[Zawgyi]

စမတ္ဖုန္းေတြမထြက္လာခင္ ထုတ္ကုန္သစ္ရဲ႕ အေၾကာင္းအရာေတြကို ေပါက္ၾကားမႈေတြ၊ ေကာလာဟလေတြကေနတစ္ဆင့္ သိရ၊ၾကားရၿပီး ရင္ခုန္ရတာကလည္း အရသာ တစ္မ်ိဳးလို႔ ဆိုရမွာပါ။ Samsung Galaxy S10 Series နဲ႔ ပတ္သက္ၿပီးေတာ့ ထြက္ေပၚလာတဲ့ သတင္းေတြကလည္း တျဖည္းျဖည္းနဲ႔ ပိုလို႔ ရင္ခုန္စရာ ေကာင္းေနပါတယ္။

နာမည္ႀကီး Leakster ျဖစ္သူ Evan Blass က လာမယ့္ Samsung ရဲ႕ ထုတ္ကုန္သစ္ေတြျဖစ္တဲ့ Galaxy S10 Series ေတြရဲ႕ မ်က္ႏွာျပင္ အ႐ြယ္အစားေတြကို ေဖာ္ျပခဲ့ပါတယ္။ Blass ကေတာ့ Case ထုတ္လုပ္ျခင္းကေနတစ္ဆင့္ သိရတယ္လို႔ ဆိုထားပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ သူ႔ရဲ႕ သတင္းဖြင့္ခ်မႈေတြက ဂ႐ုတစိုက္နဲ႔ ေစာင့္ၾကည့္ရေလာက္ေအာင္ မွန္ကန္ေလ့ရွိတာေၾကာင့္ ဒီတစ္ခါမွာလည္း မွန္ကန္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Renders ေတြကိုၾကည့္ၿပီးေျပာရမယ္ဆိုရင္ေတာ့ အ႐ြယ္အစားအေသးဆုံးနဲ႔ တန္ဖိုးအနည္းဆုံးS10 Lite ဟာ 5.8-inch မ်က္ႏွာျပင္ ရွိမယ္လို႔ သိရပါတယ္။ ကင္မရာကေတာ့ အေပၚဘက္ရဲ႕ အလယ္တည့္တည့္မွာ Hole in the screen ပုံစံမ်ိဳးနဲ႔ ပါဝင္လာတာကို ေတြ႕ရပါတယ္။ S10 ကေတာ့ 6.1-inch မ်က္ႏွာျပင္ပုံစံ ျဖစ္တာကို ေတြ႕ရပါတယ္။ ကင္မရာကလည္း S10 Lite နဲ႔ ပုံစံတူ ျဖစ္ေနတာကို ေတြ႕ရမွာပါ။

Galaxy S10 Series ထဲမွာ မ်က္ႏွာျပင္အ႐ြယ္အစား အႀကီးဆုံးကေတာ့ S10+ ပဲျဖစ္ပါတယ္။ မ်က္ႏွာျပင္အ႐ြယ္အစားက 6.4-inch ျဖစ္ပါတယ္။ ကင္မရာအမ်ိဳးအစားကလည္း အလယ္တည့္တည့္မွာ ထားတဲ့ Hole in the screen အမ်ိဳးအစားပါ။ ဒါေပမယ့္ ကင္မရာႏွစ္လုံးပုံစံေတြ႕ရပါတယ္။ Dual Hole in the screen ကင္မရာလို႔ ဆိုရမွာပါ။

ဒီ Randers ေတြက ေကာလာဟလေတြအေပၚ အေျခခံၿပီး ျဖစ္လာတယ္လို႔လည္း ဆိုႏိုင္ပါတယ္။ ဒါေပမယ့္လည္း ဒီသတင္းကို ေဖာ္ျပလာသူကလည္း ယုံၾကည္ရေလာက္တဲ့ Leakster တစ္ေယာက္ ျဖစ္ေနတဲ့အျပင္ အျခား Leakster ျဖစ္တဲ့ Ice Universe ကလည္း မ်က္ႏွာျပင္အ႐ြယ္အစားနဲ႔ပတ္သက္ၿပီး အတည္ျပဳခဲ့တာေၾကာင့္ ေကာလာဟလ ဆိုတာထက္ ပိုတဲ့ သတင္းတစ္ခုအျဖစ္ သတ္မွတ္ရမယ္လို႔ပဲ ဆိုခ်င္ပါတယ္။

 

Ref: GSMarena

 

[Unicode]

စမတ်ဖုန်းတွေမထွက်လာခင် ထုတ်ကုန်သစ်ရဲ့ အကြောင်းအရာတွေကို ပေါက်ကြားမှုတွေ၊ ကောလာဟလတွေကနေတစ်ဆင့် သိရ၊ကြားရပြီး ရင်ခုန်ရတာကလည်း အရသာ တစ်မျိုးလို့ ဆိုရမှာပါ။ Samsung Galaxy S10 Series နဲ့ ပတ်သက်ပြီးတော့ ထွက်ပေါ်လာတဲ့ သတင်းတွေကလည်း တဖြည်းဖြည်းနဲ့ ပိုလို့ ရင်ခုန်စရာ ကောင်းနေပါတယ်။

နာမည်ကြီး Leakster ဖြစ်သူ Evan Blass က လာမယ့် Samsung ရဲ့ ထုတ်ကုန်သစ်တွေဖြစ်တဲ့ Galaxy S10 Series တွေရဲ့ မျက်နှာပြင် အရွယ်အစားတွေကို ဖော်ပြခဲ့ပါတယ်။ Blass ကတော့ Case ထုတ်လုပ်ခြင်းကနေတစ်ဆင့် သိရတယ်လို့ ဆိုထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့ သတင်းဖွင့်ချမှုတွေက ဂရုတစိုက်နဲ့ စောင့်ကြည့်ရလောက်အောင် မှန်ကန်လေ့ရှိတာကြောင့် ဒီတစ်ခါမှာလည်း မှန်ကန်မယ်လို့ မျှော်လင့်ရပါတယ်။

Renders တွေကိုကြည့်ပြီးပြောရမယ်ဆိုရင်တော့ အရွယ်အစားအသေးဆုံးနဲ့ တန်ဖိုးအနည်းဆုံးS10 Lite ဟာ 5.8-inch မျက်နှာပြင် ရှိမယ်လို့ သိရပါတယ်။ ကင်မရာကတော့ အပေါ်ဘက်ရဲ့ အလယ်တည့်တည့်မှာ Hole in the screen ပုံစံမျိုးနဲ့ ပါဝင်လာတာကို တွေ့ရပါတယ်။ S10 ကတော့ 6.1-inch မျက်နှာပြင်ပုံစံ ဖြစ်တာကို တွေ့ရပါတယ်။ ကင်မရာကလည်း S10 Lite နဲ့ ပုံစံတူ ဖြစ်နေတာကို တွေ့ရမှာပါ။

Galaxy S10 Series ထဲမှာ မျက်နှာပြင်အရွယ်အစား အကြီးဆုံးကတော့ S10+ ပဲဖြစ်ပါတယ်။ မျက်နှာပြင်အရွယ်အစားက 6.4-inch ဖြစ်ပါတယ်။ ကင်မရာအမျိုးအစားကလည်း အလယ်တည့်တည့်မှာ ထားတဲ့ Hole in the screen အမျိုးအစားပါ။ ဒါပေမယ့် ကင်မရာနှစ်လုံးပုံစံတွေ့ရပါတယ်။ Dual Hole in the screen ကင်မရာလို့ ဆိုရမှာပါ။

ဒီ Randers တွေက ကောလာဟလတွေအပေါ် အခြေခံပြီး ဖြစ်လာတယ်လို့လည်း ဆိုနိုင်ပါတယ်။ ဒါပေမယ့်လည်း ဒီသတင်းကို ဖော်ပြလာသူကလည်း ယုံကြည်ရလောက်တဲ့ Leakster တစ်ယောက် ဖြစ်နေတဲ့အပြင် အခြား Leakster ဖြစ်တဲ့ Ice Universe ကလည်း မျက်နှာပြင်အရွယ်အစားနဲ့ပတ်သက်ပြီး အတည်ပြုခဲ့တာကြောင့် ကောလာဟလ ဆိုတာထက် ပိုတဲ့ သတင်းတစ်ခုအဖြစ် သတ်မှတ်ရမယ်လို့ပဲ ဆိုချင်ပါတယ်။

 

Ref: GSMarena