[Zawgyi]

နည္းပညာတုိးတက္လာတာနဲ႔အမွ် ေန႔စဥ္လူေနမႈဘဝကို ပိုမုိေဘးကင္းလုံျခဳံလာေစတဲ့ ဂတ္ဂ်က္ပစၥည္းေတြ ထြက္ေပၚလာေနပါတယ္။ ေတာင္ကိုရီးယားအေျခစိုက္ နည္းပညာကုမၸဏီႀကီး ဆမ္ေဆာင္း (Samsung) ကို ယေန႔မွာ စမတ္ဖုန္းထုတ္လုပ္သူအျဖစ္ လူသိမ်ားေပမယ့္ အျခား လူသုံးကုန္နည္းပညာေတြကိုလည္း စဥ္ဆက္မျပတ္ ထုတ္လုပ္ေနတဲ့ ကုမၸဏီတစ္ခုပါ။

အခုအခါ ဆမ္ေဆာင္းဟာ အသံျဖင့္အမိန္႔ေပးႏုိင္တဲ့ AI Assistant စနစ္ Bixby အား ကိုယ္တုိင္ထုတ္လုပ္လာခဲ့ၿပီး စမတ္ဖုန္းမ်ားသာမက အျခားအိမ္သုံးပစၥည္းေတြကိုပါ ထိုင္ရာမထ ထိန္းခ်ဳပ္ႏုိင္မယ့္ Samsung SmartThings နည္းပညာသစ္ ထုတ္ကုန္ကို မိတ္ဆက္လာပါၿပီ။

SmartThings ဟာ ကင္မရာ၊ မီးလုံး၊ ေသာ့စနစ္၊ အေအးေပးစနစ္ စတဲ့ ပစၥည္းေပါင္း ၁၀၀ ေက်ာ္နဲ႔ တြဲဖက္သုံးစြဲႏုိင္တဲ့ AI Assistant နည္းပညာသစ္ပါ။ သူ႕မွာ ဦးေႏွာက္အျဖစ္ အဓိကအလုပ္လုပ္ေပးမယ့္ Hub တစ္ခု၊ လႈပ္ရွားမႈ အစုိဓါတ္ စသျဖင့္ အာရုံခံစနစ္မ်ား၊ ရုိးရုိးမီးခလုပ္ေတြကို စမတ္မီးခလုပ္အျဖစ္ ေျပာင္းလဲေပးႏုိင္မယ့္ Smart Outlet ေတြနဲ႔ ႀကိဳက္တဲ့ေနရာကို ယူသြားႏုိင္တဲ့ Buttons ငယ္တုိ႔ ပါဝင္ပါတယ္။

Bixby နဲ႔အဓိကတြဲေၾကာ္ျငာလာေပမယ့္ Amazon ရဲ႕ Alexa တုိ႔လို အျခား AI စနစ္ေတြနဲ႔လည္း တြဲဖက္ အလုပ္လုပ္ႏုိင္ပါတယ္။ အဓိက အားသာခ်က္ကေတာ့ အိမ္တစ္အိမ္ရဲ႕ ေဘးကင္းလုံျခဳံမႈအတြက္ လိုအပ္တဲ့ အာရုံခံစနစ္မ်ားကို ထည့္သြင္းထားတာ၊ မီးခလုပ္ရုိးရုိးေတြမွာ တပ္လိုက္ရင္ အသံနဲ႔ မီးအဖြင့္အပိတ္လုပ္ႏုိင္တဲ့ စမတ္ Outlet ေၾကာင့္ သာမာန္အိမ္တစ္လုံးကို စမတ္အိမ္တစ္လုံးလို ျဖစ္သြားေစတာ၊ တစ္ေနရာထဲကေန ထစရာမလုိဘဲ ဒါေတြအားလုံးကို အလြယ္တကူ ထိန္းခ်ဳပ္ႏုိင္တာ စတဲ့ အက်ဳိးေက်းဇူးေတြပါပဲ။

ဒီေတာ့ ရွိၿပီးသားအိမ္ကို ထပ္ၿပီး ရႈပ္ေထြးတဲ့ နည္းပညာစနစ္ေတြ တပ္ဆင္စရာမလုိဘဲ အလြယ္တကူ Smart Home စနစ္တစ္ခုအျဖစ္ ေျပာင္းလဲႏုိင္ေအာင္ ဒီဇုိင္းထုတ္ထားတယ္လို႔ ဆုိႏုိင္ပါတယ္။ Samsung SmartThings ေၾကာ္ျငာမွာေတာ့ ေဖ်ာ္ေျဖေရးအတြက္ အသုံးျပဳေနတဲ့ တီဗီကေန လႈပ္ရွားမႈအာရုံခံဆင္ဆာက ေပးပို႔ခ်က္ကို ဖမ္းယူၾကည့္ရႈႏုိင္တာကိုလည္း ေတြ႕ရမွာပါ။

တကယ္ေတာ့ ဆမ္ေဆာင္းကုမၸဏီဟာ ရုပ္ျမင္သံၾကားနည္းပညာမွာလည္း ႀကီးမားတဲ့ သမုိင္းေၾကာင္း ရွိခဲ့ၿပီး အခုဆုိရင္ (၁၂) ႏွစ္ဆက္တုိက္ ကမာၻ႕နံပါတ္တစ္ ရုပ္ျမင္သံၾကားထုတ္လုပ္သူ အျဖစ္ သတ္မွတ္ခံထားရတာပါ။ ဘာေၾကာင့္လဲဆုိရင္ေတာ့ သူတုိ႔ရဲ႕ ဒီဇုိင္း၊ ကာလာတိက်မႈနဲ႔ ပုံရိပ္ကြာလတီကို ျမင့္မားသထက္ ျမင့္မားေအာင္ အျမဲႀကိဳးစားထုတ္လုပ္ေနတာေၾကာင့္ ျဖစ္ပါတယ္။

အျဖဴအမည္းေခတ္တည္းက သူတုိ႔ရဲ႕ ပထမဆုံးရုပ္ျမင္သံၾကားစက္ကုိ ထုတ္လုပ္ခဲ့တဲ့ လက္႐ွိကမာၻ႕နံပါတ္တစ္အမွတ္တံဆိပ္ ဆမ္ေဆာင္းရဲ႕ တီဗီေတြကို ၂၀၀၆ ခုႏွစ္ထိ ျပန္သြားၾကည့္မယ္ဆုိရင္ ဝုိင္ဖန္ခြက္ကေန အတုယူထုတ္လုပ္ထားတဲ့ LCD Display ျဖစ္တဲ့ Bordeaux ေမာ္ဒယ္ကို ေတြ႕ရမွာပါ။ ရုပ္ျမင္သံၾကားစက္ရဲ႕ ေအာက္ေျခအထိုင္ကိုပါ ဝုိင္ဖန္ခြက္လက္ကုိင္ေလးလို ေသးေသးသြယ္သြယ္နဲ႔ ထုတ္လုပ္လာတဲ့ ဒီဇုိင္းက ေခတ္စားသြားခဲ့ၿပီး စုစုေပါင္း အလုံးေရတစ္သန္းေက်ာ္ ေရာင္းခ်ခဲ့ရတယ္။

ကမာၻ႕ပထမဆုံး Edge-lit LED TV ကိုလည္း ဆမ္ေဆာင္းကပဲ ၂၀၀၉ ခုႏွစ္မွာ ေစ်းကြက္ထဲ စပုိ႔ခဲ့တာပါပဲ။ LED Edge အလင္းေပးစနစ္ေၾကာင့္ ထိုစဥ္က ကမာၻေပၚမွာ အပါးလႊာဆုံးတီဗီ ျဖစ္ခဲ့တယ္။ ဒီေျခလွမ္းကို လုိက္ၿပီး ၂၀၁၀ ခုႏွစ္မွာေတာ့ ကမာၻ႕ပထမဆုံး 3D LED တီဗီကို ထုတ္လုပ္ခဲ့ကာ အိမ္သုံးေဖ်ာ္ေျဖေရးစနစ္ေတြဆီကို သုံးဖက္ျမင္ရသနဲ႔ စတင္မိတ္ဆက္ေပးခဲ့တာပါ။ ၂၀၁၀ မွာပဲ ကမာၻ႕ပထမဆုံး Smart TV App Store ကို ထုတ္လႊင့္ခဲ့ေသးတယ္။

ေခတ္သစ္ နည္းပညာၿပိဳင္ပြဲမွာလည္း ဦးေဆာင္သူေနရာက ဖယ္မေပးခဲ့ဘဲ ၂၀၁၃ ခုႏွစ္မွာ ကမာၻ႕ပထမဆုံး OLED Display အသုံးျပဳထားတဲ့ တီဗီ၊ ၂၀၁၄ ခုႏွစ္မွာ ပထမဆုံးေကြးညႊတ္ႏုိင္တဲ့ Display ပါဝင္တဲ့ UHD Curved တီဗီေတြကို ထုတ္လုပ္ခဲ့တာပါ။

လက္ရွိမွာ ကမာၻ႕အႀကီးမားဆုံး စမတ္ဖုန္းထုတ္လုပ္သူ သုံးဦးထဲမွာ အပါအဝင္ျဖစ္တဲ့ ဆမ္ေဆာင္းဟာ Display နည္းပညာ၊ AI ကြန္ျပဴတာဥာဏ္ရည္တု နည္းပညာ စတာေတြမွာ ယုံၾကည္စိတ္ခ်ရဆုံး အမွတ္တံဆိပ္ တစ္ခုလို႔ ဆုိရင္ မမွားႏုိင္ပါဘူး။ ဒါေၾကာင့္ Samsung SmartThings နဲ႔ Samsung TV ေတြကို ကိုယ့္ရဲ႕ အိမ္အတြက္ေရြးခ်ယ္မယ္ ဆုိရင္ ေဖ်ာ္ေျဖေရးေရာ ေဘးကင္းလုံျခဳံမႈကိုပါ ဝယ္ယူသလို ျဖစ္ေနမွာပါ။

[Unicode]

နည်းပညာတိုးတက်လာတာနဲ့အမျှ နေ့စဉ်လူနေမှုဘဝကို ပိုမိုဘေးကင်းလုံခြုံလာစေတဲ့ ဂတ်ဂျက်ပစ္စည်းတွေ ထွက်ပေါ်လာနေပါတယ်။ တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမ္ပဏီကြီး ဆမ်ဆောင်း (Samsung) ကို ယနေ့မှာ စမတ်ဖုန်းထုတ်လုပ်သူအဖြစ် လူသိများပေမယ့် အခြား လူသုံးကုန်နည်းပညာတွေကိုလည်း စဉ်ဆက်မပြတ် ထုတ်လုပ်နေတဲ့ ကုမ္ပဏီတစ်ခုပါ။

အခုအခါ ဆမ်ဆောင်းဟာ အသံဖြင့်အမိန့်ပေးနိုင်တဲ့ AI Assistant စနစ် Bixby အား ကိုယ်တိုင်ထုတ်လုပ်လာခဲ့ပြီး စမတ်ဖုန်းများသာမက အခြားအိမ်သုံးပစ္စည်းတွေကိုပါ ထိုင်ရာမထ ထိန်းချုပ်နိုင်မယ့် Samsung SmartThings နည်းပညာသစ် ထုတ်ကုန်ကို မိတ်ဆက်လာပါပြီ။

SmartThings ဟာ ကင်မရာ၊ မီးလုံး၊ သော့စနစ်၊ အအေးပေးစနစ် စတဲ့ ပစ္စည်းပေါင်း ၁၀၀ ကျော်နဲ့ တွဲဖက်သုံးစွဲနိုင်တဲ့ AI Assistant နည်းပညာသစ်ပါ။ သူ့မှာ ဦးနှောက်အဖြစ် အဓိကအလုပ်လုပ်ပေးမယ့် Hub တစ်ခု၊ လှုပ်ရှားမှု အစိုဓါတ် စသဖြင့် အာရုံခံစနစ်များ၊ ရိုးရိုးမီးခလုပ်တွေကို စမတ်မီးခလုပ်အဖြစ် ပြောင်းလဲပေးနိုင်မယ့် Smart Outlet တွေနဲ့ ကြိုက်တဲ့နေရာကို ယူသွားနိုင်တဲ့ Buttons ငယ်တို့ ပါဝင်ပါတယ်။

Bixby နဲ့အဓိကတွဲကြော်ငြာလာပေမယ့် Amazon ရဲ့ Alexa တို့လို အခြား AI စနစ်တွေနဲ့လည်း တွဲဖက် အလုပ်လုပ်နိုင်ပါတယ်။ အဓိက အားသာချက်ကတော့ အိမ်တစ်အိမ်ရဲ့ ဘေးကင်းလုံခြုံမှုအတွက် လိုအပ်တဲ့ အာရုံခံစနစ်များကို ထည့်သွင်းထားတာ၊ မီးခလုပ်ရိုးရိုးတွေမှာ တပ်လိုက်ရင် အသံနဲ့ မီးအဖွင့်အပိတ်လုပ်နိုင်တဲ့ စမတ် Outlet ကြောင့် သာမာန်အိမ်တစ်လုံးကို စမတ်အိမ်တစ်လုံးလို ဖြစ်သွားစေတာ၊ တစ်နေရာထဲကနေ ထစရာမလိုဘဲ ဒါတွေအားလုံးကို အလွယ်တကူ ထိန်းချုပ်နိုင်တာ စတဲ့ အကျိုးကျေးဇူးတွေပါပဲ။

ဒီတော့ ရှိပြီးသားအိမ်ကို ထပ်ပြီး ရှုပ်ထွေးတဲ့ နည်းပညာစနစ်တွေ တပ်ဆင်စရာမလိုဘဲ အလွယ်တကူ Smart Home စနစ်တစ်ခုအဖြစ် ပြောင်းလဲနိုင်အောင် ဒီဇိုင်းထုတ်ထားတယ်လို့ ဆိုနိုင်ပါတယ်။ Samsung SmartThings ကြော်ငြာမှာတော့ ဖျော်ဖြေရေးအတွက် အသုံးပြုနေတဲ့ တီဗီကနေ လှုပ်ရှားမှုအာရုံခံဆင်ဆာက ပေးပို့ချက်ကို ဖမ်းယူကြည့်ရှုနိုင်တာကိုလည်း တွေ့ရမှာပါ။

တကယ်တော့ ဆမ်ဆောင်းကုမ္ပဏီဟာ ရုပ်မြင်သံကြားနည်းပညာမှာလည်း ကြီးမားတဲ့ သမိုင်းကြောင်း ရှိခဲ့ပြီး အခုဆိုရင် (၁၂) နှစ်ဆက်တိုက် ကမ္ဘာ့နံပါတ်တစ် ရုပ်မြင်သံကြားထုတ်လုပ်သူ အဖြစ် သတ်မှတ်ခံထားရတာပါ။ ဘာကြောင့်လဲဆိုရင်တော့ သူတို့ရဲ့ ဒီဇိုင်း၊ ကာလာတိကျမှုနဲ့ ပုံရိပ်ကွာလတီကို မြင့်မားသထက် မြင့်မားအောင် အမြဲကြိုးစားထုတ်လုပ်နေတာကြောင့် ဖြစ်ပါတယ်။

အဖြူအမည်းခေတ်တည်းက သူတို့ရဲ့ ပထမဆုံးရုပ်မြင်သံကြားစက်ကို ထုတ်လုပ်ခဲ့တဲ့ လက်ရှိကမ္ဘာ့နံပါတ်တစ်အမှတ်တံဆိပ် ဆမ်ဆောင်းရဲ့ တီဗီတွေကို ၂၀၀၆ ခုနှစ်ထိ ပြန်သွားကြည့်မယ်ဆိုရင် ဝိုင်ဖန်ခွက်ကနေ အတုယူထုတ်လုပ်ထားတဲ့ LCD Display ဖြစ်တဲ့ Bordeaux မော်ဒယ်ကို တွေ့ရမှာပါ။ ရုပ်မြင်သံကြားစက်ရဲ့ အောက်ခြေအထိုင်ကိုပါ ဝိုင်ဖန်ခွက်လက်ကိုင်လေးလို သေးသေးသွယ်သွယ်နဲ့ ထုတ်လုပ်လာတဲ့ ဒီဇိုင်းက ခေတ်စားသွားခဲ့ပြီး စုစုပေါင်း အလုံးရေတစ်သန်းကျော် ရောင်းချခဲ့ရတယ်။

ကမ္ဘာ့ပထမဆုံး Edge-lit LED TV ကိုလည်း ဆမ်ဆောင်းကပဲ ၂၀၀၉ ခုနှစ်မှာ ဈေးကွက်ထဲ စပို့ခဲ့တာပါပဲ။ LED Edge အလင်းပေးစနစ်ကြောင့် ထိုစဉ်က ကမ္ဘာပေါ်မှာ အပါးလွှာဆုံးတီဗီ ဖြစ်ခဲ့တယ်။ ဒီခြေလှမ်းကို လိုက်ပြီး ၂၀၁၀ ခုနှစ်မှာတော့ ကမ္ဘာ့ပထမဆုံး 3D LED တီဗီကို ထုတ်လုပ်ခဲ့ကာ အိမ်သုံးဖျော်ဖြေရေးစနစ်တွေဆီကို သုံးဖက်မြင်ရသနဲ့ စတင်မိတ်ဆက်ပေးခဲ့တာပါ။ ၂၀၁၀ မှာပဲ ကမ္ဘာ့ပထမဆုံး Smart TV App Store ကို ထုတ်လွှင့်ခဲ့သေးတယ်။

ခေတ်သစ် နည်းပညာပြိုင်ပွဲမှာလည်း ဦးဆောင်သူနေရာက ဖယ်မပေးခဲ့ဘဲ ၂၀၁၃ ခုနှစ်မှာ ကမ္ဘာ့ပထမဆုံး OLED Display အသုံးပြုထားတဲ့ တီဗီ၊ ၂၀၁၄ ခုနှစ်မှာ ပထမဆုံးကွေးညွှတ်နိုင်တဲ့ Display ပါဝင်တဲ့ UHD Curved တီဗီတွေကို ထုတ်လုပ်ခဲ့တာပါ။

လက်ရှိမှာ ကမ္ဘာ့အကြီးမားဆုံး စမတ်ဖုန်းထုတ်လုပ်သူ သုံးဦးထဲမှာ အပါအဝင်ဖြစ်တဲ့ ဆမ်ဆောင်းဟာ Display နည်းပညာ၊ AI ကွန်ပြူတာဉာဏ်ရည်တု နည်းပညာ စတာတွေမှာ ယုံကြည်စိတ်ချရဆုံး အမှတ်တံဆိပ် တစ်ခုလို့ ဆိုရင် မမှားနိုင်ပါဘူး။ ဒါကြောင့် Samsung SmartThings နဲ့ Samsung TV တွေကို ကိုယ့်ရဲ့ အိမ်အတွက်ရွေးချယ်မယ် ဆိုရင် ဖျော်ဖြေရေးရော ဘေးကင်းလုံခြုံမှုကိုပါ ဝယ်ယူသလို ဖြစ်နေမှာပါ။