အေနာက္ႏုိင္ငံေတြမွာ PUBG Mobile ကို ေဒါင္းလုပ္ဆြဲယူမႈၾကိမ္ေရ သန္းတစ္ရာျပည့္ခဲ့တဲ့ေနာက္ ျပီးခဲ့တဲ့ ၾသဂုတ္လမွာ ပထမဆုံး တရားဝင္ PUBG Mobile ျပိဳင္ပြဲျဖစ္တဲ့ Player Well Known ကိုက်င္းပခဲ့ပါတယ္။ အခု ဒီျပိဳင္ပြဲျပီးလို႔ တစ္လေက်ာ္သာ ၾကာေသးတဲ့အခ်ိန္မွာပဲ PUBG Mobile က ေနာက္ထပ္ Global အဆင့္ ျပိဳင္ပြဲ တစ္ခုကို ထပ္မံေၾကျငာလိုက္ျပီး Live Stream လႊင့္သူေတြၾကားထဲကို ထပ္မံ ထိုးေဖာက္ဝင္ေရာက္ဖို႔ ၾကိဳးစားလာပါတယ္။

PUBG Mobile Star Challenge လို႔ အမည္ေပးထားတဲ့ ျပိဳင္ပြဲမွာ ေျမာက္အေမရိက၊ ေတာင္အေမရိက၊ ဥေရာပ၊ ကိုရီးယားနဲ႔ ဂ်ပန္၊ တရုတ္နဲ႔ က်န္တဲ့ အာရွႏုိင္ငံေတြ ဆုိျပီး ဇုန္ေျခာက္ခု ခြဲျခားကာ ပါဝင္ယွဥ္ျပိဳင္ေစမွာ ျဖစ္ျပီး ၾသဂုတ္လက က်င္းပခဲ့တဲ့ PWK ပြဲမွာလိုပဲ ပါဝင္ခ်င္တဲ့သူေတြဟာ သူတို႔ရဲ႕ ဆုိရွယ္အေကာင့္ေတြနဲ႔ Stream အေကာင့္က Follower စုစုေပါင္း တစ္ေထာင္ေက်ာ္ဖို႔သာ လုိအပ္ပါတယ္။ ဒါဟာ Live Stream စတား ေတြကို အဓိက ပစ္မွတ္ထားတဲ့ ျပိဳင္ပြဲျဖစ္လို႔ ဒီလိုသတ္မွတ္ထားတာပါ။

ဒီျပိဳင္ပြဲမွာ အႏုိင္ရမယ့္သူေတြအတြက္ ဆုေၾကးေငြအျပင္ PUBG ကုိယ္တုိင္ သူ႕ရဲ႕ဂိမ္းကို ပုံမွန္ပရိုမုိးရွင္း လုပ္ေပးဖို႔ တရားဝင္စာခ်ဳပ္ေတြ ခ်ဳပ္ဆုိသြားဖို႔ ရွိတဲ့အတြက္ နာမည္မၾကီးေသးတဲ့ Streamer ေတြအတြက္လည္း အခြင့္အေရးေကာင္းတစ္ခု ျဖစ္ပါတယ္။

ဆုေၾကးေငြအေနနဲ႔ကလည္း စုစုေပါင္းေဒၚလာ ေျခာက္သိန္းထိ ေပးသြားမွာျဖစ္ျပီး အဓိက စပြန္ဆာက ဆမ္ေဆာင္းရဲ႕ Galaxy Note 9 ျဖစ္တယ္လို႔ ဆိုပါတယ္။ ပါတနာေတြအျဖစ္ ေပါင္းစည္းတဲ့ အထိမ္းအမွတ္ အေနနဲ႔ ဂိမ္းကုမၸဏီ Tencent ကလည္း သူတုိ႔ရဲ႕ PUBG Mobile ဟာ Samsung Galaxy App ေတြထဲမွာ ရေနျပီ ျဖစ္ေၾကာင္း ေၾကျငာေပးခဲ့ျပီးပါျပီ။

ေဒသအလုိက္ ဆီမီးဖိုင္နယ္ပြဲစဥ္ေတြကေတာ့ ေဆာ့ေနျပီျဖစ္ျပီး စိတ္ဝင္စားရင္ PUBG Mobile ရဲ႕ တရားဝင္ Youtube ခ်န္နယ္မွာ သြားၾကည့္ရႈႏုိင္ပါတယ္။ ေဒသအလိုက္ ဖိုင္နယ္ပြဲေတြအနက္ ပထမဆုံးဖုိင္နယ္ ပြဲစဥ္ကိုေတာ့ ယူကရိန္းႏုိင္ငံ၊ ကိဗ္ျမိဳ႕မွာ လာမယ့္ စက္တင္ဘာ ၂၉ နဲ႔ ၃၀ ရက္ေတြမွာ က်င္းပသြားမွာျဖစ္ျပီး ဥေရာပရဲ႕ အေကာင္းဆုံး PUBG အသင္းေတြက ဆုေငြေဒၚလာႏွစ္ေသာင္းနဲ႔ ကမာၻ႔အဆင့္ျပိဳင္ပြဲမွာ ပါဝင္ခြင့္ တစ္ေနရာအတြက္ ယွဥ္ျပိဳင္သြားၾကမွာပါ။

ကမာၻ႔အဆင့္ ျပိဳင္ပြဲကိုေတာ့ ႏွစ္ကုန္က်မွ ဒူဘုိင္းမွာ က်င္းပေပးသြားမွာ ျဖစ္ပါတယ္။ ေဒသေျခာက္ခုကေန တက္လာမယ့္ အသင္း ၁၃ သင္းဟာ တုိက္ရုိက္ဖိတ္ေခၚထားတဲ့ ခုနစ္သင္းနဲ႔အတူ ပထမဆု ေဒၚလာႏွစ္သိန္းကို ယွဥ္ျပိဳင္ရမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ လူၾကိဳက္မ်ားေစဖို႔ ရည္ရြယ္ျပီး လုပ္တဲ့ပြဲျဖစ္တဲ့အေလွ်ာက္ ေဒသတစ္ခုခ်င္းစီအလုိက္ လူၾကိဳက္အမ်ားဆုံး အသင္းေတြကိုလည္း သီးသန္႔ဆုေတြ ေပးသြားဦးမွာျဖစ္တယ္လို႔ သိရပါတယ္။

Ref – Android Authority

Unicode

အနောက်နိုင်ငံတွေမှာ PUBG Mobile ကို ဒေါင်းလုပ်ဆွဲယူမှုကြိမ်ရေ သန်းတစ်ရာပြည့်ခဲ့တဲ့နောက် ပြီးခဲ့တဲ့ သြဂုတ်လမှာ ပထမဆုံး တရားဝင် PUBG Mobile ပြိုင်ပွဲဖြစ်တဲ့ Player Well Known ကိုကျင်းပခဲ့ပါတယ်။ အခု ဒီပြိုင်ပွဲပြီးလို့ တစ်လကျော်သာ ကြာသေးတဲ့အချိန်မှာပဲ PUBG Mobile က နောက်ထပ် Global အဆင့် ပြိုင်ပွဲ တစ်ခုကို ထပ်မံကြေငြာလိုက်ပြီး Live Stream လွှင့်သူတွေကြားထဲကို ထပ်မံ ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားလာပါတယ်။

PUBG Mobile Star Challenge လို့ အမည်ပေးထားတဲ့ ပြိုင်ပွဲမှာ မြောက်အမေရိက၊ တောင်အမေရိက၊ ဥရောပ၊ ကိုရီးယားနဲ့ ဂျပန်၊ တရုတ်နဲ့ ကျန်တဲ့ အာရှနိုင်ငံတွေ ဆိုပြီး ဇုန်ခြောက်ခု ခွဲခြားကာ ပါဝင်ယှဉ်ပြိုင်စေမှာ ဖြစ်ပြီး သြဂုတ်လက ကျင်းပခဲ့တဲ့ PWK ပွဲမှာလိုပဲ ပါဝင်ချင်တဲ့သူတွေဟာ သူတို့ရဲ့ ဆိုရှယ်အကောင့်တွေနဲ့ Stream အကောင့်က Follower စုစုပေါင်း တစ်ထောင်ကျော်ဖို့သာ လိုအပ်ပါတယ်။ ဒါဟာ Live Stream စတား တွေကို အဓိက ပစ်မှတ်ထားတဲ့ ပြိုင်ပွဲဖြစ်လို့ ဒီလိုသတ်မှတ်ထားတာပါ။

ဒီပြိုင်ပွဲမှာ အနိုင်ရမယ့်သူတွေအတွက် ဆုကြေးငွေအပြင် PUBG ကိုယ်တိုင် သူ့ရဲ့ဂိမ်းကို ပုံမှန်ပရိုမိုးရှင်း လုပ်ပေးဖို့ တရားဝင်စာချုပ်တွေ ချုပ်ဆိုသွားဖို့ ရှိတဲ့အတွက် နာမည်မကြီးသေးတဲ့ Streamer တွေအတွက်လည်း အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါတယ်။

ဆုကြေးငွေအနေနဲ့ကလည်း စုစုပေါင်းဒေါ်လာ ခြောက်သိန်းထိ ပေးသွားမှာဖြစ်ပြီး အဓိက စပွန်ဆာက ဆမ်ဆောင်းရဲ့ Galaxy Note 9 ဖြစ်တယ်လို့ ဆိုပါတယ်။ ပါတနာတွေအဖြစ် ပေါင်းစည်းတဲ့ အထိမ်းအမှတ် အနေနဲ့ ဂိမ်းကုမ္ပဏီ Tencent ကလည်း သူတို့ရဲ့ PUBG Mobile ဟာ Samsung Galaxy App တွေထဲမှာ ရနေပြီ ဖြစ်ကြောင်း ကြေငြာပေးခဲ့ပြီးပါပြီ။

ဒေသအလိုက် ဆီမီးဖိုင်နယ်ပွဲစဉ်တွေကတော့ ဆော့နေပြီဖြစ်ပြီး စိတ်ဝင်စားရင် PUBG Mobile ရဲ့ တရားဝင် Youtube ချန်နယ်မှာ သွားကြည့်ရှုနိုင်ပါတယ်။ ဒေသအလိုက် ဖိုင်နယ်ပွဲတွေအနက် ပထမဆုံးဖိုင်နယ် ပွဲစဉ်ကိုတော့ ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့မှာ လာမယ့် စက်တင်ဘာ ၂၉ နဲ့ ၃၀ ရက်တွေမှာ ကျင်းပသွားမှာဖြစ်ပြီး ဥရောပရဲ့ အကောင်းဆုံး PUBG အသင်းတွေက ဆုငွေဒေါ်လာနှစ်သောင်းနဲ့ ကမ္ဘာ့အဆင့်ပြိုင်ပွဲမှာ ပါဝင်ခွင့် တစ်နေရာအတွက် ယှဉ်ပြိုင်သွားကြမှာပါ။

ကမ္ဘာ့အဆင့် ပြိုင်ပွဲကိုတော့ နှစ်ကုန်ကျမှ ဒူဘိုင်းမှာ ကျင်းပပေးသွားမှာ ဖြစ်ပါတယ်။ ဒေသခြောက်ခုကနေ တက်လာမယ့် အသင်း ၁၃ သင်းဟာ တိုက်ရိုက်ဖိတ်ခေါ်ထားတဲ့ ခုနစ်သင်းနဲ့အတူ ပထမဆု ဒေါ်လာနှစ်သိန်းကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လူကြိုက်များစေဖို့ ရည်ရွယ်ပြီး လုပ်တဲ့ပွဲဖြစ်တဲ့အလျှောက် ဒေသတစ်ခုချင်းစီအလိုက် လူကြိုက်အများဆုံး အသင်းတွေကိုလည်း သီးသန့်ဆုတွေ ပေးသွားဦးမှာဖြစ်တယ်လို့ သိရပါတယ်။

Ref – Android Authority