[Zawgyi]

Samsung ဟာ Galaxy S10 သုံးမ်ိဳး ကို မိတ္ဆက္ေပးရင္းနဲ႔ 5G ဖုန္းေရာ Foldable ဖုန္းေတြကိုပါ တစ္ခါတည္း ထုတ္ႂကြားသြားခဲ့ပါတယ္။ ဒါတင္မကေသးဘဲ သူတို႔ရဲ႕ Ecosystem Wearable အသစ္ျဖစ္တဲ့ Galaxy Watch Active ကိုလည္း ထုတ္ျပခဲ့ပါတယ္။

Galaxy Watch Active ကေတာ့ အရင္ စမတ္နာရီေတြနဲ႔ အသြင္သ႑ာန္အားျဖင့္ အနည္းငယ္ကြဲျပား ျခားနားတယ္လို႔ ဆိုရမွာပါ။ က်စ္လ်စ္ပါးလႊာတဲ့ ဒီဇိုင္းကို အဓိကထားၿပီး တည္ေဆာက္ထားပုံရတဲ့ ဒီစမတ္နာရီဟာ 10.5mm ပဲ ရွိပါတယ္။ (Galaxy Watch က 12.7mm ပါ) နာရီမ်က္ႏွာျပင္ရဲ႕ အခ်င္းကိုတိုင္းၾကည့္ရင္ေတာ့ 40mm ရွိတယ္လို႔ သိရပါတယ္။

ဒီ Galaxy Watch Active မွာ Blood Pressure Monitoring Feature သစ္တစ္မ်ိဳး ပါဝင္လာပါတယ္။ ဒါ့အျပင္ ဒီစမတ္နာရီဟာ ပုံမွန္ႏွလုံးခုန္ႏႈန္းကိုလည္း ေစာင့္ၾကည့္တိုင္းတာေပးႏိုင္သလို၊ စိတ္ဖိစီးမႈ ျဖစ္စဥ္ကိုလည္း ေစာင့္ၾကည့္ႏိုင္တယ္လို႔ ဆိုပါတယ္။ Active ဆိုတဲ့ ဝိေသသနဲ႔အညီ GPS/GLONASS, Accelerometer, Gyroscope, Barometer စတာေတြရဲ႕အကူအညီနဲ႔ လႈပ္ရွားမႈအျပဳအမူေပါင္း ၃၉ ခုကို အလိုအေလ်ာက္ ေျခရာခံေပးတယ္လို႔ သိရပါတယ္။

လႈပ္ရွားမႈေတြထဲမွာ ေရကူးတဲ့လႈပ္ရွားမႈလည္း ပါဝင္တာေၾကာင့္ Galaxy Watch Active ကို 5ATM အထိ ေရစိုခံႏိုင္ေအာင္ ျပဳလုပ္ထားတယ္လို႔လည္း ဆိုပါတယ္။ ဒါ့အျပင္ 20mm လတ္ပတ္ႀကိဳးႏွစ္မ်ိဳးကိုလည္း ထုတ္လုပ္ေပးထားတာေၾကာင့္ စိတ္ႀကိဳက္လဲလွယ္ ဝတ္ဆင္ႏိုင္တယ္လို႔ သိရပါတယ္။

Galaxy Watch Active ဟာ 1.1-inch AMOLED Display (360 x 360px) အသုံးျပဳထားၿပီး Gorilla Glass 3 ျဖစ္တယ္လို႔လည္း သိရပါတယ္။ OS ကေတာ့ Tizen OS 4.0 ျဖစ္ၿပီး Exynos 9110 Chipset ျဖစ္ပါတယ္။ RAM 768MB ျဖစ္ၿပီး Build-in Storage ကေတာ့ 4GB ျဖစ္ပါတယ္။

Samsung Galaxy Watch Active မွာ 230mAh ဘက္ထရီတပ္ဆင္ေပးထားၿပီး wireless Charging စနစ္ပါဝင္တာေၾကာင့္ Galaxy S10 ေတြအပါအဝင္ Qi ႀကိဳးမဲ့အားသြင္းစနစ္ပါဝင္တဲ့ ဖုန္းေတြဆီကေန အားသြင္းယူလို႔ ရပါတယ္။ သူ႔ရဲ႕တန္ဖိုးက $200 ျဖစ္တာေၾကာင့္ ျမန္မာေငြ ၃ သိန္း ၆ ေသာင္းဝန္းက်င္ေလာက္ က်သင့္မွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Galaxy Watch Active ကိုလည်း ပွဲထုတ်ခဲ့တဲ့ Samsung

Samsung ဟာ Galaxy S10 သုံးမျိုး ကို မိတ်ဆက်ပေးရင်းနဲ့ 5G ဖုန်းရော Foldable ဖုန်းတွေကိုပါ တစ်ခါတည်း ထုတ်ကြွားသွားခဲ့ပါတယ်။ ဒါတင်မကသေးဘဲ သူတို့ရဲ့ Ecosystem Wearable အသစ်ဖြစ်တဲ့ Galaxy Watch Active ကိုလည်း ထုတ်ပြခဲ့ပါတယ်။

Galaxy Watch Active ကတော့ အရင် စမတ်နာရီတွေနဲ့ အသွင်သဏ္ဍာန်အားဖြင့် အနည်းငယ်ကွဲပြား ခြားနားတယ်လို့ ဆိုရမှာပါ။ ကျစ်လျစ်ပါးလွှာတဲ့ ဒီဇိုင်းကို အဓိကထားပြီး တည်ဆောက်ထားပုံရတဲ့ ဒီစမတ်နာရီဟာ 10.5mm ပဲ ရှိပါတယ်။ (Galaxy Watch က 12.7mm ပါ) နာရီမျက်နှာပြင်ရဲ့ အချင်းကိုတိုင်းကြည့်ရင်တော့ 40mm ရှိတယ်လို့ သိရပါတယ်။

ဒီ Galaxy Watch Active မှာ Blood Pressure Monitoring Feature သစ်တစ်မျိုး ပါဝင်လာပါတယ်။ ဒါ့အပြင် ဒီစမတ်နာရီဟာ ပုံမှန်နှလုံးခုန်နှုန်းကိုလည်း စောင့်ကြည့်တိုင်းတာပေးနိုင်သလို၊ စိတ်ဖိစီးမှု ဖြစ်စဉ်ကိုလည်း စောင့်ကြည့်နိုင်တယ်လို့ ဆိုပါတယ်။ Active ဆိုတဲ့ ဝိသေသနဲ့အညီ GPS/GLONASS, Accelerometer, Gyroscope, Barometer စတာတွေရဲ့အကူအညီနဲ့ လှုပ်ရှားမှုအပြုအမူပေါင်း ၃၉ ခုကို အလိုအလျောက် ခြေရာခံပေးတယ်လို့ သိရပါတယ်။

လှုပ်ရှားမှုတွေထဲမှာ ရေကူးတဲ့လှုပ်ရှားမှုလည်း ပါဝင်တာကြောင့် Galaxy Watch Active ကို 5ATM အထိ ရေစိုခံနိုင်အောင် ပြုလုပ်ထားတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် 20mm လတ်ပတ်ကြိုးနှစ်မျိုးကိုလည်း ထုတ်လုပ်ပေးထားတာကြောင့် စိတ်ကြိုက်လဲလှယ် ဝတ်ဆင်နိုင်တယ်လို့ သိရပါတယ်။

Galaxy Watch Active ဟာ 1.1-inch AMOLED Display (360 x 360px) အသုံးပြုထားပြီး Gorilla Glass 3 ဖြစ်တယ်လို့လည်း သိရပါတယ်။ OS ကတော့ Tizen OS 4.0 ဖြစ်ပြီး Exynos 9110 Chipset ဖြစ်ပါတယ်။ RAM 768MB ဖြစ်ပြီး Build-in Storage ကတော့ 4GB ဖြစ်ပါတယ်။

Samsung Galaxy Watch Active မှာ 230mAh ဘက်ထရီတပ်ဆင်ပေးထားပြီး wireless Charging စနစ်ပါဝင်တာကြောင့် Galaxy S10 တွေအပါအဝင် Qi ကြိုးမဲ့အားသွင်းစနစ်ပါဝင်တဲ့ ဖုန်းတွေဆီကနေ အားသွင်းယူလို့ ရပါတယ်။ သူ့ရဲ့တန်ဖိုးက $200 ဖြစ်တာကြောင့် မြန်မာငွေ ၃ သိန်း ၆ သောင်းဝန်းကျင်လောက် ကျသင့်မှာ ဖြစ်ပါတယ်။
Ref: GSMArena