Samsung ကနေ မကြာခင်မှာ Galaxy Note 9 စမတ်ဖုန်းအပြင် High End Tablet တစ်ခုဖြစ်တဲ့ Galaxy Tab S4 Tablet ကိုပါ ထုတ်လုပ်သွားတော့မှာ သေချာနေပြီဖြစ်ပါတယ်။ ဒါပေမယ့် အခုလို High End Flagship Devices တွေအပြင် Samsung ကနေ Mid Range Level Device တစ်ခုကိုလည်း မိတ်ဆက်သွားဦးမှာဖြစ်ပါတယ်။

အခု Samsung ကနေ မိတ်ဆက်သွားမယ့် Device ကတော့ Samsung Galaxy Tab A2 XL Tablet ပဲဖြစ်ပြီး အဆိုပါ Tablet ဟာ Samsung ရဲ့ ယခုနှစ်အတွက် Mid Range Tablet တစ်ခုဖြစ်လာမှာပဲဖြစ်ပါတယ်။

Samsung ရဲ့ သတင်းတွေကို မပြတ်တင်နေတတ်တဲ့ SamMobile ကနေ ယခု Samsung Galaxy Tab A2 XL ရဲ့ သတင်းကို တင်ခဲ့တာဖြစ်ပြီးတော့ အခုသတင်းအရ Samsung Galaxy Tab A2 XL က Android Tablet တစ်ခုကို ဈေးသက်သက်သာသာဝယ်ယူချင်တဲ့သူတွေအတွက် ရွေးချယ်စရာဖြစ်လာနိုင်ပါတယ်။

Samsung Galaxy Tab A2 XL ဟာ ကြီးမားတဲ့ 10.5″ Display ကို တပ်ဆင်ထားမှာဖြစ်ပြီး Resolution အနေနဲ့ကတော့ Full HD Resolution ရှိမှာဖြစ်ပါတယ်။ Processor ပိုင်းအနေနဲ့ကတော့ Snapdragon 450 Processor ကို အသုံးပြုထားပြီးတော့ RAM 3GB ပါဝင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။ Battery အနေနဲ့တော့ ကြီးမားတဲ့ 7300mAh Battery ကို တပ်ဆင်ထားမှာပါ။

Storage ပိုင်းအနေနဲ့ကတော့ 32GB ပဲ Internal Storage အနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပြီးတော့ MicroSD Card ထပ်တိုးချဲ့နိုင်မှာပါ။ Camera ပိုင်းအနေနဲ့ကတော့ 8MP Back Camera နဲ့အတူ 5MP Front Camera ပါဝင်လာမှာဖြစ်ပါတယ်။ Fingerprint Scanner ပါဝင်လာမှာမဟုတ်တော့ပဲ Face Scanner ပဲ ပါဝင်လာမှာပါ။

Samsung Galaxy Tab A2 XL ဟာ Samsung Galaxy Tab S4 နဲ့ အတူ ထွက်ရှိလာမယ်လို့ ယူဆရတဲ့အတွက် လာမယ့် စက်တင်ဘာလအတွင်းမှာ ထွက်ရှိလာဖို့များနေပါတယ်။