ဒီဘက္ႏွစ္ထဲမွာ အသုံးအမ်ားဆုံး ဒီဇုိင္းတစ္ခုက Waterdrop Notch ျဖစ္လာျပီး ကင္မရာထည့္ဖို႔ ေနရာဖယ္ထားရတဲ့ ရုပ္ဆုိးဆုိး Screen ေရွ႕ဘက္ပုံေဟာင္းကို အၾကီးအက်ယ္ေျပာင္းလဲေပးႏုိင္ခဲ့တယ္။ ဒါေပမယ့္ ဆမ္ေဆာင္းကေတာ့ အနာဂါတ္ကို ထပ္မံေမွ်ာ္ၾကည့္ေနခဲ့ျပီး Display ထဲမွာ အေပါက္ေလးသာ ပါဝင္မယ့္ ကင္မရာနဲ႔ ဆင္ဆာေတြကို ထုတ္လုပ္ႏုိင္ဖို႔ ၾကိဳးစားေနပါျပီ။

ေအာက္တုိဘာ ၁၈ ရက္ေန႔က ဆမ္ေဆာင္းရဲ႕ OLED ဖိုရမ္ေဆြးေႏြးပြဲကို တရုတ္ႏုိင္ငံ ရွန္းက်န္႔ျမိဳ႕မွ Marriott ဟုိတယ္မွာ ျပဳလုပ္ခဲ့ျပီး ပရိသတ္အေယာက္ ၂၀ လည္း တက္ေရာက္ခြင့္ ရရွိခဲ့ပါတယ္။ အဲဒီပြဲမွာ ဆမ္ေဆာင္းက သူတုိ႔မ်က္စိက်ေနတဲ့ နည္းပညာသစ္အတြက္ Presentation ကုိ ျပသခဲ့တာပါ။

လက္ရွိမွာေတာ့ Notch ေတြကေန ေရွာင္ရွားေနတဲ့ တစ္ခုတည္းေသာ ကုမၸဏီျဖစ္တဲ့ ကုိရီးယား နည္းပညာ ကုမၸဏီၾကီးဟာ ၂၀၁၉ မွာ In-Display Camera နဲ႔ Sensor စနစ္ေတြဘက္က ေလာင္းေၾကးထပ္မယ့္ ပုံပါပဲ။ UPS (Under-Screen-Sensor) နည္းပညာအျပင္ OLED နဲ႔ပတ္သက္တဲ့ အျခားနည္းပညာသစ္ေတြျဖစ္တဲ့ Touch-Sensitive နည္းပညာသစ္၊ Screen Sound နည္းပညာစတာေတြကိုလည္း မိတ္ဆက္ခဲ့ေပမယ့္ အားလုံးထဲမွာ စိတ္ဝင္စားမႈအခံရဆုံးက Under-Display ကင္မရာစနစ္ဆုိတာ ေျပာစရာေတာင္ မလုိပါဘူး။

လက္ရွိမွာ အနည္းငယ္မွ်ေသာ စမ္းသပ္မႈေတြကို လုပ္ကိုင္ေနျပီ ျဖစ္ေပမယ့္ လာမယ့္လအနည္းငယ္ အတြင္းမွာ ထြက္လာမယ့္ Galaxy S10 မွာ ပါဝင္ႏုိင္ေလာက္ေအာင္ေတာ့ မမီေလာက္ေတာ့ပါဘူး။ တကယ္လို႔ ဆမ္ေဆာင္း ေမွ်ာ္မွန္းေနတဲ့ နည္းပညာသာ ေအာင္ျမင္ခဲ့ရင္ေတာ့ ေဘးေဘာင္လုံးဝမပါတဲ့ စမတ္ဖုန္းေတြရဲ႕ လွပတဲ့ အနာဂါတ္ဟာ ပိုျပည့္စုံသြားေတာ့မွာ ျဖစ္ပါတယ္။

Ref – GSM Arena

Unicode

ဒီဘက်နှစ်ထဲမှာ အသုံးအများဆုံး ဒီဇိုင်းတစ်ခုက Waterdrop Notch ဖြစ်လာပြီး ကင်မရာထည့်ဖို့ နေရာဖယ်ထားရတဲ့ ရုပ်ဆိုးဆိုး Screen ရှေ့ဘက်ပုံဟောင်းကို အကြီးအကျယ်ပြောင်းလဲပေးနိုင်ခဲ့တယ်။ ဒါပေမယ့် ဆမ်ဆောင်းကတော့ အနာဂါတ်ကို ထပ်မံမျှော်ကြည့်နေခဲ့ပြီး Display ထဲမှာ အပေါက်လေးသာ ပါဝင်မယ့် ကင်မရာနဲ့ ဆင်ဆာတွေကို ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေပါပြီ။

အောက်တိုဘာ ၁၈ ရက်နေ့က ဆမ်ဆောင်းရဲ့ OLED ဖိုရမ်ဆွေးနွေးပွဲကို တရုတ်နိုင်ငံ ရှန်းကျန့်မြို့မှ Marriott ဟိုတယ်မှာ ပြုလုပ်ခဲ့ပြီး ပရိသတ်အယောက် ၂၀ လည်း တက်ရောက်ခွင့် ရရှိခဲ့ပါတယ်။ အဲဒီပွဲမှာ ဆမ်ဆောင်းက သူတို့မျက်စိကျနေတဲ့ နည်းပညာသစ်အတွက် Presentation ကို ပြသခဲ့တာပါ။

လက်ရှိမှာတော့ Notch တွေကနေ ရှောင်ရှားနေတဲ့ တစ်ခုတည်းသော ကုမ္ပဏီဖြစ်တဲ့ ကိုရီးယား နည်းပညာ ကုမ္ပဏီကြီးဟာ ၂၀၁၉ မှာ In-Display Camera နဲ့ Sensor စနစ်တွေဘက်က လောင်းကြေးထပ်မယ့် ပုံပါပဲ။ UPS (Under-Screen-Sensor) နည်းပညာအပြင် OLED နဲ့ပတ်သက်တဲ့ အခြားနည်းပညာသစ်တွေဖြစ်တဲ့ Touch-Sensitive နည်းပညာသစ်၊ Screen Sound နည်းပညာစတာတွေကိုလည်း မိတ်ဆက်ခဲ့ပေမယ့် အားလုံးထဲမှာ စိတ်ဝင်စားမှုအခံရဆုံးက Under-Display ကင်မရာစနစ်ဆိုတာ ပြောစရာတောင် မလိုပါဘူး။

လက်ရှိမှာ အနည်းငယ်မျှသော စမ်းသပ်မှုတွေကို လုပ်ကိုင်နေပြီ ဖြစ်ပေမယ့် လာမယ့်လအနည်းငယ် အတွင်းမှာ ထွက်လာမယ့် Galaxy S10 မှာ ပါဝင်နိုင်လောက်အောင်တော့ မမီလောက်တော့ပါဘူး။ တကယ်လို့ ဆမ်ဆောင်း မျှော်မှန်းနေတဲ့ နည်းပညာသာ အောင်မြင်ခဲ့ရင်တော့ ဘေးဘောင်လုံးဝမပါတဲ့ စမတ်ဖုန်းတွေရဲ့ လှပတဲ့ အနာဂါတ်ဟာ ပိုပြည့်စုံသွားတော့မှာ ဖြစ်ပါတယ်။

Ref – GSM Arena