပြုလာပြီး RAM မန်မိုရီက 6GB နဲ့ ရှေ့ဘက် Camera Hole ထဲမှာ 24 MP ကင်မရာငယ်တစ်ခု၊ ကျောဘက်မှာ Triple-camera သုံးလုံးတွဲတို့ ပါဝင်လာမှာ ဖြစ်ပါတယ်။

Ref – GSM Arena