[Zawgyi]

MWC 2019 က ဒီေဖေဖာ္ဝါရီလ ၂၅ ရက္ေန႔မွာ စတင္မွာျဖစ္ပါတယ္။ ဘာစီလိုနာမွာ က်င္းပျပလုပ္မယ့္ ဒီပြဲမွာ Samsung ဟာ သူတို႔ရဲ႕ ပထမဆုံး Foldable Phone ကို ထုတ္ေဖာ္ မိတ္ဆက္သြားဖို႔ ျပင္ဆင္ေနပါတယ္။ ဒီအတြက္ Teaser video လည္း ႐ိုက္ကူးၿပီးသားျဖစ္ပါတယ္။

Samsung အေနနဲ႔ သူတို႔ရဲ႕ Foldable phone teaser video ကို MWC ပြဲမက်င္းပမီ ေဖေဖာ္ဝါရီ ၂၀ ရက္ေန႔မွာမွ ထုတ္ျပဖို႔ စီစဥ္ထားေၾကာင္း သိရပါတယ္။ Samsung ဟာ သူတို႔ရဲ႕ Foldable phone နဲ႔အတူ စမတ္ဖုန္းေဈးကြက္မွာ ၾသဇာႀကီးႀကီးမားမား သက္ေရာက္ေနဖို႔ အားထုတ္ထားတယ္လို႔ သိရပါတယ္။

လူေတြစိတ္ဝင္စားေနတဲ့ သူတို႔ရဲ႕ Foldable phone နဲ႔ပတ္သက္လို႔ ၿပီးခဲ့တဲ့ ဇန္နဝါရီလတုန္းကလည္း CES 2019 မွာ အကန႔္အသတ္နဲ႔ ျပသခဲ့ပါတယ္။ အေတာ္ေလးကို လွ်ိဳ႕လွ်ိဳ႕ဝွက္ဝွက္ႏိုင္တဲ့ ပုံစံမ်ိဳးပါ။ ဒါေပမယ့္ ေဖေဖာ္ဝါရီလမွာေတာ့ အေၾကာင္းမတိုက္ဆိုင္စြာနဲ႔ပဲ ေစာေစာစီးစီး ေပါက္ၾကားမႈ ျဖစ္ေပၚခဲ့ရပါတယ္။ Samsung Vietnam က မွားယြင္းတင္လိုက္မိတာ ျဖစ္ၿပီး မူရင္း Video ကို ျပန္ဖ်က္လိုက္ေပမယ့္ သတင္းမီဒီယာေတြကေတာ့ ေျချမန္လက္ျမန္နဲ႔ သိမ္းဆည္းၿပီးသား ျဖစ္ေနပါၿပီ။

၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာမွာတုန္းကျပဳလုပ္ခဲ့တဲ့ Developer conference မွာ $1,700 ေလာက္ က်သင့္တဲ့ သူတို႔ရဲ႕ Foldable Phone ကို မိတ္ဆက္သြားခဲ့တုန္းက သိခဲ့ရတဲ့ အခ်က္အလက္ေတြက Samsung Foldable phone ဟာ ျဖန႔္ထားတဲ့အခါ 7.3-inch က်ယ္ၿပီး 1536 x 2152 resolution ရွိတဲ့ မ်က္ႏွာျပင္ကို သုံးလို႔ရမွာပါ။ အတြင္းဘက္ကို ေခါက္လိုက္ရင္ေတာ့ 4.58-inch နဲ႔ 840 x 1960 resolution ရွိတဲ့ အျပင္ဘက္မ်က္ႏွာျပင္နဲ႔ အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။

လက္ရွိေပါက္ၾကားလာတဲ့ Teaser video မွာေတာ့ Foldable phone နဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြကို ေတြ႕ျမင္ရမွာမဟုတ္ေပမယ့္ MWC 2019 မွာ ျပသဖြယ္ရွိတဲ့ အျခားထုတ္ကုန္ေတြအေၾကာင္းကိုေတာ့ အနည္းငယ္ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ MWC 2019 မွာ သာမန္ထက္ ႏွစ္ဆေလာက္ ႀကီးမားတဲ့ မ်က္ႏွာျပင္၊ bezel-less tablet စတာေတြကိုလည္း ေတြ႕ျမင္ရဖြယ္ရွိပါတယ္။

Ref: The Verge

[Unicode]

ရက်၂၀လောက်စောပြီး ပေါက်ကြားလာတဲ့ Samsung Foldable Phone Teaser

MWC 2019 က ဒီဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။ ဘာစီလိုနာမှာ ကျင်းပပြလုပ်မယ့် ဒီပွဲမှာ Samsung ဟာ သူတို့ရဲ့ ပထမဆုံး Foldable Phone ကို ထုတ်ဖော် မိတ်ဆက်သွားဖို့ ပြင်ဆင်နေပါတယ်။ ဒီအတွက် Teaser video လည်း ရိုက်ကူးပြီးသားဖြစ်ပါတယ်။

Samsung အနေနဲ့ သူတို့ရဲ့ Foldable phone teaser video ကို MWC ပွဲမကျင်းပမီ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာမှ ထုတ်ပြဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ Samsung ဟာ သူတို့ရဲ့ Foldable phone နဲ့အတူ စမတ်ဖုန်းဈေးကွက်မှာ သြဇာကြီးကြီးမားမား သက်ရောက်နေဖို့ အားထုတ်ထားတယ်လို့ သိရပါတယ်။

လူတွေစိတ်ဝင်စားနေတဲ့ သူတို့ရဲ့ Foldable phone နဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း CES 2019 မှာ အကန့်အသတ်နဲ့ ပြသခဲ့ပါတယ်။ အတော်လေးကို လျှို့လျှို့ဝှက်ဝှက်နိုင်တဲ့ ပုံစံမျိုးပါ။ ဒါပေမယ့် ဖေဖော်ဝါရီလမှာတော့ အကြောင်းမတိုက်ဆိုင်စွာနဲ့ပဲ စောစောစီးစီး ပေါက်ကြားမှု ဖြစ်ပေါ်ခဲ့ရပါတယ်။ Samsung Vietnam က မှားယွင်းတင်လိုက်မိတာ ဖြစ်ပြီး မူရင်း Video ကို ပြန်ဖျက်လိုက်ပေမယ့် သတင်းမီဒီယာတွေကတော့ ခြေမြန်လက်မြန်နဲ့ သိမ်းဆည်းပြီးသား ဖြစ်နေပါပြီ။

၂၀၁၈ ခုနှစ် နိုဝင်ဘာမှာတုန်းကပြုလုပ်ခဲ့တဲ့ Developer conference မှာ $1,700 လောက် ကျသင့်တဲ့ သူတို့ရဲ့ Foldable Phone ကို မိတ်ဆက်သွားခဲ့တုန်းက သိခဲ့ရတဲ့ အချက်အလက်တွေက Samsung Foldable phone ဟာ ဖြန့်ထားတဲ့အခါ 7.3-inch ကျယ်ပြီး 1536 x 2152 resolution ရှိတဲ့ မျက်နှာပြင်ကို သုံးလို့ရမှာပါ။ အတွင်းဘက်ကို ခေါက်လိုက်ရင်တော့ 4.58-inch နဲ့ 840 x 1960 resolution ရှိတဲ့ အပြင်ဘက်မျက်နှာပြင်နဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိပေါက်ကြားလာတဲ့ Teaser video မှာတော့ Foldable phone နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို တွေ့မြင်ရမှာမဟုတ်ပေမယ့် MWC 2019 မှာ ပြသဖွယ်ရှိတဲ့ အခြားထုတ်ကုန်တွေအကြောင်းကိုတော့ အနည်းငယ်တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် MWC 2019 မှာ သာမန်ထက် နှစ်ဆလောက် ကြီးမားတဲ့ မျက်နှာပြင်၊ bezel-less tablet စတာတွေကိုလည်း တွေ့မြင်ရဖွယ်ရှိပါတယ်။

Ref: The Verge