Zawgyi

၂၀၁၈ ခုႏွစ္ရဲ႕ ေရပန္းအစားဆံုး စမတ္ဖုန္း နည္းပညာတစ္ခုကေတာ့ အလင္းအားနည္းတဲ့ အခ်ိန္ေတြမွာ ပံုေကာင္းေတြရေစတဲ့ နည္းပညာပါပဲ။ Google ကေနျပီး သူ႔ Pixel ဖုန္းအသစ္တြအတြက္ စတင္မိတ္ဆက္ေပးခဲ့တာျဖစ္ျပီး အဆိုပါ နည္းပညာကို NightSight လို႔ေခၚပါတယ္။ OnePlus, Xiaomi နဲ႔ HUAWEI တို႔ကေနလည္း သူတို႔ ကိုယ္ပိုင္ Low-light နည္းပညာေတြ ထည့္သြင္းေပးလာၾကပါတယ္။ အဓိက Android ဖုန္း ကုမၸဏီတိုင္းလိုလို NightSight လို လုပ္ေဆာင္ခ်က္မ်ိဳးေတြ ထည့္သြင္းေပးလာၾကေပမယ့္ ေနာက္ေကာက္က်ေနတဲ့ အဓိက စမတ္ဖုန္း ကုမၸဏီ တစ္ခုရွိပါတယ္။ အဲ့တာကေတာ့ Samsung ပါပဲ။ ကင္မရာ အေကာင္းဆံုး စမတ္ဖုန္း စာရင္းမွာ Samsung ရဲ႕ Flagship စမတ္ဖုန္းေတြက မင္းမူထားေလ့ရွိေပမယ့္ ၂၀၁၈ မွာ Low-light Photography ေခတ္စားလာတဲ့ အခ်ိန္မွာေတာ့ တစ္ျခား ဖုန္းေတြထက္ ေနာက္ေကာက္က်ေနပါျပီ။ ဒီအခ်က္ကို Samsung ကလည္း သတိထားမိတာ ၾကာပါျပီ။ အဲ့အတြက္လည္း Samsung ကိုယ္ပိုင္ NightSight လိုနည္းပညာတစ္ခုကို မၾကာခင္ေတြ႔ျမင္ရေတာ့မွာပါ။

Samsung ရဲ႕ Google NightSight လို နည္းပညာကို BrightNight လို႔ နာမည္ေပးထားျပီး Google NightSight နဲ႔ OnePlus ရဲ႕ NightScape တို႔နဲ႔ သေဘာတရားခ်င္း အတူတူပါပဲ။ အဆိုပါ BrightNight နည္းပညာကို မၾကာေသးခင္ကမွ Samsung က မိတ္ဆက္ထားတဲ့ One UI ရဲ႕ စမ္းသပ္ဆဲ ဗားရွင္းထဲမွာ ရွာေတြ႔ခဲ့တာပါ။ One UI ရဲ႕ Source Code ေတြအရ အဆိုပါ Low-light Photography နည္းပညာကို Samsung ရဲ႕ ေနာက္ထုတ္မယ့္ Flagship ျဖစ္တဲ့ Galaxy S10 မွာ စတင္ေတြ႔ရွိရမွာပါ။

Galaxy S10 ကို MWC 2019 ပြဲမွာ စတင္ေတြ႔ျမင္ရမယ္လို႔ ေကာလဟလေတြထြက္ေနပါတယ္။ Galaxy S10 ကို ေမာ္ဒယ္ သံုးမ်ိဳးထုတ္မယ္လို႔ သတင္းထြက္ေနျပီး 5G ကြန္ရက္ အသံုးျပဳႏိုင္ျပီး ေက်ာဘက္ ကင္မရာ သံုးလံုးပါဝင္ျပီး RAM 12GB ထိ ပါဝင္လာမယ္လို႔ သတင္းေတြထြက္ေနပါတယ္။ S10 နဲ႔ ပက္သက္ျပီး စိတ္ဝင္စား စရာ အေကာင္းဆံုးအခ်က္ကေတာ့ Infinity O လို႔ေခၚတဲ့ Selfie ကင္မရာ အေပါက္ေလးနဲ႔ Display အသစ္တစ္မ်ိဳးပါပဲ။ In-Display Fingerprint Scanner လည္းပါဝင္လာမွာျဖစ္ျပီး တစ္ျခား In-Display Fingerprint Scanner ေတြထက္ Unlock လုပ္တဲ့ေနရာမွာ ပိုမိုျမန္ဆန္ႏိုင္ပါတယ္။

Ref: XDA

Unicode

၂၀၁၈ ခုနှစ်ရဲ့ ရေပန်းအစားဆုံး စမတ်ဖုန်း နည်းပညာတစ်ခုကတော့ အလင်းအားနည်းတဲ့ အချိန်တွေမှာ ပုံကောင်းတွေရစေတဲ့ နည်းပညာပါပဲ။ Google ကနေပြီး သူ့ Pixel ဖုန်းအသစ်တွအတွက် စတင်မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး အဆိုပါ နည်းပညာကို NightSight လို့ခေါ်ပါတယ်။ OnePlus, Xiaomi နဲ့ HUAWEI တို့ကနေလည်း သူတို့ ကိုယ်ပိုင် Low-light နည်းပညာတွေ ထည့်သွင်းပေးလာကြပါတယ်။ အဓိက Android ဖုန်း ကုမ္ပဏီတိုင်းလိုလို NightSight လို လုပ်ဆောင်ချက်မျိုးတွေ ထည့်သွင်းပေးလာကြပေမယ့် နောက်ကောက်ကျနေတဲ့ အဓိက စမတ်ဖုန်း ကုမ္ပဏီ တစ်ခုရှိပါတယ်။ အဲ့တာကတော့ Samsung ပါပဲ။ ကင်မရာ အကောင်းဆုံး စမတ်ဖုန်း စာရင်းမှာ Samsung ရဲ့ Flagship စမတ်ဖုန်းတွေက မင်းမူထားလေ့ရှိပေမယ့် ၂၀၁၈ မှာ Low-light Photography ခေတ်စားလာတဲ့ အချိန်မှာတော့ တစ်ခြား ဖုန်းတွေထက် နောက်ကောက်ကျနေပါပြီ။ ဒီအချက်ကို Samsung ကလည်း သတိထားမိတာ ကြာပါပြီ။ အဲ့အတွက်လည်း Samsung ကိုယ်ပိုင် NightSight လိုနည်းပညာတစ်ခုကို မကြာခင်တွေ့မြင်ရတော့မှာ။

Samsung ရဲ့ Google NightSight လို နည်းပညာကို BrightNight လို့ နာမည်ပေးထားပြီး Google NightSight နဲ့ OnePlus ရဲ့ NightScape တို့နဲ့ သဘောတရားချင်း အတူတူပါပဲ။ အဆိုပါ BrightNight နည်းပညာကို မကြာသေးခင်ကမှ Samsung က မိတ်ဆက်ထားတဲ့ One UI ရဲ့ စမ်းသပ်ဆဲ ဗားရှင်းထဲမှာ ရှာတွေ့ခဲ့တာပါ။ One UI ရဲ့ Source Code တွေအရ အဆိုပါ Low-light Photography နည်းပညာကို Samsung ရဲ့ နောက်ထုတ်မယ့် Flagship ဖြစ်တဲ့ Galaxy S10 မှာ စတင်တွေ့ရှိရမှာပါ။

Galaxy S10 ကို MWC 2019 ပွဲမှာ စတင်တွေ့မြင်ရမယ်လို့ ကောလဟလတွေထွက်နေပါတယ်။ Galaxy S10 ကို မော်ဒယ် သုံးမျိုးထုတ်မယ်လို့ သတင်းထွက်နေပြီး 5G ကွန်ရက် အသုံးပြုနိုင်ပြီး ကျောဘက် ကင်မရာ သုံးလုံးပါဝင်ပြီး RAM 12GB ထိ ပါဝင်လာမယ်လို့ သတင်းတွေထွက်နေပါတယ်။ S10 နဲ့ ပက်သက်ပြီး စိတ်ဝင်စား စရာ အကောင်းဆုံးအချက်ကတော့ Infinity O လို့ခေါ်တဲ့ Selfie ကင်မရာ အပေါက်လေးနဲ့ Display အသစ်တစ်မျိုးပါပဲ။ In-Display Fingerprint Scanner လည်းပါဝင်လာမှာဖြစ်ပြီး တစ်ခြား In-Display Fingerprint Scanner တွေထက် Unlock လုပ်တဲ့နေရာမှာ ပိုမိုမြန်ဆန်နိုင်ပါတယ်။

Ref: XDA