ဆမ္ေဆာင္းကုမၸဏီဟာ ယေန႔မွာပဲ ကင္မရာဆင္ဆာ အသစ္ႏွစ္ခုကို ေၾကျငာခဲ့ျပီး သူ႕ရဲ႕ မ်ဳိးဆက္သစ္ ဖုန္းေတြမွာ သုံးစြဲလာႏုိင္ဖြယ္ရွိတဲ့ ကင္မရာအသစ္ေတြဟာ 48MP နဲ႔ 32MP တုိ႔ ျဖစ္ပါတယ္။ ဒီကင္မရာေတြကို အခုႏွစ္ကုန္ပုိင္းမွာတင္ ထုတ္လုပ္မႈ စတင္ေတာ့မွာျဖစ္တယ္လို႔ သိရတဲ့အတြက္ Galaxy S10 မွာ ပါဝင္လာႏုိင္ဖို႔ အခ်ိန္မီေနေသးတယ္။

ဆမ္ေဆာင္းရဲ႕ထုတ္ကုန္ေတြအျပင္ အျခားထုတ္လုပ္သူေတြဆီကေန ၂၀၁၉ ခုႏွစ္မွာ 48MP စမတ္ဖုန္း ကင္မရာေတြနဲ႔ ပြဲထြက္လာရင္လည္း အံ့ၾသစရာ မရွိေတာ့ပါဘူး။ မၾကာေသးခင္ကမွ ဆုိနီကုမၸဏီကလည္း သူတုိ႔ကုိယ္ပုိင္ 48MP Sensor တစ္ခုကို ေၾကျငာထားေသးတယ္။

တကယ္လုိ႔ 48MP ဖုန္းကင္မရာၾကီးေတြ ေနာက္ႏွစ္ထဲမွာ ေစ်းကြက္ထဲ ေရာက္လာရင္ေတာ့ လက္ရွိ Android ဖုန္းေတြ အားလုံးထက္ သာလြန္တဲ့ Sensor ျဖစ္ေနမွာပါ။ လက္ရွိအျမင့္ဆုံးလို႔ ဆုိႏုိင္တဲ့ Huawei P20 Pro နဲ႔ သူ႕ရဲ႕ 40MP ကိုေတာင္ ေက်ာ္လြန္ျပီးေတာ့ေပါ့။ ယွဥ္ၾကည့္မယ္ဆုိရင္ Galaxy S9 Plus နဲ႔ Note 9 တုိ႔မွာ Dual 12MP ကင္မရာအစုံ ပါဝင္ျပီး Galaxy A9 မွာ 24MP သာ ထည့္သြင္းထားတာပါ။

ဒါ့အျပင္ ကင္မရာဆင္ဆာရဲ႕ အရြယ္အစားကို ပိုေသးငယ္ေအာင္ ျပဳလုပ္ျခင္းကလည္း ေကာင္းက်ဳိးေတြ အမ်ားၾကီးရွိပါတယ္။ ပိုေကာင္းတဲ့ ကင္မရာဆင္ဆာကို ထည့္ဖို႔အတြက္ Headphone Jack လိုမ်ဳိး အျခား နည္းပညာ အစိတ္အပုိင္းေတြကို ဖယ္ရွားဖုိ႔ မလိုေတာ့ဘူးေပါ့။

ဆမ္ေဆာင္းနဲ႔ ဆုိနီ ႏွစ္ဦးစလုံးကေတာ့ ကင္မရာအသစ္ေတြမွာ အလင္းမွိန္မွိန္ထဲမွာလည္း ပိုေကာင္းတဲ့ ပုံထြက္ရုိက္ကူးႏုိင္မယ္လို႔ ဆုိထားတယ္။ သူတုိ႔က ဒီလိုျဖစ္လာဖို႔အတြက္ Pixel ေလးခုကို တစ္ခုတည္းအျဖစ္ ေပါင္းစည္းတဲ့ နည္းနဲ႔ ပုံရိပ္ကုိ ဖန္တီးယူမွာ ျဖစ္ပါတယ္။

ဆမ္ေဆာင္းရဲ႕ 32MP Sensor ကလည္း ေမ့ထားရမယ့္သူေတာ့ မဟုတ္ပါဘူး။ သူ႕မွာ Real-time HDR Feature ပါဝင္တဲ့အတြက္ ရုိက္ကူးေရးမွာျဖစ္ေစ၊ Streaming လုပ္တာမွာျဖစ္ေစ ပိုေကာင္းတဲ့ HDR ရုပ္ထြက္ကို ရရွိေစမွာျဖစ္ျပီး အလင္းေရာင္နည္းပါးတဲ့ ေနရာေတြမွာလည္း အလုပ္ပိုျဖစ္မယ္လို႔ ဆုိထားတယ္။ Sony ရဲ႕ ကင္မရာ ဆင္ဆာကေတာ့ 4K Resolution ကိုေတာင္ 90fps ႏႈန္းနဲ႔ ရုိက္ကူးႏုိင္ေစမွာပါ။

၂၀၁၈ မွာေတာ့ စမတ္ဖုန္းထုတ္လုပ္သူေတြဟာ သူတုိ႔ ဖုန္းအသစ္ေတြရဲ႕ ကင္မရာေတြကို Lenses ေတြ ပိုျပီးထည့္လာတာ၊ Software လုပ္ေဆာင္ခ်က္ေတြ ထည့္လာတာနဲ႔ စြဲေဆာင္ခဲ့ၾကတယ္။ ေနာက္ႏွစ္ထဲမွာေတာ့ တဟုန္တုိး ျမင့္တက္လာတဲ့ Megapixel ေတြရဲ႕ တုိက္ပြဲကို တစ္ခါျပန္ျမင္ေတြ႕ၾကရဦးမယ္ ထင္ပါတယ္။

Ref – Android Authority

Unicode

ဆမ်ဆောင်းကုမ္ပဏီဟာ ယနေ့မှာပဲ ကင်မရာဆင်ဆာ အသစ်နှစ်ခုကို ကြေငြာခဲ့ပြီး သူ့ရဲ့ မျိုးဆက်သစ် ဖုန်းတွေမှာ သုံးစွဲလာနိုင်ဖွယ်ရှိတဲ့ ကင်မရာအသစ်တွေဟာ 48MP နဲ့ 32MP တို့ ဖြစ်ပါတယ်။ ဒီကင်မရာတွေကို အခုနှစ်ကုန်ပိုင်းမှာတင် ထုတ်လုပ်မှု စတင်တော့မှာဖြစ်တယ်လို့ သိရတဲ့အတွက် Galaxy S10 မှာ ပါဝင်လာနိုင်ဖို့ အချိန်မီနေသေးတယ်။

ဆမ်ဆောင်းရဲ့ထုတ်ကုန်တွေအပြင် အခြားထုတ်လုပ်သူတွေဆီကနေ ၂၀၁၉ ခုနှစ်မှာ 48MP စမတ်ဖုန်း ကင်မရာတွေနဲ့ ပွဲထွက်လာရင်လည်း အံ့သြစရာ မရှိတော့ပါဘူး။ မကြာသေးခင်ကမှ ဆိုနီကုမ္ပဏီကလည်း သူတို့ကိုယ်ပိုင် 48MP Sensor တစ်ခုကို ကြေငြာထားသေးတယ်။

တကယ်လို့ 48MP ဖုန်းကင်မရာကြီးတွေ နောက်နှစ်ထဲမှာ ဈေးကွက်ထဲ ရောက်လာရင်တော့ လက်ရှိ Android ဖုန်းတွေ အားလုံးထက် သာလွန်တဲ့ Sensor ဖြစ်နေမှာပါ။ လက်ရှိအမြင့်ဆုံးလို့ ဆိုနိုင်တဲ့ Huawei P20 Pro နဲ့ သူ့ရဲ့ 40MP ကိုတောင် ကျော်လွန်ပြီးတော့ပေါ့။ ယှဉ်ကြည့်မယ်ဆိုရင် Galaxy S9 Plus နဲ့ Note 9 တို့မှာ Dual 12MP ကင်မရာအစုံ ပါဝင်ပြီး Galaxy A9 မှာ 24MP သာ ထည့်သွင်းထားတာပါ။

ဒါ့အပြင် ကင်မရာဆင်ဆာရဲ့ အရွယ်အစားကို ပိုသေးငယ်အောင် ပြုလုပ်ခြင်းကလည်း ကောင်းကျိုးတွေ အများကြီးရှိပါတယ်။ ပိုကောင်းတဲ့ ကင်မရာဆင်ဆာကို ထည့်ဖို့အတွက် Headphone Jack လိုမျိုး အခြား နည်းပညာ အစိတ်အပိုင်းတွေကို ဖယ်ရှားဖို့ မလိုတော့ဘူးပေါ့။

ဆမ်ဆောင်းနဲ့ ဆိုနီ နှစ်ဦးစလုံးကတော့ ကင်မရာအသစ်တွေမှာ အလင်းမှိန်မှိန်ထဲမှာလည်း ပိုကောင်းတဲ့ ပုံထွက်ရိုက်ကူးနိုင်မယ်လို့ ဆိုထားတယ်။ သူတို့က ဒီလိုဖြစ်လာဖို့အတွက် Pixel လေးခုကို တစ်ခုတည်းအဖြစ် ပေါင်းစည်းတဲ့ နည်းနဲ့ ပုံရိပ်ကို ဖန်တီးယူမှာ ဖြစ်ပါတယ်။

ဆမ်ဆောင်းရဲ့ 32MP Sensor ကလည်း မေ့ထားရမယ့်သူတော့ မဟုတ်ပါဘူး။ သူ့မှာ Real-time HDR Feature ပါဝင်တဲ့အတွက် ရိုက်ကူးရေးမှာဖြစ်စေ၊ Streaming လုပ်တာမှာဖြစ်စေ ပိုကောင်းတဲ့ HDR ရုပ်ထွက်ကို ရရှိစေမှာဖြစ်ပြီး အလင်းရောင်နည်းပါးတဲ့ နေရာတွေမှာလည်း အလုပ်ပိုဖြစ်မယ်လို့ ဆိုထားတယ်။ Sony ရဲ့ ကင်မရာ ဆင်ဆာကတော့ 4K Resolution ကိုတောင် 90fps နှုန်းနဲ့ ရိုက်ကူးနိုင်စေမှာပါ။

၂၀၁၈ မှာတော့ စမတ်ဖုန်းထုတ်လုပ်သူတွေဟာ သူတို့ ဖုန်းအသစ်တွေရဲ့ ကင်မရာတွေကို Lenses တွေ ပိုပြီးထည့်လာတာ၊ Software လုပ်ဆောင်ချက်တွေ ထည့်လာတာနဲ့ စွဲဆောင်ခဲ့ကြတယ်။ နောက်နှစ်ထဲမှာတော့ တဟုန်တိုး မြင့်တက်လာတဲ့ Megapixel တွေရဲ့ တိုက်ပွဲကို တစ်ခါပြန်မြင်တွေ့ကြရဦးမယ် ထင်ပါတယ်။

Ref – Android Authority