[Zawgyi]

CES 2019 ကေတာ့ Las Vegas မွာ က်င္းပျပဳလုပ္ ေနပါၿပီ။ ဒီပြဲမွာ ကိုရီးယားရဲ႕ ဧရာမနည္းပညာကုမၸဏီႀကီးျဖစ္တဲ့ Samsung ကလည္း သူ႔ရဲ႕ထုတ္ကုန္ေတြကို ပါဝင္ျပသခဲ့ပါတယ္။ လက္ရွိက်င္းပေနတဲ့ ဒီပြဲမွာ စမတ္ဖုန္းနဲ႔ပတ္သက္တဲ့ ေၾကညာမႈေတြ သိပ္မ်ားမ်ားစားစား မရွိေပမယ့္ Samsung ကေတာ့ သူတို႔ရဲ႕ Foldable စမတ္ဖုန္းကို ျပသခဲ့တယ္လို႔ သိရပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ Foldable စမတ္ဖုန္းကို ေဈးကြက္ထဲ ပို႔ေဆာင္ဖို႔ အဆင္သင့္မျဖစ္ေသးဘူးလို႔ သိရပါတယ္။ ဒါေပမယ့္ CES 2019 မွာေတာ့ ကန႔္သတ္ခ်က္တစ္ခုနဲ႔ ျပသခဲ့ပါတယ္။ Samsung က Foldable စမတ္ဖုန္း ျပသပုံက တံခါးပိတ္ထားတဲ့အခန္းထဲမွာ လူအနည္းငယ္ကိုပဲ တိတ္တဆိတ္ျပသတာလို႔ သိရပါတယ္။ ဒီလုပ္ရပ္ေၾကာင့္ပဲ မီဒီယာေတြရဲ႕ အာ႐ုံစိုက္မႈကို ပိုၿပီးရရွိသြားတယ္လို႔ ယူဆရပါတယ္။

ေဈးကြက္ထဲပို႔ေဆာင္ဖို႔ အဆင္သင့္ မျဖစ္ေသးတဲ့အခ်က္ေတြထဲမွာ ေခါက္သိမ္းတဲ့လုပ္ငန္းစဥ္နဲ႔ပတ္သက္တဲ့ ဖြဲ႕စည္းတည္ေဆာက္မႈပိုင္းဆိုင္ရာမွာ ေျဖရွင္းစရာျပႆနာအခ်ိဳ႕ က်န္ရွိေနေသးတာေၾကာင့္လို႔ သိရပါတယ္။ ဒီ Foldable ဖုန္းဟာ မေခါက္ဘဲ ျဖန႔္ထားခ်ိန္မွာ သာမန္ဖုန္းေတြအတိုင္း လုံးဝကို ပါးလႊာ ျပန႔္ျပဴးေနမွာျဖစ္တယ္လို႔ ကုမၸဏီက အခိုင္အမာကို ေျပာဆိုခဲ့ပါတယ္။

ဒါေပမယ့္ ေခါက္သိမ္းလိုက္ခ်ိန္မွာေတာ့ ဖုန္းရဲ႕ လုပ္ေဆာင္ခ်က္အခ်ိဳ႕ ရပ္နားသြားပါတယ္။ ဒါ့အျပင္ ေခါက္သိမ္းလိုက္ခ်ိန္မွာ မ်က္ႏွာျပင္ကို ထိခိုက္ႏိုင္ေခ်လည္း ျဖစ္ေပၚေစတာေၾကာင့္ Samsung အေနနဲ႔ ထပ္မံစမ္းသပ္မႈေတြ ျပဳလုပ္ခဲ့ရတယ္လို႔ ဆိုပါတယ္။ ဒီေန႔အခ်ိန္မွာေတာ့ ေခါက္သိမ္းလိုက္ခ်ိန္မွာ ေခါက္႐ိုးေၾကာင္းေပၚေနဆဲျဖစ္တယ္လို႔ သိရပါတယ္။ ဒီျပႆနာကို ေနာက္ဆုံးအၿပီးသတ္ ထုတ္လုပ္မႈမွာ ေျဖရွင္းႏိုင္မယ္လို႔လည္း Samsung ရဲ႕ ေျပာေရးဆိုခြင့္ရွိသူက သတင္းထုတ္ျပန္ခဲ့ပါတယ္။

Ref: GSMArena

[Unicode]

CES 2019 မှာ အကန့်အသတ်နဲ့ပြသသွားတဲ့ Samsung Foldable Phone

CES 2019 ကတော့ Las Vegas မှာ ကျင်းပပြုလုပ် နေပါပြီ။ ဒီပွဲမှာ ကိုရီးယားရဲ့ ဧရာမနည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Samsung ကလည်း သူ့ရဲ့ထုတ်ကုန်တွေကို ပါဝင်ပြသခဲ့ပါတယ်။ လက်ရှိကျင်းပနေတဲ့ ဒီပွဲမှာ စမတ်ဖုန်းနဲ့ပတ်သက်တဲ့ ကြေညာမှုတွေ သိပ်များများစားစား မရှိပေမယ့် Samsung ကတော့ သူတို့ရဲ့ Foldable စမတ်ဖုန်းကို ပြသခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ Foldable စမတ်ဖုန်းကို ဈေးကွက်ထဲ ပို့ဆောင်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ သိရပါတယ်။ ဒါပေမယ့် CES 2019 မှာတော့ ကန့်သတ်ချက်တစ်ခုနဲ့ ပြသခဲ့ပါတယ်။ Samsung က Foldable စမတ်ဖုန်း ပြသပုံက တံခါးပိတ်ထားတဲ့အခန်းထဲမှာ လူအနည်းငယ်ကိုပဲ တိတ်တဆိတ်ပြသတာလို့ သိရပါတယ်။ ဒီလုပ်ရပ်ကြောင့်ပဲ မီဒီယာတွေရဲ့ အာရုံစိုက်မှုကို ပိုပြီးရရှိသွားတယ်လို့ ယူဆရပါတယ်။

ဈေးကွက်ထဲပို့ဆောင်ဖို့ အဆင်သင့် မဖြစ်သေးတဲ့အချက်တွေထဲမှာ ခေါက်သိမ်းတဲ့လုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့ ဖွဲ့စည်းတည်ဆောက်မှုပိုင်းဆိုင်ရာမှာ ဖြေရှင်းစရာပြဿနာအချို့ ကျန်ရှိနေသေးတာကြောင့်လို့ သိရပါတယ်။ ဒီ Foldable ဖုန်းဟာ မခေါက်ဘဲ ဖြန့်ထားချိန်မှာ သာမန်ဖုန်းတွေအတိုင်း လုံးဝကို ပါးလွှာ ပြန့်ပြူးနေမှာဖြစ်တယ်လို့ ကုမ္ပဏီက အခိုင်အမာကို ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ခေါက်သိမ်းလိုက်ချိန်မှာတော့ ဖုန်းရဲ့ လုပ်ဆောင်ချက်အချို့ ရပ်နားသွားပါတယ်။ ဒါ့အပြင် ခေါက်သိမ်းလိုက်ချိန်မှာ မျက်နှာပြင်ကို ထိခိုက်နိုင်ချေလည်း ဖြစ်ပေါ်စေတာကြောင့် Samsung အနေနဲ့ ထပ်မံစမ်းသပ်မှုတွေ ပြုလုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီနေ့အချိန်မှာတော့ ခေါက်သိမ်းလိုက်ချိန်မှာ ခေါက်ရိုးကြောင်းပေါ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဒီပြဿနာကို နောက်ဆုံးအပြီးသတ် ထုတ်လုပ်မှုမှာ ဖြေရှင်းနိုင်မယ်လို့လည်း Samsung ရဲ့ ပြောရေးဆိုခွင့်ရှိသူက သတင်းထုတ်ပြန်ခဲ့ပါတယ်။

Ref: GSMArena