[Zawgyi]

ဆမ္ေဆာင္းဟာ သူ႕ရဲ႕ဖုန္းေတြေပၚမွာ Fortnite Android ဗားရွင္းကို Exclusive ရေအာင္ ၾကိဳးစားႏုိင္ခဲ့ျပီး ေနာက္ထပ္ ဗီဒီယုိဂိမ္းအေျခခံ မားကက္တင္းအစီအစဥ္ကို ထပ္မံခ်မွတ္ခဲ့ပါတယ္။ ဒီတစ္ခါ နင္တန္းဒုိးနဲ႔ေပါင္းျပီး Pokemon Go ကိုဖန္တီးထုတ္လုပ္ခဲ့တဲ့ Niantic ကုမၸဏီကို ေဒၚလာသန္းေလးဆယ္ ရင္းႏွီးျမဳပ္ႏွံထားတယ္လို႔ သတင္းထြက္လာခဲ့ပါတယ္။ ဒါေပမယ့္ Pokemon ဂိမ္း ေနာက္တစ္ခုေတာ့ မဟုတ္ပါဘူး။

ပုိကီမြန္လိုပဲ ကမာၻေက်ာ္စီးရီးတစ္ခုျဖစ္တဲ့ ဟယ္ရီေပၚတာကို ပူးေပါင္းထုတ္လုပ္ဖို႔ ၾကိဳးစားေနေၾကာင္း သတင္းထြက္လာျပီး S Pen ကို ေမွာ္ေတာင္ေဝွးအျဖစ္ အသုံးျပဳႏုိင္မယ့္ ဂိမ္းမ်ဳိးလုိ႔ ဆုိပါတယ္။ ၂၀၁၉ ခုႏွစ္မွာ ထြက္လာဖို႔ ေၾကျငာထားတဲ့ Harry Potter: Wizards Unite ဂိမ္းရဲ႕ အထူးဗားရွင္းလား၊ လုံးဝအသစ္တစ္ခုလား ဆုိတာကိုေတာ့ မသိရေသးပါဘူး။ တကယ္လို႔ Galaxy Note 10 ထြက္ခ်ိန္မွာ တျပိဳင္တည္း ရခ်င္ရင္ေတာ့ ထုတ္လုပ္လက္စ ဂိမ္းကို ျပန္ျပင္မွသာ အခ်ိန္မီႏုိင္မွာပါ။ Note 10 ရဲ႕ေရွ႕မွာ Galaxy S10 ထြက္မွာျဖစ္ေပမယ့္ S Pen ပါမွာ မဟုတ္တဲ့အတြက္ ေက်ာ္တြက္ရတာပါ။

Niantic ကုမၸဏီပုိင္ ဂိမ္းတစ္ခုျဖစ္တဲ့ Ingress ကုိလည္း သူတုိ႔ရဲ႕ သေဘာတူညီခ်က္ထဲမွာ ထည့္သြင္းထားတယ္လို႔ သိရပါတယ္။ တရားဝင္ေၾကျငာခ်က္ကိုေတာ့ ကုမၸဏီႏွစ္ခုက ဒီႏွစ္ကုန္မွ ထုတ္ေဝသြားဖို႔ ရွိျပီး ေလာစရာလည္း မလုိေသးပါဘူး။ Niantic ဟာ Location-based ကစားနည္းေတြနဲ႔ ပတ္သက္ရင္ ကၽြမ္းက်င္တာ သက္ေသထူျပီးသားမုိ႔ ဟယ္ရီေပၚတာ ဂိမ္းအသစ္ ဘယ္လိုထြက္လာမလဲ ဆုိတာ စိတ္ဝင္စားစရာ ပါပဲ။

Ref – GSM Arena

[Unicode]

ဆမ်ဆောင်းဟာ သူ့ရဲ့ဖုန်းတွေပေါ်မှာ Fortnite Android ဗားရှင်းကို Exclusive ရအောင် ကြိုးစားနိုင်ခဲ့ပြီး နောက်ထပ် ဗီဒီယိုဂိမ်းအခြေခံ မားကက်တင်းအစီအစဉ်ကို ထပ်မံချမှတ်ခဲ့ပါတယ်။ ဒီတစ်ခါ နင်တန်းဒိုးနဲ့ပေါင်းပြီး Pokemon Go ကိုဖန်တီးထုတ်လုပ်ခဲ့တဲ့ Niantic ကုမ္ပဏီကို ဒေါ်လာသန်းလေးဆယ် ရင်းနှီးမြုပ်နှံထားတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။ ဒါပေမယ့် Pokemon ဂိမ်း နောက်တစ်ခုတော့ မဟုတ်ပါဘူး။

ပိုကီမွန်လိုပဲ ကမ္ဘာကျော်စီးရီးတစ်ခုဖြစ်တဲ့ ဟယ်ရီပေါ်တာကို ပူးပေါင်းထုတ်လုပ်ဖို့ ကြိုးစားနေကြောင်း သတင်းထွက်လာပြီး S Pen ကို မှော်တောင်ဝှေးအဖြစ် အသုံးပြုနိုင်မယ့် ဂိမ်းမျိုးလို့ ဆိုပါတယ်။ ၂၀၁၉ ခုနှစ်မှာ ထွက်လာဖို့ ကြေငြာထားတဲ့ Harry Potter: Wizards Unite ဂိမ်းရဲ့ အထူးဗားရှင်းလား၊ လုံးဝအသစ်တစ်ခုလား ဆိုတာကိုတော့ မသိရသေးပါဘူး။ တကယ်လို့ Galaxy Note 10 ထွက်ချိန်မှာ တပြိုင်တည်း ရချင်ရင်တော့ ထုတ်လုပ်လက်စ ဂိမ်းကို ပြန်ပြင်မှသာ အချိန်မီနိုင်မှာပါ။ Note 10 ရဲ့ရှေ့မှာ Galaxy S10 ထွက်မှာဖြစ်ပေမယ့် S Pen ပါမှာ မဟုတ်တဲ့အတွက် ကျော်တွက်ရတာပါ။

Niantic ကုမ္ပဏီပိုင် ဂိမ်းတစ်ခုဖြစ်တဲ့ Ingress ကိုလည်း သူတို့ရဲ့ သဘောတူညီချက်ထဲမှာ ထည့်သွင်းထားတယ်လို့ သိရပါတယ်။ တရားဝင်ကြေငြာချက်ကိုတော့ ကုမ္ပဏီနှစ်ခုက ဒီနှစ်ကုန်မှ ထုတ်ဝေသွားဖို့ ရှိပြီး လောစရာလည်း မလိုသေးပါဘူး။ Niantic ဟာ Location-based ကစားနည်းတွေနဲ့ ပတ်သက်ရင် ကျွမ်းကျင်တာ သက်သေထူပြီးသားမို့ ဟယ်ရီပေါ်တာ ဂိမ်းအသစ် ဘယ်လိုထွက်လာမလဲ ဆိုတာ စိတ်ဝင်စားစရာ ပါပဲ။

Ref – GSM Arena