ပြီးခဲ့တဲ့ နှစ်က Samsung Galaxy Note 7 ဘက်ထရီမကောင်းဘဲ ပေါက်ကွဲမှုတွေ ဖြစ်ပြီးတဲ့နောက်မှာ Samsung က ဖုန်း မိတ်ဆက်မှုတွေနည်းပါးသွားပေမယ့် စမတ်ဖုန်းလောကကို Samsung Galaxy S8 နဲ့ အတူ ပြန်ဝင်လာပြန်ပါပြီ။

ဧပြီလ အစောပိုင်းကမှ စတင်ပြီး Galaxy S8 နဲ့ S8 Plus တို့ကို လက်ခံခဲ့ပေမယ့် တောင်ကိုရီးယားနိုင်ငံတစ်ခုတည်းမှာတင် စံချိန်တင် မှာယူမှုပေါင်း ၅သိန်းခွဲကျော်အထိ ရှိနေပြီဖြစ်ပါတယ်။

ထွက်ရှိမယ့် နေ့နဲ့ ဈေးနှုန်း

Samsung Galaxy S8 ကို အမေရိကန်ပြည်ထောင်စုမှာ ဧပြီလ ၂၁ရက်နေ့မှာ စတင်ရောင်းချမှာဖြစ်ပြီး ဗြိတိန်နိုင်ငံမှာတော့ ဧပြီလ ၂၈ ရက်နေ့မှာ ရောင်းချမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ Pre-Order ကို ဧပြီလ ၃ ရက်နေ့ကနေ ၃၀ ရက်နေ့အတွင်း လက်ခံနေပြီး မတ်လ ၆ ရက်နေ့မှာ ဖုန်းလက်ခံရရှိမှာဖြစ်ပါတယ်။ Samsung Galaxy S8 ကို မြန်မာ ကျပ်ငွေ ၁၀,၆၀,၀၀၀ ကျပ်နဲ့ Galaxy S8+ ကို ၁၁,၉၀,၀၀၀ ကျပ် နဲ့ Pre-Order တွေ လက်ခံနေပါပြီ။

ဒီဇိုင်း

Samsung Galaxy S8 ရဲ့ ဒီဇိုင်းက တခြား ထွက်ခဲ့တဲ့ Samsung ဖုန်းတွေနဲ့ မတူဘဲ သိသိသာသာ ပြောင်းလဲသွားပြီး ဒီဇိုင်းကဘဲ လူတွေကို ပိုပြီးစိတ်ဝင်စားစေခဲ့ပါတယ်။

Infinity Display ဖြစ်တာကြောင့် ဖုန်းရဲ့ ဘောင်တွေ အရမ်းကျဉ်းသွားပြီး တမူထူးခြားစေပါတယ်။ မျက်နှာပြင်က 5.8 လက်မ ရှိပြီး Dimension က 148.90 x 68 x 8mm ရှိပါတယ်။ Fingerprint Scanner က ဖုန်းရဲ့ အနောက်ဘက်၊ အနောက် ကင်မရာ ဘေးမှာ ပါဝင်ပါတယ်။

စခရင် (Screen) ဆိုဒ်ကို ပိုကြီးစေဖို့အတွက် Home Button ကို ခလုတ်တစ်ခုအနေနဲ့ သတ်သတ်မှတ်မှတ် မပေးထားတော့ဘဲ Touch နှိပ်လို့ရတဲ့ နေရာတစ်ခုသာ ထားပေးထားပါတယ်။

ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စုမှာတော့ အမည်းရောင် (Midnight)၊ သစ်ခွ ငွေမင်ရောင် (Orchid Gray) နဲ့ ငွေရောင် (Arctic Silver) တို့ကို ဖြန့်ချီမှာဖြစ်ပြီး တခြားနိုင်ငံတွေမှာတော့ ရွှေရောင် (Maple Gold) နဲ့ အပြာနုရောင် (Coral Blue) တို့ကို ဖြန့်ချီမှာပါ။

Facial Recognition Feature

မျက်နှာကို Selfie ရိုက်သလိုမျိုး ဖုန်းနဲ့ ချိန်ပြီး Facial Recognition စနစ်ဖြင့် ဖုန်းကို အလွယ်တကူ Unlock လုပ်နိုင်ပါတယ်။ ဒီစနစ်က လက်ပွေရာ နဲ့ ဖုန်းဖွင့်တာမျိုး၊ မျက်လုံး သူငယ်အိမ်ကို စစ်ဆေးပြီး ဖုန်းဖွင့်တာမျိုးထက် ပိုပြီး မြန်ဆန်ပါတယ်။ ဒါပေမယ့် Facial Recognition Feature က မျက်နှာတည့်တည့် ရိုက်ထားတဲ့ ဓာတ်ပုံကို ပြပြီးလို့တောင် ဖွင့်နိုင်တယ်လို့ လည်း ဝေဖန်ခံရမှုတွေလည်း ရှိပါတယ်။

ဘက်ထရီ

Samsung Galaxy S8 ကို Wireless Charging Pad ဖြင့် အားသွင်းပါက နဂိုမူလအတိုင်း အားသွင်းတာထက် ပိုပြီး မြန်မြန်ဆန်ဆန် အားပြည့်ပါတယ်။ 3000 mAh ဘက်ထရီကို အသုံးပြုထားပါတယ်။

Samsung Bixby

Samsung Bixby က တကယ့်အပြင်မှာ ကိုယ်သိချင်တဲ့ အရာဝတ္ထုကို ဓာတ်ပုံ ရိုက်ပြီး Bixby စနစ်သုံးရင် သူနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အလွယ်တကူယူဆောင်ပေးပါတယ်။ အဲ့ဒီအပြင် အဲ့ဒီ ပစ္စည်း ၀ယ်ယူလို့ရတဲ့ Link တွေနဲ့ သွားရောက်ကြည့်ရှုနိုင်တဲ့ လိပ်စာတွေပါ ကူညီရှာဖွေပေးပါတယ်။

Bixby ကိုတော့ တောင်ကိုရီးယားနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်နိုင်ငံတို့မှာ အရင်ဦးဆုံး အသုံးပြုနိုင်မှာပါ။

Specification

Samsung Galaxy S8 မှာ Ram 4 GB ပါဝင်ပြီး Chipset အနေနဲ့ Qualcomm Snapdragon 835 သို့ Samsung ရဲ့ ကိုယ်ပိုင် Exynos 8895 ကို အသုံးပြုမယ်လို့ ကြားထားပါတယ်။ မနှစ်ကထုတ်လုပ်ခဲ့တဲ့ Galaxy Note 7 ထက်စာရင် CPU (Central Processing Unit) ရဲ့ လုပ်ဆောင်ချက်က ၁၀ ရာခိုင်နှုန်းလောက် တိုးတက်လာတယ်လို့ ဆိုနိုင်ပါတယ်။

ကင်မရာ

အနောက်ကင်မရာက 12 Megapixel ပါဝင်ပြီး အလင်းဝင်ပေါက် (Aperture) က F 1.7 ရှိပါတယ်။ Auto Focus အရင်က ဖုန်းတွေထက်စာရင် တော်တော်မြန်လာပါတယ်။ အရှေ့ကင်မရာမှာတော့ 8 Megapixel ရှိပါတယ်။

Virtual Reality Software

Samsung Galaxy S8 မှာ သူ့ကိုယ်ပိုင် Virtual Reality (VR) Software ပါရှိပြီး Facebook Oculus ကလည်း ကူညီပေးထားပါတယ်။

Galaxy S8 ကို ဧပြီလ ၂၁ ရက်နေ့မတိုင်ခင် မှာယူပါက VR Headset စက် ပါ အခမဲ့ရရှိမယ်လို့တော့ တခြားနိုင်ငံတွေမှာ ကြေညာထားပါတယ်။

Galaxy S8 ကို ကွန်ပျုတာနဲ့ ချိတ်ဆက်နိုင်

Galaxy S8 ကို ကွန်ပျုတာနဲ့ ချိတ်ဆက်ပြီး စမတ်ဖုန်းစခရင် ကို ကွန်ပျုတာ Desktop Version ဖြစ်သွားပြီး Mouse, Keyboard နဲ့ Monitor လို မျိုး အသုံးပြုလို့ရပါတယ်။ S8 ထွက်ရှိပြီး ဧပြီလကုန်လောက်မှ ဒီ စနစ်ကို စမ်းသပ်ကြည့်ရဦးမှာဖြစ်တာကြောင့် အခုလောလောဆယ်တော့ ဒီ Feature ကတော့ စမ်းသပ်ခွင့်မရသေးပါဘူး။