သုတေသနများစွာပြုလုပ်ပြီးရရှိလာသော တုန့်ပြန်မှုအပေါ် အခြေခံဖန်တီးထားသည့် ဒီဇိုင်း နှင့် တီဗွီဖန်သားပြင်ရှိ ပုံရိပ်အရည်အသွေးကို တစ်ခေတ်ဆန်းသစ်စေမည့် နည်းပညာ

မိသားစု အပန်းဖြေမှုဓလေ့တစ်ခုဖြစ်တဲ့ တီဗွီကြည့်ရှုခြင်းက အခုအချိန်အထိ ဆက်လက်ရှိနေတဲ့ အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ ဒီလိုမျိုး မိသားစုတွေအမြဲတမ်း အချိန်ပေးပြီး တီဗွီကြည့်ရှုနေဖို့ကိုလည်း ဈေးကွက်ကို ဦးဆောင်နေသူတွေက အမြဲတမ်းကြိုးစားနေတာဖြစ်ပါတယ်။ အဲ့ဒီထဲက တစ်ဦးအပါအဝင်ဖြစ်တဲ့ Samsung ကလည်း သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို သိရှိနိုင်အောင် အမြဲတမ်းလေ့လာ၊ သုတေသနပြုလုပ်ပြီးတော့မှ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။ Samsung ရဲ့ တီဗွီအမျိုးအစားတစ်ခုဖြစ်တဲ့ QLED TV တွေကို မထုတ်လုပ်ခင်မှာတင် သုံးစွဲသူတွေ အသုံးပြုချင်တဲ့ တီဗွီအမျိုးအစားတွေ၊ အခြား ဒီဂျစ်တယ်ကိရိယာတွေကိုပါ သေသေချာချာ သုတေသနပြုလုပ်ပြီးမှ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

သုတေသနပြုများမှတဆင့် သိရှိခဲ့ရတာက သုံးစွဲသူတွေက တီဗွီရဲ့ Setting ထဲသို့သွားရောက်တဲ့နေရာမှာ လွယ်ကူရှင်းလင်းမှုက အရေးကြီးတာကိုပါ။ Samsung UXCA ၏ ဒီဇိုင်းအဖွဲ့တွင် ဦးဆောင်နေသူတစ်ဦးဖြစ်တဲ့ Jonathan Gaiser မှ “ ကျွန်တော်တို့ သုသေတနအဖွဲ့နဲ့ နီးနီးကပ်ကပ်အလုပ်လုပ်ပြီးတဲ့နောက်မှာ သုံးစွဲသူတွေ ဘာကိုတကယ်လိုချင်တယ်ဆိုတာ သိရှိခဲ့ရပါတယ်။ သုံးစွဲသူတွေက တီဗွီကြည့်ရှုခြင်းအတွေ့အကြုံ နဲ့ ပက်သတ်ပြီးတော့ ရှင်းလင်းလွယ်ကူမှု၊ လွယ်ကူစွာ သုံးစွဲနိုင်မှု၊ ပေါင်းစည်းမှုတွေကို လိုလားတယ်ဆိုတာကို သိရတဲ့အတွက်ကြောင့် အဲ့ဒီ လိုအပ်မှုတွေကို ဒီဇိုင်းကနေတဆင့် ပေးအပ်နိုင်ဖို့ ကြိုးစားထားပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။

စက်မှုဒီဇိုင်းဘာသာရပ်နဲ့ ကောလိပ်တက်ရောက်ခဲ့ပြီး ဆိုးလ်မြို့ရှိ Samsung နှင့် ၇ နှစ်ကြာ အလုပ်လုပ်ကိုင်နေတဲ့ Lee Kyu Bok နှင့် အဖွဲ့သည် သာမန်ရိုးကျ စဉ်းစားနည်းမှ ခွဲထွက်ထားတဲ့ Samsung QLED အား ဖန်တီးထုတ်လုပ်နိုင်ခဲ့ပါတယ်။ ယခုတီဗွီမျိုးဆက်အသစ်ဟာဆိုရင် လှပကျော့ရှင်းပြီး ရိုးရှင်းတဲ့အပြင် နည်းပညာပိုင်းတွင်လည်း အလွန်အဆင့်မြင့်မားတယ်လို့ဆိုနိုင်ပါတယ်။ Samsung မှ ၄င်းတို့၏ သုံးစွဲသူများ QLED TV အား မည်သည့်နေရာ မည်သည့် ပုံစံဖြင့်မဆို ထားရှိ၊ ကြည့်ရှုနိုင်စေရန် ရည်ရွယ်ပြီးတော့ ထုတ်လုပ်ခဲ့ခြင်းဖြစ်တယ်ဆိုတာကိုတွေ့နိုင်ပါတယ်။

“ ကျွန်တော်တို့ အနေနဲ့ ပါးလွှာတဲ့ တီဗွီမျက်နှာပြင် ဖြစ်စေဖို့အတွက် ဘောင်မပါတဲ့ တီဗွီမျက်နှာပြင်အဖြစ် ဒီဇိုင်းဖန်တီးထားပါတယ်။ ဒါ့အပြင် နံရံကပ် လုပ်ဆောင်ချက် (Wall-Mount Function) ကိုလည်း television set ထဲမှာ သပ်သပ်ရပ်ရပ် ထပ်သွင်းထားနိုင်တာကြောင့် နံရံမှာ ချိတ်ဆွဲထားတဲ့ ပန်းချီကားတစ်ချပ်လို ဖြစ်နေမှာသေချာပါတယ်။” ဟု Lee မှ ထပ်မံပြောကြားခဲ့ပါသေးတယ်။

Samsung QLED TV များကို အလင်းအား စုပ်ယူနိုင်ပြီး ထူးခြားသည့်အရောင်အဖြစ် ပြန်လည်ထုတ်လွှင့်နိုင်စွမ်းရှိသည့် Quantum Dot ဟု အမည်ရတဲ့ ဆီမီးကွန်ဒတ်တာ (Semiconductor) ဖြင့်ပြုလုပ်ထားတာဖြစ်ပါတယ်။ Quantum Dot များသည် တီဗွီကြည့်ရှုခြင်းအတွေ့အကြုံကို ကြီးမားသည့်ထိရောက်မှုဖြစ်စေနိုင်မည့် သေးငယ်သော ပစ္စည်းတစ်ခုဖြစ်ပြီး အရောင်တွေကို ပိုမိုတိကျစွာပြသနိုင်ရုံသာမကပဲ တီဗီအလင်းအား မြှင့်တင်တဲ့နေရာမှာ အားအင်လျော့နည်းသွားခြင်းမရှိပဲ အရောင်အရည်အသွေးများအား ထိထိရောက်ရောက် ထုတ်ဖော်ပြသနိုင်မှာပဲဖြစ်ပါတယ်။ ဒါ့အပြင် Quantum Dot နည်းပညာက ပြင်ပတွင်တွေ့ရသည့် အရောင်များအတိုင်း ဖန်သားပြင်ပေါ်တွင် ကြည့်ရှုနိုင်ရန် ဖန်တီးပေးနိုင်မယ့် အကောင်းဆုံးပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဘာကလေမြို့ရှိ ကယ်လီဖိုးနီးယား တက္ကသိုလ်တွင် ပရော်ဖက်ဆာတစ်ဦးဖြစ်တဲ့ Dr. Alivisatos မှ “Quantum Dots တွေကို အသုံးပြုခြင်းအားဖြင့် သက်တံတွေဖြာထွက်နေသကဲ့သို့သော အရောင်တွေကို ပြုလုပ်နိုင်မှာဖြစ်ပြီး အရောင်တွေကို တကယ့်ကိုတိတိကျကျသေသေချာချာ ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။

လှပသေသပ်စွာပြုလုပ်ထားသည့် QLED အပြင် Samsung ၏ သုသေတနအသင်းကနေ တီဗွီနဲ့ တွဲဖက်အသုံးပြုဖို့အတွက် မိတ်ဖက်သစ်တစ်ခုကိုလည်း ဖန်တီးနိုင်ခဲ့ပါသေးတယ်။ ရီမုတ်တစ်ခုတည်းဖြင့် ပိုမိုလွယ်ကူစွာ အသုံးပြုနိုင်ရန် ဒီဇိုင်းပြုလုပ်ထားတဲ့ Universal Remote ဖြစ်ပါတယ်။ အခြားကိရိယာများနှင့် ချိတ်ဆက်သည့်အခါ ကြုံတွေ့ရလေ့ရှိသည့် စိတ်ရှုပ်ထွေးမှုများအား လျော့ချနိုင်ရန်အတွက် One Remote Control သည် ကေဘယ် နှင့် Set-Top Boxes ၊ ဂိမ်းစက်များ နှင့် Apple TV အပါအ၀င် Stream ပြုလုပ်လို့ရသည့် ကိရိယာအများစု နှင့် အလိုအလျောက်ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။ ထို့အပြင် တီဗွီ၏ HDMI မှ တဆင့် ချိတ်ဆက်သည့် ကိရိယာအများစုအား (ဟောင်းနွမ်းနေသည့် ကိရိယာများ၊ မော်ဒယ်နိမ့်သည့် ကိရိယာများ အပါအ၀င်) အသုံးပြုနိုင်ရန် ပြုလုပ်ထားတာပဲဖြစ်ပါတယ်။ Samsung ၏ တစ်ခေတ်ဆန်းသစ်စေမည့် Quantum Dot နည်းပညာပါဝင်သည့် QLED TV က တီဗွီကြည့်ရှုတဲ့ အတွေ့အကြုံကို အနာဂတ်ဆီသို့ ကြီးမားသည့်ခြေလှမ်းတစ်ခုအနေနဲ့ တက်လှမ်းနိုင်ခဲ့တဲ့ အမှတ်အသားတစ်ခုပဲ ဖြစ်ပါတယ်။ ဘက်ပေါင်းစုံမှတီထွင်ဆန်းသစ်ပြီး အကောင်းဆုံး ရုပ်ပုံအရည်အသွေး နှင့် အလွန်ကောင်းမွန်တဲ့ အရောင်အရည်အသွေးကို ပေးစွမ်းနိုင်မယ်ဆိုတာ အသေအချာပါပဲ။

Samsung QLED TV ကို ရန်ကုန် နဲ့ မန္တလေးမြို့ရှိ Samsung အရောင်းဆိုင်များတွင် ၀ယ်ယူရရှိနိုင်ပါသည်။ Samsung QLED TV နှင့် ပတ်သက်သည့် အကြောင်းအရာများကို ပိုမိုသိရှိစေရန်အတွက် http://www.samsung.com/mm/tvs/t_qled/ မှာ ၀င်ရောက်လေ့လာနိုင်ပါသည်။

Samsung Electronics Co., Ltd အကြောင်း

Samsung Electronics Co., Ltd. ဆိုတာ နည်းပညာပိုင်းဆိုင်ရာတွင် ကမ္ဘာ့ဦးဆောင်သူဖြစ်ရုံသာမက အနာဂတ်ကို ဖော်ဆောင်ပုံသွင်းနိုင်ရန် စိတ်ကူးဥာဏ်များ၊ နည်းပညာများဖြင့်ပုံဖော်နေပြီး တစ်ကမ္ဘာလုံးတွင် တီဗီများ၊ Smartphoneများ၊ Tablet များ၊ ဝတ်ဆင်နိုင်သည့် နည်းပညာထုတ်ကုန်များ၊ Digital အသုံးအဆောင်ပစ္စည်းများ၊ ကွန်ယက်ဆက်သွယ်ရေး စနစ်များ၊ Semiconductor များနှင့် LED Solutions များကို ဖန်တီးထုတ်လုပ်လျက်ရှိနေတာပဲဖြစ်ပါတယ်။ ပိုမိုပြည့်စုံစွာ သိရှိနိုင်ရန်နှင့် နောက်ဆုံးရသတင်းများ၊ လုပ်ဆောင်ချက်ဆိုင်ရာဆောင်းပါးများနှင့် သတင်းထုတ်ပြန်ချက်များ အား http://news.samsung.com တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်မှာပါ။