ဆမ္ေဆာင္းကုမၸဏီဟာ မနက္ျဖန္မွာ စတင္ေတာ့မယ့္ သူတုိ႔ရဲ႕ Developer Conference (SDC) အမွီ Foldable စမတ္ဖုန္းကို ရည္ရြယ္တဲ့ ပရိုဖိုင္ဓါတ္ပုံျဖင့္ အရိပ္အျမြက္ျပသခဲ့ျပီး ေခါက္ခ်ဳိးထားတဲ့အခါ စမတ္ဖုန္းလို အသုံးျပဳႏုိင္ျပီး ျဖန္႔လိုက္တဲ့အခါ Tablet တစ္လုံး အရြယ္ျဖစ္သြားမယ့္ ဟန္းဆက္အသစ္ေပၚမွာ App ေတြ ဘယ္လို ဖန္တီးမလဲဆုိတာ Developer ေတြနဲ႔ ေဆြးေႏြးမယ့္ ပုံပါပဲ။

ကုမၸဏီရဲ႕ မိုဘုိင္းဆက္သြယ္ေရးဌာန အၾကီးအကဲျဖစ္သူက SDC ကြန္ဖရင့္မွာ စမတ္ဖုန္းရဲ႕ User Interface (UI) ကို ျပသသြားမယ္လို႔ အတည္ျပဳခဲ့ျပီး အျခား ဆမ္ေဆာင္းအရာရွိ တစ္ဦးကေတာ့ ဒီဟန္းဆက္ရဲ႕ ပုံရိပ္ကိုလည္း ျမင္ေတြ႕ရမယ္လို႔ ဆုိခဲ့ပါတယ္။

ဒါေပမယ့္ ေျပာစကားေတြကို ၾကည့္ရတာ ဒီဟန္းဆက္ကို လူအမ်ားေရွ႕ပြဲထုတ္လာဖို႔အတြက္ ဒီဇုိင္းပုိင္းကို အျပီးမသတ္ရေသးတဲ့ ပုံျဖစ္ေနျပီး ျပည့္စုံတဲ့ယူနစ္တစ္ခုအျဖစ္ အလုပ္လုပ္ေနတာကို ပြဲမွာေတြ႕ရဖို႔ အခြင့္အလမ္း နည္းေနပါတယ္။ သတင္းေတြအရ Foldable ဖုန္းသစ္ကို Samsung Galaxy F စီးရီးအျဖစ္ အမည္ေပးထားျပီး လာမယ့္ႏွစ္ အေစာပုိင္းမွာ ေစ်းကြက္ထဲ ရေအာင္ပုိ႔သြားမွာပါ။

“ဟန္းဆက္အသစ္ကို ေစ်းကြက္ထဲ မပို႔ခင္ လက္ရွိအခ်ိန္မွာ ဘယ္ေလာက္ထိ လုပ္ကိုင္ျပီးျပီလဲ ဆုိတာ Developer ေတြကို ျပသရင္း သူတုိ႔စိတ္ကူးကို ေစာင့္ၾကည့္ခ်င္ပါတယ္” လို႔ ဆမ္ေဆာင္းအရာရွိတစ္ဦးက ေျပာပါတယ္။ Foldable ဖုန္းေတြအတြက္ တုိက္ပြဲဟာ ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ေနပါျပီ။ ၂၀၁၈ အတြင္းမွာ ပထမဆုံး ပန္းဝင္လာတဲ့သူကို ျမင္ရဖို႔ ေမွ်ာ္လင့္ထားၾကျပီး အခုဆုိရင္ ျပိဳင္ပြဲရဲ႕ အေရးအပါဆုံး အခ်ိန္ကို ဝင္ေရာက္လာျပီဆုိလည္း မမွားပါဘူး။ ဆမ္္ေဆာင္းရဲ႕ Foldable ဖုန္းကို ဘယ္လိုပုံစံနဲ႔ ထြက္လာမလဲ ဆုိတာ ေစာင့္ၾကည့္လုိက္ရေအာင္။

Ref – Reuters/GSM Arena

Unicode

ဆမ်ဆောင်းကုမ္ပဏီဟာ မနက်ဖြန်မှာ စတင်တော့မယ့် သူတို့ရဲ့ Developer Conference (SDC) အမှီ Foldable စမတ်ဖုန်းကို ရည်ရွယ်တဲ့ ပရိုဖိုင်ဓါတ်ပုံဖြင့် အရိပ်အမြွက်ပြသခဲ့ပြီး ခေါက်ချိုးထားတဲ့အခါ စမတ်ဖုန်းလို အသုံးပြုနိုင်ပြီး ဖြန့်လိုက်တဲ့အခါ Tablet တစ်လုံး အရွယ်ဖြစ်သွားမယ့် ဟန်းဆက်အသစ်ပေါ်မှာ App တွေ ဘယ်လို ဖန်တီးမလဲဆိုတာ Developer တွေနဲ့ ဆွေးနွေးမယ့် ပုံပါပဲ။

ကုမ္ပဏီရဲ့ မိုဘိုင်းဆက်သွယ်ရေးဌာန အကြီးအကဲဖြစ်သူက SDC ကွန်ဖရင့်မှာ စမတ်ဖုန်းရဲ့ User Interface (UI) ကို ပြသသွားမယ်လို့ အတည်ပြုခဲ့ပြီး အခြား ဆမ်ဆောင်းအရာရှိ တစ်ဦးကတော့ ဒီဟန်းဆက်ရဲ့ ပုံရိပ်ကိုလည်း မြင်တွေ့ရမယ်လို့ ဆိုခဲ့ပါတယ်။

ဒါပေမယ့် ပြောစကားတွေကို ကြည့်ရတာ ဒီဟန်းဆက်ကို လူအများရှေ့ပွဲထုတ်လာဖို့အတွက် ဒီဇိုင်းပိုင်းကို အပြီးမသတ်ရသေးတဲ့ ပုံဖြစ်နေပြီး ပြည့်စုံတဲ့ယူနစ်တစ်ခုအဖြစ် အလုပ်လုပ်နေတာကို ပွဲမှာတွေ့ရဖို့ အခွင့်အလမ်း နည်းနေပါတယ်။ သတင်းတွေအရ Foldable ဖုန်းသစ်ကို Samsung Galaxy F စီးရီးအဖြစ် အမည်ပေးထားပြီး လာမယ့်နှစ် အစောပိုင်းမှာ ဈေးကွက်ထဲ ရအောင်ပို့သွားမှာပါ။

“ဟန်းဆက်အသစ်ကို ဈေးကွက်ထဲ မပို့ခင် လက်ရှိအချိန်မှာ ဘယ်လောက်ထိ လုပ်ကိုင်ပြီးပြီလဲ ဆိုတာ Developer တွေကို ပြသရင်း သူတို့စိတ်ကူးကို စောင့်ကြည့်ချင်ပါတယ်” လို့ ဆမ်ဆောင်းအရာရှိတစ်ဦးက ပြောပါတယ်။ Foldable ဖုန်းတွေအတွက် တိုက်ပွဲဟာ နှစ်ပေါင်းများစွာ ကြာမြင့်နေပါပြီ။ ၂၀၁၈ အတွင်းမှာ ပထမဆုံး ပန်းဝင်လာတဲ့သူကို မြင်ရဖို့ မျှော်လင့်ထားကြပြီး အခုဆိုရင် ပြိုင်ပွဲရဲ့ အရေးအပါဆုံး အချိန်ကို ဝင်ရောက်လာပြီဆိုလည်း မမှားပါဘူး။ ဆမ်ဆောင်းရဲ့ Foldable ဖုန်းကို ဘယ်လိုပုံစံနဲ့ ထွက်လာမလဲ ဆိုတာ စောင့်ကြည့်လိုက်ရအောင်။

Ref – Reuters/GSM Arena